Thursday, February 28, 2013

ကွန်ပျူတာ ဆိုတာ ဘာကောင်လဲ















ကျွန်တော် ကွန်ပျူတာ အခြေခံ အချက်အလက်များကို ရေးသားတင်ဆက်ပေးမှာ မို့ ယခုပို့စ်နဲ့ စတင်ကာ ဖွင့်ဟပါ့မယ် ။

ယနေ့ခေတ်မှာ ဆိုရင် ကွန်ပျူတာက နေရာ အတော်များများမှာ လက်တွေ့ အသုံးချကိရိယာ တခုအဖြစ်အသုံးပြုနေကြပါတယ် ။

ဒီတော့ ကျွန်တော်တို့ ကျွန်တော်တို့ အသုံးပြုနေသော ကွန်ပျူတာဖြင့် ပက်သက်ပြီး အခြေခံကျသော အကြောင်းအရာများကို သိရှိနေရင် ပိုကောင်းပါတယ် ။


ကွန်ပျူတာ ဆိုတာ ဘာကောင်လဲ

ကွန်ပျူတာ ဆိုတာတော့ အချက်အလက်တွေ ( Data ) များကို အဆင့်ဆင့် စီစဉ်ဆောင်ရွက် ( Process ) နိုင်သော စက်ကိရိယာ တမျိုးပါ ။

Data ဆိုသော နေရာမှာ ကျွန်တော်တို့ ကွန်ပျူတာမှာ အသုံးပြုနေသော စာ ( Text ) , Music , Photo , and  All Files စတာတွေ အကုန်လုံးက Data ပါပဲ ။

ကွန်ပျူတာဟာ အခြေခံအားဖြင့် Data များကို စီမံခန့်ခွဲရမှာ အဆင့်လေးဆင့်ဖြင့် လုပ်ဆောင်နိုင်ပါတယ် ။


၁) Gather Data ( Input )

Data ( အချက်အလက် ) များကို ကွန်ပျူတာတွင် စုစည်းကာ ထည့်သွင်းသော ဖြစ်စဉ် ဖြစ်ပါတယ် ။


၂) Process Data

ထည့်သွင်းလာသော အချက်လက်များကို ကိုယ်အသုံးတည့် အဆင်ပြေနိုင်သော အနေအထား Information တွေ ဖြစ်အောင် ဖန်တီးသော ဖြစ်စဉ်ပါ ။

Data , Information စသော အခေါ်ဝေါ်တွေက ပုံစံအားဖြင့် အတူတူသာ ဖြစ်တက်ပါတယ် ။

Data ဆိုတာက အားလုံးကို ခြုံပြီးခေါ်သော သဘောဖြစ်ပြီး Information ဆိုတာတော့ ကိုယ်အသုံးပြုနိုင်သော Data အစုအဝေးပါ ။

ဥပမာ ။  ။ Music File 220.mp3 ဆိုပါတော့ အဲဒါ Information တခုပါ ။ 220 အမည်ရှိသော MP3 Music File တခုပါ ။ Data အနေဖြင့်ခွဲခြားပါက 220 ( Number ) , mp3 ( File Extension ) , Type ( Music File )  အစရှိသလိုခွဲခြာနိုင်ပါတယ် ။


၃) Output Data and Information

ကျွန်တော်တို့ အသုံးချနေသော Data , Information များကို Output များအဖြစ် Monitor , Printer စသော အရာများကနေ မြင်တွေ့နိုင်သော ဖြစ်စဉ်ဖြစ်ပါတယ် ။


၄) Stores Data and Information

ကို်ယ်ဆီမှာ နောက်တကြိမ် ပြန်လည် အသုံးချနိုင်ရန်အတွက် Data and Information များကို သိမ်းဆည်းသော ဖြစ်စဉ်ဖြစ်ပါတယ် ။


ကွန်ပျူတာ ဆိုတာ Data ( အချက်အလက်) များကို ထည့်သွင်းခြင်း ၊ ဖန်တီးခြင်း ၊ ပြန်လည်ပြုပြင်ခြင်း ၊ အသုံးချခြင်း ၊ ထုတ်ဖော်ပြသနိုင်ခြင်း ၊ ရယူနိုင်ခြင်း နှင့် သိမ်းဆည်းနိုင်ခြင်း စတာတွေကို ပြုလုပ်နိုင်သော စက်ကိရိယာ သာလျှင် ဖြစ်သည် ။


ကွန်ပျူတာသည် ကျွန်တော်တို့ လက်ရှိအသုံးပြုနေသော Mouse , Keyboard ကပေးပို့သော Commands များကို တိုက်ရိုက်နားမလည်နိုင်ပါ ။

ကွန်ပျူတာ နားလည်သော စကားမှာ 1 and 0 ( Bineary ) Language တခုကို သာ နားလည်ပါသည် ။

ကျွန်တော်တို့ Mouse , Keyboard များမှ Commands များကို နားလည်နိုင်ရန်အတွက် ကြားထဲတွင် ပေါင်းကူးအနေဖြင့် တည်ရှိသော ဘာသာပြန်စက်များ ထားရှိရပါတယ် ။

ကွန်ပျူတာက ရှိရှိသမျှသော အလုပ်များကို Binary Language ဖြင့်လုပ်ကိုင်ပါတယ် ။ ကျွန်တော်တို့ အနေဖြင့်သာ ကြားထဲမှာ ဘာသာပြန်စက်များ မထားရှိပါက ရှိရှိသမျှသော 0 and 1 ကိန်းတန်းများကို ရိုက်နေရတာနဲ့တင် ကွန်ပျူတာကို သုံးချင်တော့မှာ မဟုတ်ပါ ။

ဒီတော့ ကျွန်တော်တို့ ကွန်ပျူတာကို အသုံးပြုရအဆင်ပြေစေဖို့ Mouse , Keyboard စတာများဖြင့် ကွန်ပျူတာကို အလုပ်လုပ်နိုင်အောင် ဆော့ဝဲလ်ကို ထုတ်လုပ်သူများက Binary Language ဆီရောက်အောင် ကြားထဲတွင် Compiler များ ရေးသားခြင်းကြောင့် ကျွန်တော်တို့ အဆင်ပြေပြေဖြင့် အသုံးပြုနိုင်ခြင်းပင် ဖြစ်ပေသည် ။


ကွန်ပျူတာကို Hardware , Software နှစ်မျိုးဖြင့် အသုံးပြုလို့ရအောင် တည်ဆောက်ပါတယ် ။


Hardware ဆိုတာတော့ ကွန်ပျူတာတွင် ရုပ်ပိုင်ဆိုင်ရာ ထိတွေ့ကိုင်နိုင်သော အစိတ်အပိုင်းအားလုံးကို ဆိုလိုပါတယ် ။

ကွန်ပျူတာတွင်တပ်ဆင်ထားသော Keyboard , Mouse , Monitor , CPU , နောက်ဆုံး Cover များက အစ Hardware အစိတ်အပိုင်းများသာ ဖြစ်ပါတယ် ။


Software ဆိုတာတော့ Hardware ကဲ့သို့ ထိတွေ့ကိုင်နိုင်ခြင်းမရှိသော်လည်း အလုပ်လုပ်နေသော အရာများကို ဆိုလိုပါတယ် ။

ကျွန်တော်တို့ အသုံးပြုနေသော Miscrosoft Windows , Office , နောက်ဆုံး ကွန်ပျူတာတွင် Welcome Screen ပေါ်လာတာမှန်သမျှ Software တွေပါပဲ ။

သူတို့ကို လက်ဖြင့် ထိတွေ့ဆုပ်ကိုင်လို့ မရသော်လည်း အလုပ်လုပ်နေတာကို တော့ မြင်တွေ့နိုင်ပါတယ် ။

**  ကိုကိုဇော် ( BE-EC )

0 comments:

Post a Comment