Saturday, February 16, 2013

Software Developer များဆီက Software ရရှိမူများနှင့် အသုံးချခြင်းများ

















Software Developer ဆိုသောသူတွေဆိုတာတော့ အားလုံးသိတဲ့ အတိုင်းပေါ့ဗျာ Software ကို ရေးသားတယ် ပိုပိုပြီးကောင်းအောင် ကြိုးစားပြီး ရေးတယ် သူတို့ရေးထားသော ဆော့ဝဲလ်တွေကို အသုံးပြုသူများ လက်ဝယ်ရောက်အောင် Online, and Software Market စတာတွေကနေ ဖြန့်ချီတာပေါ့ဗျာ ။

ကျွန်တော်တို့လို ဆော့ဝဲမရေးတက်တဲ့သော သူများကတော့ အသုံးပြု သူတွေပေါ့ဗျာ ။

Software Developer တွေက များစွာ ရှိသလို Software ကို ထုတ်လုပ်ဖို့အတွက် ပံပိုးပေးသော လူများလည်း အများကြီးရှိတဲ့အတွက် Software တွေကျွန်တော်တို့ လက်ထဲရောက်လာတဲ့ အချိန်မှာ ဆော့ဝဲလ်ကို ဖြန့်ချီပေးသော သူများအလိုက် ကျွန်တော်တို့ရနိုင်သော အခွင့်ရေး အသုံးပြုမှုများလည်း မတူပါဘူး ။

ကျွန်တော်က ဆော့ဝဲလိုပြောတဲ့ အထဲ Windows OS , အခြားသော OS ဆိုတာတွေလည်းပါဝင်ပါတယ် ။

Software Developer တွေက သူတို့ရဲ့ Software တွေကို အောက်ပါအတိုင်းထုတ်လုပ် ဖြန့်ဝေပြီး ကျွန်တော်တို့ လက်ဝယ်ကို ရောက်လာပါတယ် ။


၁) Freeware

လုံးဝ Free ပေးသော ဆော့ဝဲအမျိုးအစားပေါ့ဗျာ ။
(ကျွန်တော် သိပ်ကြိုက်ပါတယ်)

ကွန်ပျူတာ လောကမှာ Freeware ကို Developer အတော်များများ ရေးသားပြီး စွမ်းအားကောင်းကောင်းနဲ့ Licensed Version Software တွေကို ယှဉ်ပြိုင်နိုင်သော အဆင့်ထိကို ရေးသားကြပါတယ် ။

Open Source ဆိုတာတွေပေါ့ဗျာ ။

တကယ်တော့ Open Source ဆိုတာတွေက Programming ကို လေ့လာနေသော လူများအတွက်တော့ ရတနာတွေလိုပဲဗျ။

Open Source Software တွေက ဆော့ဝဲကို ဒေါင်းခွင့်ပေးရုံမက ဆော့ဝဲလ်ကို ရေးသားထားသော Programming Code တွေကိုပါ ဒေါင်းလို့ရတာဆိုတော့ ကိုယ်အသုံးပြုနေတဲ့ ဆော့ဝဲလ်ကို ဘယ်လိုမျိုးရေးထားတာလဲ အစရှိသဖြင့် လေ့လာနိုင်တာပေါ့ဗျာ ။

ကျွန်တော်တို့ ဝင်းဒိုးမှာတောင် အတော်ကို အသုံးဝင်သော Firefox Browser , VLC Media Player , Format Factory စသော ဆော့ဝဲတွေမျိုးပါ ။

Freeware တွေက ဒီဘက်ခေတ်မှာ အတော်ကို များပြားသလို တချို့ဆို Licensed Version တွေထက် အဆင့်မြင့်တာကို တွေ့နိုင်ပါတယ် ။


၂) Trailware

Trailware ဆိုတာတော့ အချိန်အကန့်အသတ်နဲ့ ပေးသုံးသော Software တွေပေါ့ဗျာ ။
( စမ်းသုံးလို့ ကောင်းပါတယ် )

Trailware ကို ကျွန်တော် သုံးမျိုးတော့ မြင်ဖူးတယ်ဗျ ။

၁၅ ရက် ၊ ရက် ၃၀ အစရှိသလို ဆော့ဝဲကို ပေးသုံးပြီး သတ်မှတ်ထားသော ရက်ကျော်သွားတာနဲ့ ဝယ်သုံးရသောဆော့ဝဲလ် အမျိုးအစား ၊

Software ကို အကြိမ် ၅၀ ၊ ၆၀ ပေးသုံးမယ် ကျော်သွားရင် ဝယ်သုံးမှ ရမယ် စသော ဆော့ဝဲအမျိုးအစား ၊

ဆော့ဝဲကိုတော့ အမြဲပေးသုံးတယ် ဒါပေမယ့် ဆော့ဝဲကို အချိန် 10 Minus , 30 Minus , One Hour စသော အချိန်အတွင်းမှာပဲ သုံးလို့ရမယ်ဆိုသော အမျိုးအစား ၊

အပေါ်ကပြောခဲ့သော Trailware သုံးမျိုးတော့ မြင်ဖူးပါတယ် ။

ဆိုးတော့မဆိုးဘူးဗျ စမ်းသပ်သုံးစွဲလို့ကောင်းတာပေါ့ဗျာ ။

၃) Shareware

Shareware ဆိုတာလည်း Trailware နဲ့ နည်းနည်းဆင်ပါတယ် ။

မတူတာက Try For Free ဆိုသော စကားလုံးပါပဲ ။

Shareware ရဲ့ဆောင်ပုဒ်ပါ ။

Shareware တွေက အချိန်အကန့်အသတ် တွေအပြင် တခါသုံးရင် ဘယ်လောက်ပဲသုံးလို့ရမယ် ဆိုတာတွေလေးပါ ပါဝင်တက်ပါတယ် ။

ဆော့ဝဲရဲ့ လုပ်ဆောင်ချက် အနည်းငယ်ကိုပါ ထိန်းချုပ်ထားတာမျိုးပါ ။

၄) Demo Version

Demo Version Software တွေက စမ်းသပ်အသုံးပြုလို့ အဆင်မပြေဆုံး ဆော့ဝဲလ်အမျိုးအစား ထဲမှာပါဝင်ပါတယ် ။

Licensed Version ဝယ်သုံးဖို့ ဖိအားပေးသော နေရာမှာ အတော်ကြီးကို ကောင်းအောင်ပြုလုပ်ထားတာပါ ။

Demo Version Software တွေက လုပ်ဆောင်ချက်တွေကို တော်တော်များများ ပိတ်ပင်ထားတက်ပါတယ် အမြည်းသဘောလောက်ပဲလေ့လာလို့ ကောင်းသော ဆော့ဝဲလ်ပါ။

နံမည်ကြီး ဆော့ဝဲလ်တွေကို စမ်သပ်အသုံးပြုဖို့အတွက် Demo Version Software ကို ထုတ်လုပ်တာများပါတယ် ။

မဝယ် ဝယ်ချင်အောင် တိုက်တွန်းသော ဆော့ဝဲအမျိုးအစားပါ ။

၅) Licensed Version

တချို့သော ဆော့ဝဲတွေက လုံးဝကို မြည်းစမ်းခွင့် မပေးပဲ Licensed Version သီးသန့်ထုတ်ဝေတက်ပါတယ် ။

အရင်တုန်းက ထုတ်ဝေသော ဆော့ဝဲလ်တွေ အတော်များများ က 100 % Licensed Version တွေထုတ်တက်ပါတယ် ။

နောက် ဒီဘက်ခေတ်မှာတော့ အင်တာနက် ကျေးဇူး Software တွေများပြားလာမှု ယှဉ်ပြိုင်မှုတွေကြောင့် သိပ်မတွေ့တော့ဘူးဗျ ။

၆) Beta Version

Beta Version ဆိုသော ဆော့ဝဲတွေလည်း ရှိသေးပါတယ် ။

Beta Version ဆိုတာတော့ ကျွန်တော်သိတာ စမ်းသပ်ဆဲ ဆော့ဝဲလ်အမျိုးအစားပေါ့ဗျာ ။

ကြိုတင်ပြီး ဆော့ဝဲလ်သုံးစွဲသူတွေကို ဖြန့်ချီပြီး Free ရတာများပါတယ် ။ ဆော့ဝဲလ် ပြီးပြည့်စုံအောင် ရေးသားထားခြင်းမရှိသော်လည်း နောက် ပိုကောင်းအောင်ရေးသားပြီး ထုတ်ဝေမယ်လို့ ကြေငြာသော Software တွေပေါ့ဗျာ ။

ကျွန်တော်က ဆော့ဝဲလ်ကို မူရင်းထုတ်ဝေသော အမျိုးအစားများကို သာဖော်ပြပေးထားတာပါ ။

ဟဲဟဲ Trailware , Sharware, Demo, Licensed တွေကိုတော့ ကျွန်တော်တို့ ကွန်ပျူတာသုံးစွဲသူတွေအတွက် စိတ်မညစ်ရအောင်ဆိုသော ရည်ရွယ်ချက်နဲ့ Cracked Version ထုတ်လုပ်ပေးတာတွေပေးတာ မပြောတော့ဘူးနော့် ။

Free ရတုန်းသုံးကြတာပေါ့ဗျာ မရတော့တဲ့ အချိန်ရောက်တော့လည်း တမျိုးပေါ့ဗျာ ။

  **  Htar Waie Thar  **

# ကျွန်တော်က သိသလောက် မှတ်ထားသလောက်ရေးတာနော့် အမှားပါရင်တော့ So Sorry !

0 comments:

Post a Comment