Friday, March 1, 2013

Input , Output , Stroage Device များကို လေ့လာခြင်း













Input Device

1: Keyboard









Keyboard တွေကို လူတိုင်းလိုလို တွေ့ဖူးမှာပါ ။

Keyboard များကို PS2 Port ( ကြိုးအလုံး ) ၊ USB Port ၊ Wireless အစသဖြင့်ထုတ်လုပ်ပါတယ် ။

Keyboard များစွာ ရှိသည့်အတွက် တခုနှင့် တခုမတူပါ ။

ကျွန်တော် ဥပမာပေးရရင် Noteboot Keyboard , PC Keyboard , Special Keyboard တို့ပေါ့ဗျာ ။

Notebook Keyboard အတော်များများက Key အပြည့်မပါတက်ပါဘူး ။ နောက် PC Keyboard တွေကတော့ လူအတော်များများ အသုံးပြုသလို မြင်လည်းမြင်ဖူးမှာပါ ။ Special Keyboard ဆိုတာတော့ စျေးကြီးပြီး လုပ်ဆောင်ချက်များသော Keyboard များကို ဆိုလိုပါတယ် ။

ကျွန်တော် PC Keyboard ကိုပဲ ရှင်းပြပါ့မယ် ။

Keyboard မှာ အဓိကပါသော Keys များမှာ အောက်ပါအတိုင်းဖြစ်ပါတယ် ။

Function Keys :  F1, F2 , F3 စသော Keys များကို ဆိုလိုတာပါ ။ သက်ဆိုင်ရာ Keys များအလိုက် လုပ်ဆောင်ချက်များ မတူပါဘူး။

Letter Key :  အင်္ဂလိပ် အက္ခရာ စာများပဲ ဖြစ်ပါတယ် ။ A-Z ပေါ့ဗျာ ။

Number Key :  ကိန်းများ 0-9 ကို ဆိုလိုခြင်းဖြစ်ပါတယ် ။

ESC : Escape Key သူ့ကိုတော Program များမှ ပြန်ထွက် ချင်သော အခါ အသုံးပြုပါတယ် ။

Tab :  Tab Key ကို စာရိုက်သော Text , Word Editor ဆော့ဝဲလ်များမှာ စာပုဒ်လေးတွေ ဖြစ်အောင် ဖန်တီးသော နေရာမှာ အသုံးပြုတာ များပါတယ် ။

Special Letter Key : သူကိုတော့ number keys တွေနဲ့အတူတွဲပြီးတွေ့နိုင်ပါတယ် ။ `~@#$%^&* စသော Keys များကို ဆိုလိုပါတယ် ။

နောက်တွေ့ရမှာကတော့ Shift Key , Control Key ( Ctrl ) , Space Bar , Alter (Alt ) , Win Logo Key , Backspace  , Del ( Delete )  အစသဖြင့် များစွာ ရှိသလို လုပ်ဆောင်ချက်များလည်း မတူပါ ။

Caps Lock : Captal Letter Key ကတော့ စာရိုက်သော အခါ စာလုံး အကြီးအသေးပြောင်းပေးသော Key ပါ ။ Caps Lock ကို ဖွင့်ထားပါက စာလုံးအကြီးများကိုပဲ ရရှိမှာ ဖြစ်ပြီး ပိတ်ထားပါက စာလုံး အသေးများကို ရရှိနိုင်ပါတယ် ။Letter A-Z

Num Lock : ပုံမှန်အားဖြင့် Number Lock ကို ဖွင့်ထားမှာ ဘယ်ဘက်တွင်ပါသော 0-9 များကို ရိုက်နိုင်မှာ ဖြစ်ပြီး မဖွင့်ထားပါက 0-9 များကိုိ ရိုက်နိုင်မှာ မဟုတ်ပါဘူး ။

Shift Key : Shift Key ဖြင့် တွဲပြီး Letter များကို ရိုက်ပါက Small Letter များဖြစ်ပါက စာလုံးအကြီးများဖြစ်သွားပြီး ကျန်သော Keys များကို Shift ဖြင့်တွဲနှိပ်ပါက Keyboard တွင်ပြထားသော စကားလုံး အပေါ်ဘက်ခြမ်းမှာ သာ ပေါ်လာမှာပါ ။ဥပမာ Shift+1 ကိုနှိပ်ပါက ! ပေါ်လာမှာကို ဆိုလိုပါတယ် ။ မူရင် 1 ကို နှိပ်ပါက 1 ဆိုသော စကားလုံးပဲပေါ်မှာပါ ။

Number Keys များကို မူရင် Keyboard ဘက်အခြမ်းနှင့် ညာဘက် အခြမ်း Num Lock ဖွင့်မှ ရိုက်ရသော Keys ဆိုပြီး ကွဲပြားပါတယ် ။


2: Mouse






Mouse ကိုလည်း အတော်များများ သိကြပါတယ် ။

Mouse ကို Left Click , Right Click , Scroll အစရှိသလို သုံးမျိုးခွဲနိုင်ပါတယ် ။

Left Click : Left Click ကိုတော့ File , Folder , Application များကို Select မှတ်သော one click , Program ဖွင့်သော Double Click, Text Editor များမှာ Text များကို Click One Click , နောက် Drang Left Click ကို ဖိဆွဲသော နေရာများမှာ အသုံးပြုပါတယ်။

နောက် Touch Sensor , Voice Command , Face Command များရှိသော်လည်း လူအသုံးများသော Mouse , Keyboard ကို ပဲ ရှင်းပြလိုက်ရပါတယ် ။



Output Device

Output Device ကိုတော့ ကျွန်တော်တို့ အတွေ့များတာ Monitor , Printer , Speaker တို့ပဲဖြစ်ပါတယ် ။

1: Monitor







Monitor ဆိုတာတော့ ကျွန်တော်တို့ အသုံးပြုနေသော Program များ၏ လုပ်ဆောင်ချက်များကို မြင်တွေ့ရအောင် ပြသပေးသော စက်ကိရိယာပါ ။

Monitor များကို CRT , LCT , LED အစသဖြင့် တွေ့မြင်နိုင်ပါတယ် ။

CRT ဆိုတာတော့ အရင်တုန်းက ပေါ်သော Monitor အကြီးစားများဖြစ်ပါတယ် ။

LCD ဆိုတာတော့ ပြားပြားသေးသေးလေး နောက် မျက်လုံးတွေ သိပ်မထိသော Monitor အမျိုးအစားပါ ။

LED ဆိုတာတော့ LCD နဲ့ ပုံစံတူပါတယ် သို့သော် ပိုကောင်းပြီး မီးအားသက်သာတယ် မျက်စိအေးသော Screen များပါ ။

2: Printer






Printer ဆိုသော စက်မှာ စာရွက်များကို ထုတ်ပေးနိုင်သော စက်တခုပါ ။

ကျွန်တော်တို့ ကွန်ပျူတာ မှာ ရှိသော စာရွက်များကို တကယ့်အပြင်ဘက်မှာ ဖတ်ချင်ပါက Printer ကို အသုံးပြုပြီး စာရွက်များထုတ်နိုင်ပါတယ် ။


Stroage Device

1 : Hard Disk Drive




Hard Disk Drive ကိုတော့ ကွန်ပျူတာ အသုံးပြုသူများဖြင့် အတော်ကို ရင်းနှီးပါတယ် ။

ကွန်ပျူတာတွင် ရှိသော Local Disk C: , D:  စတာများက hard disk သာဖြစ်ပါတယ် ။

System Device များထဲက တခုသော OS တင်သုံး ရတွင် အသုံးပြုသော Device တခုဖြစ်ပါတယ် ။

Hard Disk Drive ကတော့ File , Folder များကို Read , Write လုပ်နိုင်သော Stroage ပါ ။

ဖိုင်များကို ဖျက်နိုင်သလို ပြန်လည်ထဲ့သွင်းနိုင်သော Device ပါ ။


2: Flash Disk Drive









Flash Disk Drive ကိုတော့ ကျွန်တော်တို့ အသုံးများ Memory Stick , Memory Card များကို ပြောခြင်းသာ ဖြစ်ပါတယ် ။

သူကတော့ System OS တခုတင်သုံးဖို့အတွက် အဆင်မပြေသော်လည်း အလွယ်တကူ Data များကို ကူးယူရွေ့ပြောင်းသော နေရတွင် အဆင်ပြေပြီး အသုံးပြုရလွယ်သလို စျေးလည်း သိပ်မကြီးသည့်အတွက် Data များ ကူးယူ ပြောင်းရွေ့ဖို့အတွက် လူသုံးများသော Drive ပါ ။

3: CD/DVD Disc

 









CD/DVD Disc များသည်လည်း လူအသုံးများသော Stroage တခုပါပဲ ။ သူ့ကို R/W , R ဆိုပြီး ခွဲနိုင်ပါတယ် ။

R/W ဆိုတာတော့ CD/DVD Disc ကို Data များ ဖျက်နိုင် ကူးနိုင်ပြီး Flash Disk , Hard Disk များကဲ့သို့ လုပ်နိုင်တာကို ဆိုလိုပါတယ် ။

R ဆိုတာတော့ Read Only ပေါ့ ။ သူ့ကိုတော့ Data များကူးယူ အသုံးပြုနိုင်ပေမဲ့ ဖျက်ခြင်း နောက်ထပ်ထည့်ခြင်း လုပ်လို့မရပါဘူး ။

CD/DVD Disc များကို CD/DVD Drive များဖြင့် ဖွင့်နိုင် ပါတယ် ။

နောက်တခု Stroage Device များကို Portable ( External Drive ) များ အဖြစ်လည်း တွေ့နိုင်ပါတယ် ။

External Hard Disk , External DVD Drive စတာတွေပဲဖြစ်ပါတယ် ။

**  ကိုကိုဇော် ( BE - EC )

0 comments:

Post a Comment