Monday, February 11, 2013

ကွန်ပျူတာမှာ အင်တာနက် အသုံးပြုဖို့အတွက် အဓိကလိုအပ်ချက်များ



















ကျွန်တော်တို့တွေ ကွန်ပျူတာမှာ အင်တာနက်အသုံးပြုတော့မည်ဆိုပါက အဓိကလိုအပ်ချက်လေးတွေကို နည်းနည်းစဉ်းစားကြည့်ရအောင် ။


၁) အင်တာနက်လိုင်းရှိရပါမယ် ။

ဟုတ်ပါတယ် အင်တာနက်အသုံးပြုဖို့ဆိုတာ အင်တာနက်လိုင်းရှိကို ရှိရမှာ ဖြစ်ပါတယ် ။

ကျွန်တော်တို့ဆီမှာတော့ အင်တာနက်ကို Skynet, MPT , Bagan NET, Wi Max , Phone Internet (WCDMA,GSM,CDMA 800MHz) အစသဖြင့် အသုံးပြုကြပါတယ် ။

ကျွန်တော်က မူရင်းဝယ်ရသော လိုင်းများကို ပြောခြင်းဖြစ်ပါတယ် ။ အင်တာနက်ကို Sharing ပေးထားသော လိုင်းများ ၊ WiFi များဖြင့်လည်း အသုံးပြုလို့ရပါတယ် ။


၂) Browser Software ကို လိုအပ်ပါတယ် ။

အင်တာနက် အသုံးပြုမယ်ဆိုတော့ အင်တာနက်ကို ဖွင့်ပေးနိုင်သော Software ကို အသုံးပြုရမှာပါ။

ထို ဆော့ဝဲတွေကို Browser Software တွေလို့ခေါ်ပါတယ် ။

MS Windows OS တွေမှာတော့ IE Internet Explorer ကို တခါတည်းထည့်ပေးလိုက်ပါတယ် ။

ကျွန်တော်တို့ အင်တာနက်ကို IE ကနေတဆင့် အသုံးပြုနိုင်ပါတယ် ။

ကျွန်တော်ကတော့ IE ကို မကြိုက်ပါဘူး ကျွန်တော် Mozilla Firefox ကိုပဲအသုံးပြုပါတယ် ။

Mozilla Firefox ကလူသုံးတော်တော်များသလို ကောင်းလည်းကောင်းတဲ့ Browser ပါပဲ ။ ကျွန်တော်ဆိုရင် IE ကို ကွန်ပျူတာမှာ ထားကို မထားပါဘူး တခါတည်းဖြုတ်လိုက်ပါတယ် ။

နောက် လူသုံးများတဲ့ Browser က Google Chrome ပါ ။ အခြား Browser တွေလည်းအများကြီးရှိပါသေးတယ် ။


၃) Flash Player လိုအပ်ချက် ။

Flash Player ကိုလည်းတင်ထားရမှာပါ ။

Website အတော်များများမှာ ရှိသောအရာလေးတွေက Flash တွေများပါတယ် ။

Flash Player သာမတင်ထားလို့ကတော့ အတော်များသော Website တွေကို ကြည့်တဲ့အခါ Missing Plugin ဆိုတာပဲပေါ်နေမှာပါ ။

ပြီးတော့ အွန်လိုင်းပေါ်က Video တွေဘာတွေလည်း မြင်ရမှာ မဟုတ်ပါဘူး ။


၄) Unicode Fonts လိုအပ်ချက် ။

မြန်မာလိုရေးထားသော Website တွေကို မြင်တွေ့ရဖို့ဆိုတာတော့ Myanmar Unicode Fonts တွေကို ကွန်ပျူတာမှာ Install လုပ်မှရမှာပါ ။

ကျွန်တော်ကတော့ Zawgyi ကို အသုံးပြုပါတယ် ။ အခြား ဧရာ ၊ Myanmar 3 ကဲ့သို့သော Fonts တခုခုကိုလည်းအသုံးပြုနိုင်ပါတယ် ။


၆) Files Downloading ဆွဲသူများအတွက် ။

အွန်လိုင်းကနေ ဖိုင်တွေကို ဒေါင်းဖို့ဝါသနာပါသူများအတွက်ကတော့ Download Manager ( or ) Downloader Software တမျိုးမျိုးကို တင်ထားသင့်ပါတယ် ။

Browser တွေမှာ Build In Downloading Software ပါသော်လည်း Photos တွေလောက်ပဲ ဒေါင်းလို့ကောင်းပါတယ် ။

ဖိုဆိုဒ်ကြီးသွားရင် ဒေါင်းလို့မကောင်းတော့ပါဘူး ။

ကျွန်တော်ကတော့ Internet Download Manager Software ကို အသုံးပြုတာပါ ။

                **  Htar Waie Thar  **

0 comments:

Post a Comment