Tuesday, March 5, 2013

ကွန်ပျူတာ အမျိုးအစားများ
















ကျွန်တော်တို့ ကွန်ပျူတာတွေကို နည်းနည်းလောက် မြင်ဖူးသလောက် သိသလောက် တွေးကြည့်ရအောင်။

ကျွန်တော်တို့ မြင်ဖူးသော ကွန်ပျူတာတွေကို နှစ်မျိုးခွဲလို့ရပါတယ် ။

1 : Portable Computers ( သယ်ဆောင်ရ လွယ်ကူသော ကွန်ပျူတာများ )




Notebook computer (or laptop)

Notebook computer သို.မဟုတ် laptop computer (lap ဆိုတာ ပေါင်၊top ဆိုတာ အပေါ်မာ ၊laptop = ပေါင်ပေါ်တွင် ၊ဒါကြောင့် laptop computer ဆိုတာ ပေါင်ပေါ်မှာ ထားသော ကွန်ပြူတာ) ၊သူ့မှာ ဘက်ထရီအပြင် လျှပ်စစ်မီးအားဖြင့် အားသွင်းဖို. ကြိုးလဲ ပါတတ်ပါတယ်။laptop ကွန်ပြူတာမှာ keyboard, monitor, mouse စတာတွေအားလုံးကို အကုန်ပေါင်းစပ်ထည့်သွင်းထားပါတယ်။

Netbook

Netbook ကတော့ notebook အသေးစားဖြစ်ပါတယ်။သူက notebook ထက်ပိုသေး ပိုပေါ့ပြီး ဘက်ထရီသက်တမ်းကလဲ notebook
ထက်ပိုမိုကြာရှည်ခံပါတယ်။သူ.ရဲ.အရွယ်အစားက 7 ကနေ 10 လက်မဝန်းကျင်ဖြစ်ပါတယ်။
(မှတ်ချက်- ၂၀၀၉ ခုနှစ်လောက်တုန်းက netbook ဟာ တော်တေ်ာလေးအပြောများခဲ့ပြီး 2010 အကျော်ပိုင်းမှာတော့ မတွေ.ရတော့သလောက် ဖြစ်နေပါပြီ)

Tablet PC

Tablet ဆိုတာကတော့ notebook နဲ. ဆင်တူဖြစ်ပေမယ့် သူ.မာ touch sensitive screen (အထိအတေ.ွ ကို ခံစားနားလည်နိုင်တဲ့ စကရင် ) ပါပါတယ်။Tablet မှာ data တွေ ထည့်သွင်းတာ commands တွေပေးတာတို.ကို stylus လို.ခေါ်တဲ့ ဘောပင်တမျိုး (သို.) fingers (လက်ချောင်း) တွေကို အသုံးပြုပါတယ်။


2: Stationary Computers (ပုံသေတည်နေရာမှာပဲရှိတဲ့ ရွေ.ပြောင်းရန်ခက်တဲ့ ကွန်ပြူတာ)

Desktop Computer

Desktop computer မှာက monitor သပ်သပ်၊ keyboard က သပ်သပ်၊ printer က သပ်သပ်၊ system unit က သပ်သပ် စသည်ဖြင့် ခွဲခြားတည်ရှိပါတယ်။

All in one Computer

သူ.ကျတော့ desktop computer နဲ. ဘာကွာသလဲဆိုတော့ သူ.မှာက processor, memory တို.နဲ.အတူ monitor ကြီးဟာ တနေရာတည်း (တခုတည်း)ဖြစ်တာပါပဲ။


နောက် ကျွန်တော်တို့ မမြင်ဖူးသော ကွန်ပျူတာတွေလည်း ရှိပါသေးတယ် ။

Mainframe Computer

Mainframe computer ဟာ အရွယ်အစားအားဖြင့် ကြီးလဲကြီးသလို စျေးကြီးလဲ တော်တေ်ာလေးကို ကြီးပါတယ်။ သူ.ရဲ. အဓိကစွမ်းဆောင်ချက်ကတော့ အသုံးပြုသူ (users) ရာပေါငး်များစွာကို တပြိုင်နက်တည်း အသုံးပြုနိုင်အောင် လုပ်ဆောင်ပေးနိုင်ခြင်း ပဲဖြစ်ပါတယ်။ဆိုလိုတာက သူ့မှာ ကွန်ပြူတာပေါင်းများစွာ ရှိတယ်ပေါ့။

Supercomputer

 

Supercomputer ကတော့ အထူးတီထွင်ပြုလုပ်ထားတဲ့ ကွန်ပြူတာဖြစ်ပြီး သူဟာ ရှုပ်ထွေးများပြားလှတဲ့ တွက်ချက်မှုများကို အလွန်မြန်ဆန်သောနှုန်းနဲ့ တွက်ချက်နိုင်ပါတယ်။ သူ့ကို သချာင်္ဂဏန်းဆိုင်ရာ တွက်ချက်မှုတွေမှာ အသုံးပြုပါတယ်။
ဥပမာ - ရာသီဥတု ပြောပြတဲ့ weather forecasting (မိုးလေဝသခန်.မှန်းခြင်း) တွေမှာ အသုံးပြုပါတယ်။
Mainframe နဲ. Supercomputer တို့ရဲ့ အဓိကခြားနားချက်ကတော့ supercomputer တွေဟာ တွက်ချက်မှုတွေကို အမြန်ဆုံးနှုန်းဖြင့် တွက်ချက်နိုင်ခြင်းပဲဖြစ်ပြီး၊ mainframe computer တွေကတော့ ပိုမိုနှေးကွေးသောနှုန်းဖြင့် ပိုမိုများပြားတဲ့ တွက်ချက်မှုတွေကို လုပ်ဆောင်နိုင်ခြင်း ဖြစ်ပါတယ်။

Embedded Computer

Embedded computer ကလဲ အထူးတီထွင်ပြုလုပ်ထားတဲ့ ကွန်ပြူတာဖြစ်ပြီး သူကတော့ တခြားစက်ပစ္စည်းတွေရဲ့အထဲမှာ ထည့်သွင်းထားခြင်းကို ခံရပါတယ်။
သူ.ကျတော့ အသုံးပြုသူနဲ. တိုက်ရိုက်ထိတွေ.ခြင်းမရှိတတ်ပါဘူး။
ဥပမာ = ကားထဲက မိုင်နှုန်းတွက်ချက်တာတွေကိုလုပ်ပေးတဲ့ ကွန်ပြူတာမျိုး


**  ကိုကိုဇော် ( BE-EC )

0 comments:

Post a Comment