Tuesday, January 29, 2013

Google Drive ကို သုံးကြည့်မယ်















www.google.com မှာ Drive ဆိုသော အရာလေးတခုကို တွေ့ဖူးကြမှာပါ ။

အဲ့ဒါလေးကို Click လုပ်ပါက Google Drive Link ကို ရောက်သွားပြီး Gmail Account တစ်ခုခုကို အသုံးပြုကာ ဝင်ရောက်နိုင်ပါတယ် ။

Google Drive Page ကို ရောက်ပါက Google Drive Installer for PC ကဲ့သို့သော စာတန်းတစ်ခုနဲ့ကြိုဆိုပါတယ် ။

ကျွန်တော် က အသုံးပြုချင်တာနဲ့ အဲဒီ Link က PC Google Drive ကို ဒေါင်းတာ အဆင်မပြေတာနဲ့ Offline Installer ကို ရှာကြည့်ပြီး အသုံးပြုတာ အဆင်ပြေတာနဲ့ Share လုပ်လိုက်ပါမယ် ။

ကျွန်တော်က
http://techdows.com/2012/09/install-google-drive-windows-offline.html 
က Download ရယူပါတယ် ။

File က 15 MB လောက်ရှိပါတယ် ။

Google Drive ကို Install လုပ်လိုက်ပါက Start > All Program မှာ Google Drive ဆိုသော Application တစ်ခုရှိလာမှာ ဖြစ်ပါတယ် ။

Gtalk နဲ့နည်းနည်းဆင်ပါတယ် ။ Google Drive ကို Click လုပ်ပါက Gmail Account ကို အသုံးပြုကာ ဝင်ရောက်ရမှာ ဖြစ်ပါတယ် ။

Google Drive ကို ဝင်ရောက်နိုင်သွားပါက ကျွန်တော်စက်မှာ တော့ Desktop , Account တို့မှာ Google Drive တစ်ခုပိုလာတာတွေ့ပါတယ် ။

Google Drive ထဲမှာ File , Folder များသိမ်းဆည်းလို့ရသလို Sharing လုပ်လို့လည်းရတာ တွေ့ရပါတယ် ။

                                                                                          **  Htar Waie Thar  **

0 comments:

Post a Comment