Tuesday, February 12, 2013

Build In Browser Downloader Links တွေကို Download Manager ဖြင့်ပြောင်းမယ်

















ကျွန်တော်တို့ ကွန်ပျူတာမှာ အင်တာနက်သုံးရင်း ဖိုင်များကို ဒေါင်းချင်ပါက Download Manager Software တခုခုကို အသုံးပြုကာဒေါင်းတာ များပါတယ် ။

ဥပမာ Internet Download Manager Software ကို ကွန်ပျူတာမှာ တင်ထားပါက ဖိုင်တခုခုကို ဒေါင်းရန်ကိုယ်က ညွှန်ကြားချက်ပေးပါက Internet Download Manager Software ဖြင့် ထိုဖိုင်ကို ဒေါင်းဖို့အတွက် Download Manager တက်လာကာ အလွယ်တကူ ဒေါင်းနိုင်တာ တွေ့ရပါတယ် ။

သို့သော်လည်း တချို့သော ဖိုင်များ ( *.apk ) လိုမျိုးဖိုင်များကို ဒေါင်းတဲ့အခါ Internet Download Manager Software ဖြင့် မဒေါင်းပဲ Build In Downloader ( Browser Downloader ) များဖြင့် ဖိုင်ကို ဒေါင်းပါတယ် ။

Browser Downloader များက ဖိုင်ဆိုဒ်သေးပါက ပြဿနာမရှိသော်လည်း 2MB နှင့်အထက် ဖိုင်များကို ဒေါင်းသောအခါ လမ်းတဝက်မှာတင် ရပ်သွားတက်ပါတယ် ။

ထိုကဲ့သို့ ရပ်သွားတာမျိုးမလိုချင်လို့လဲ ကျွန်တော်တို့က Download Manager Software တွေကို အသုံးပြုရတာပါ ။

ထားပါလေ ။ ကျွန်တော်ပြောသလို Download Manager Software တင်ထားရက်နဲ့ Build In Browser Downloader ဖြင့် Download ဆွဲသော ဖိုင်များကို ကျွန်တော်တို့ Download Manager Software ဖြင့် ပြောင်းဆွဲရအောင် ။

ပြုလုပ်ပုံက Build In Browser Downloader ဖြင့် ဖိုင်ကို Download လုပ်နေသော နေရာမှာ ဖိုင်ရဲ့ Address ကို ကူးယူရမှာပါ ။

ဥပမာ 11.pdf file ကို Firefox တွင် Download လုပ်နေပါက Download လုပ်နေသော ဖိုင်တွင် Right Click >Copy download Link ကို Click လုပ်ရမှာပါ ။ ထိုအခါ Download File ရဲ့ Address ကို ကူးယူတာပါပဲ ။












 
နောက် Internet Download Manager ကိုဖွင့် Add URL> Address မှာ Ctrl+V (or) Right Click > Paste , OK လုပ်ပါက Build In Browser က ဒေါင်းသော ဖိုင်ကို Internet Download Manager ဖြင့် Download ပြုလုပ်နိုင်ပါတယ် ။

Download Manager Software တွေမှာပါသော Add URL ဆိုသောနေရာကနေ တိကျသော Download Link ကို ဖြည့်စွက်ကာ ဥပမာ www.dodo.com\file\software\22.rar  စသလိုမျိုး File Link အတိအကျဖြင့် ဒေါင်းနိုင်ပါတယ် ။

                                         **  Htar Waie Thar  **

0 comments:

Post a Comment