Sunday, February 3, 2013

ဖိုရမ်များ၏ ကောင်းကျိုးများ


















အင်တာနက် Website တွေများမှာ Forum ဆိုသော စာမျက်နှာများ ရှိပါတယ် ။

ဖိုရမ်ဆိုတာကို ကျွန်တော်သိသလိုပဲ ရေးလိုက်ပါမယ် အမှားများပါက ခွင့်လွတ်ပါ ။

ဖိုရမ်ကို ကျွန််တော်သိတာကတော့ ဆွေးနွေချက်များကို ဖော်ပြသော Website လို့ပဲ ဘာသာပြန်ပါမယ် ။

သက်ဆိုင်ရာ ဖိုရမ်များအလိုက် ခေါင်းစဉ်များအလိုက် ဆွေးနွေချက်တွေကို ဖော်ပြပေးရုံသာမက ကိုယ်ကိုတိုင်လည်း Member အဖြစ်ဝင်ရောက်ကာ ဝင်ရောက်ဆွေးနွေးနိုင်ပါတယ် ။

Website အသုံးပြုသူများရဲ့ စကားဝိုင်းကြီးပေါ့ဗျာ ။

ဖိုရမ်ကို ကျွန်တော်ကတော့ သိပ်ကြိုက်ပါတယ် ။

ဖိုရမ်မှာ ကိုယ်သိချင်သော အကြောင်းရာတခုကို ခေါင်းစဉ်တင်ကာ ဆွေးနွေးတာနဲ့ ကိုယ်ခေါင်းစဉ်နှင့် ပက်သက်သော အကြောင်းရားများကို သိရှိသော အခြား ဖိုရမ်အသုံးပြုသူများက ဝင်ရောက်ကာ ဆွေးနွေးသွားပါတယ် ။ ကိုယ်ကလည်း ထပ်မံကာ ဆွေးနွေးနိုင်ပါတယ် ။

အခြားသူများဆွေနွေးချက်များကို ဝင်ရောက်ဖတ်ရှုနိုင်သလို ကိုယ်ကလည်း ဝင်ဆွေးနွေးနိုင်တာ အတော်ကို အားသာချက်များရှိပါတယ် ။

ဖိုရမ်များကို အတက်ပညာတခုကို သိရှိဆွေးနွေးဖို့ ရည်ရွယ်ချက်ဖြင့် တည်ဆောက်ထားပုံရပါတယ် ။

ဥပမာ ကွန်ပျူတာအကြောင်းများဆွေးနွေသော ဖိုရမ် ၊ အင်ဂျင်နီယာ အတက်ပညာ အကြောင်းများဆွေးနွေးသော ဖိုရမ် ၊ Programmer များရဲ့ ဖိုရမ် ၊ Cracker / Hacker စတာတွေကို ဆွေးနွေးသော ဖိုရမ် အစသဖြင့် သက်ဆိုင်ရာ အကြောင်းအရာများအလိုက် ဖိုရမ်းများစွာရှိပါတယ် ။

အခြားနိုင်ငံများမှာ ဖိုရမ်များစွာရှိသလို ကျွန်တော်တို့ မြန်မာမှာလည်း မြန်မာဘာသာဖြင့် ဆွေးနွေးနိုင်သော ဖိုရမ်းများရှိပါတယ် ။

ကျွန်တော် အခုလောလောဆယ် ဖိုရမ် အသင်းဝင်ထားတာတော့ မြန်မာမိသားစုဖိုရမ်ဖြစ်ပါတယ် ။ www.myanmarfamily.org

နောက် တခုက မြန်မာအင်ဂျင်နီယာဖိုရမ် www.myanmarengineer.org ပဲဖြစ်ပါတယ် ။

                                               **  Htar Waie Thar  **

0 comments:

Post a Comment