Saturday, February 9, 2013

Command Prompt ၏ လုပ်ဆောင်ချက်
















Microsoft Windows OS တွေရဲ့ အကောင်းဆုံးလက်နက်တွေထဲမှာ Command Prompt ရဲ့ ဆရာကျမှုကို မေ့ပြစ်လို့မရပါဘူး ။

Command Prompt ဆိုတာတော့ Windows OS တွေရဲ့ Command တွေကို ရိုက်ထည့်အသုံးပြုလို့သော နေရာပါ ။

Command Prompt ကနေ ကွန်ပျူတာကို Command တွေရိုက်ထည့်ပြီး ထိန်းချုပ်နိုင်သလို Command Line Based Program တွေကို အသုံးပြုချင်ပါကလည်း Command Prompt ကိုပဲအသုံးပြုရမှာပါ ။

ကျွန်တော်သိသလောက်ဆိုရင် Command Prompt ကနေ Files copying ,Files moving ,Disk Format, Network Configuration စတာတွေကို ပြုလုပ်နိုင်တာတွေ့ရပါတယ် ။

Command Prompt ကနေ အတော်များများကို ထိန်းချုပ်အမိန့်ပေးနိုင်ပြီး Command Prompt က Windows တက်လာမှ အသုံးပြုလို့ရတာမဟုတ်ပဲ Windows ပြင်ပကလည်း ထိန်းချုပ်အမိန့်ပေးလို့ရပါတယ် ။

ကျွန်တော်ကတော့ Command Prompt ကို Basic လောက်ပဲသိတာပါ ။

ဒါကြောင့် Command Prompt အကြောင်းပြည့်ပြည့်စုံစုံရေးသားဖော်ပြထားတဲ့ DOS Command နဲ့ လက်တွေ့အသုံးများ (ဆရာသန်းထိုက် ရွှေရိပ်) စာအုပ်ကိုပဲ ညွှန်းချင်ပါတယ် ။

ကျွန်တော်ဖတ်ကြည့်ရသလောက်တော့ အတော်ကို ပြည့်စုံသော စာအုပ်ပါ ။

ဖတ်ကြည့်သင့်ပါတယ်လို့ပဲ အကြံပေးချင်ပါတယ် ။

Download

                      **  Htar Waie Thar  **

0 comments:

Post a Comment