ကိုစေတန်ကြီးရေးထားသော ပို့စ်ဖြစ်ပါတယ် ။
ကွန်ပျူတာကို လူတိုင်းလိုလို အသုံးပြမှုများကို ကိုစေတန်က အောက်ပါအတိုင်းရေးသား ဖော်ပြထားပါတယ်ခင်ဗျား။
ပုံမှန်အားဖြင့် Computer အသုံးပြုသူ ၃ မျိုး ၃ စား ခွဲနိုင်ပါတယ်။
1. End user အဆင့်
2. Advanced user အဆင့်
3. Developer or creator အဆင့်
End User အဆင့်
ပုံမှန် အသုံးပြုသူတွေပေါ့။ စာစီစာရိုက်လုပ်တယ်။ သီချင်းနားထောင်တယ်။ ရုပ်ရှင်ကြည့်တယ်။Game ဆော့ကြတယ်။ အင်တာနက်သုံး။ mail စစ်။ computer ကို သုံးတတ်ရုံပဲလေ။ သူတို့အတွက် အသုံးဝင်တဲ့အရာတွေကို ပဲအသုံးပြုကြတယ်။ သူတို့အနေနဲ့ကတော့ Computer ကဘဝမှာ ဖျော်ဖြေဖို့အတွက် လုပ်ငန်းအတွက် အပျင်းပြေဖို့အတွက် အသုံးပြုကြတယ်။ တချို့တွေဆို software တောင် မသွင်းတတ်ကြဘူး။ သူတို့အနေနဲ့ကတော့ ၁ ရက်လောက် computer မသုံးရလည်း ဘာမှဖြစ်မသွားဘူး။ ဒါပေမယ့် ၂ ရက်လောက် မသုံးရရင်တော့ မနေနိုင်တော့ဘူးလေ။ အလုပ်တွေမပြီးမှာ computer သုံးနေကျအချိန် မသုံးရရင် ပျင်းနေတတ်ရော။ online ကိုတော့ အပျင်းပြေဖို့ social အတွက် မသိတာတွေ ရှာဖို့အတွက် အသုံးပြုကြတယ်လေ။
Advanced User မရောက်ခင် အဆင့်
သူကတော့ဟိုစပ်စပ်ဒီစပ်စပ်ပဲ။ သူများတွေထက်ပိုသိချင်တယ်။ အများရှေ့မှာနည်းနည်းလေး ပညာပြတတ်ကြတယ်။ကိုယ်ဘာတွေလုပ်တတ်တယ်ဆိုပြီးတော့ပေါ့။ အဓိက computer မှာ ဘာတွေလုပ်လို့ရလဲ။ နောက်ပြီး ပျက်ရင် ဘယ်လိုပြင်ရမလဲ။ ဟိုကလိ ဒီကလိ လုပ်တတ်ကြတယ်။ အဲဒီ အဆင့် user တွေ လက်ထဲမှာ computer က အပျက်များတယ်။ သူတို့ကတော့ မသုံးရင် မနေနိုင်ဘူး။ အမြဲတန်း ကလိနေရမှ ကျေနပ်နေတာ။ online လဲ အမြဲလိုလိုသုံးတတ်ကြတယ်။ တွေ့သမျှ download ချ။ ပြီးရင် စမ်းကြည့်။ စတာတွေ လုပ်တတ်ကြတယ်။ online ကို အပျော်အနေနဲ့ကော ပညာအနေနဲ့ကော အသုံးချတယ်။
Advanced User အဆင့်
သေသေချာချာသိသွားပြီ။ လေ့လာစရာတွေတော့ ရှိနေဆဲပဲ။ ဒါကြောင့် အင်တာနက် ပုံမှန်သုံးဖြစ်တယ်။ ကိုယ်ဝါသနာပါတဲ့ အလုပ်အတွက် computer ကို အသုံးချတယ်။ computer က ဖော်ဖြေမှုဆိုတာထက် ကိုယ့်ဝါသနာဖြစ်သွားပြီ။ကိုယ့်ဝါသနာတွေကို computer နဲ့ ပေါင်းစပ်အသုံးချတယ်။ ပြသနာပေါင်းစုံလည်း တွေ့ကြုံဖြေရှင်းပြီးသွားပြီ။ အမြဲတန်းလိုလို အင်တာနက် သုံးဖြစ်တယ်။ ဟိုပြင်ဒီပြင် အမြဲလုပ်တတ်တယ်။
ကိုယ့် စက်ကို တတ်နိုင်ရင် အမြဲ Upgrade လုပ်တတ်ကြတယ်။ online ကို အကျိုးရှိစွာ အသုံးချတယ်။ ပညာတွေ မျှဝေတယ်။ မသိတာတွေ မေးမြန်းတယ်။
Developer or creator အဆင့်
သူကတော့ ဝါသနာပါရာလမ်းကို လျှောက်လှမ်းနေတဲ့သူတွေ အလုပ်အတွက် အသုံးပြုနေတဲ့လူတွေ သုံးကြတယ်။ နေ့စဉ်သုံးဖြစ်ကြတယ်။ သူတို့အနေနဲ့ online ကောတခြားနေရာတွေကနေ အမြဲ ပညာယူကြတယ်။ online ကို အကျိုးရှိစွာ အသုံးချတယ်။ သူတို့အတွက် အချိန်က သိပ်မရှိဘူးလေ။ တချို့တွေကလည်း ပညာတွေ မျှဝေကြတယ်။ မသိတာတွေ ကိုယ်တိုင်ရှာဖွေတယ်။ မတွေ့ရင်လည်း မေးဖို့ ဝန်မလေးကြဘူး။
** Htar Waie Thar
# ကျွန်တော် ကိုဝင်းဘလော့မှာ ရေးထားတာတွေ့မိလို့ ပြန်ရေးသားလိုက်ပါတယ်ခင်ဗျား။
0 comments:
Post a Comment