Sunday, January 6, 2013

CMOS / BIOS ထဲသွားလည်မယ်

















ကျွန်တော်တို့ ကွန်ပျူတာတွေမှာ CMOS / BIOS ဆိုသော အရာလေးရှိနေတော့ ခဏသွားကြည့်ရအောင် ။

CMOS ဆိုတာတော့ ကျွန်တော်သိတာက Cirucuit ပြား ( Chipset ) တစ်ခုပါပဲ ။

CMOS ကို CMOS Battery နဲ့ Power ကျွေးပြီးအလုပ်လုပ်ခိုင်းထားတာကို တွေ့မြင်နိုင်ပါတယ် ။

BIOS ဆိုတာတော့ Basic Input / Output System လိုသိထားပါတယ် ။

ကျွန်တော်တို့က CMOS / BIOS ဆိုပြီးတွဲခေါ်တက်ပါတယ် ဘာလို့ခေါ်လဲဆိုတော့ CMOS Chipset ထဲမှာ BIOS Software အသေးလေးရှိနေလို့ပါ ။

CMOS / BIOS ဆိုတာလေးက ကျွန်တော်တို့ ကွန်ပျူတာမှာ တပ်ဆင်ထားတဲ့ Chipset , CPU , Motherboard , Memory စသော Hardware အစိတ်အပိုင်းရဲ့ Information များကို ဖော်ပြပေးရုံသာမက Setting များကိုလည်း ချိန်သုံးနိုင်ပါတယ် ။

တနည်းအားဖြင့် Hardware အစိတ်အပိုင်းများကို အလုပ်လုပ်ရန် Design ဆွဲထားသော Software တစ်မျိုးပါပဲ ။

CMOS / BIOS ကို ကွန်ပျူတာ Power စဖွင့်ပြီးတာနဲ့ ဝင်ရောက်ကြည့်နိုင်ပါတယ် ။

ကျွန်တော်ကွန်ပျူတာတွေ Power ဖွင့်လိုက်တာနဲ့ Mother တံဆိပ်နဲ့ Labtop ဆိုရင် Labtop တံဆိပ်နဲ့ Computer Logo အဖွင့်စာမျက်နှာမှာ CMOS / BIOS ကိုဝင်ရောက်ရန် ညွှန်ကြားချက်တစ်ခု ဥပမာ Press Del Key to enter CMOS / BIOS ပေါ်လာပါတယ် ။

ကွန်ပျူတာအတော်များများ က CMOS / BIOS ကိုဝင်ရောက်ရန် Del , F2 Key ကို အသုံးရတာများပါတယ် ။

တချို့သော် ကွန်ပျူတာတွေက Del , F2 Key နဲ့မဟုတ်ဘူးဗျ နောက်ပြီး Computer Logo အဖွင့်စာမျက်နှာ ကလည်းမြန်မြန်နဲ့ တက်သွားတဲ့ ကွန်ပျူတာတွေဆို CMOS / BIOS ဝင်ရောက်ဖို့ Message ကိုဖတ်လို့မမှီတော့ ဘယ်လိုဝင်ရမှန်းမသိဖြစ်တက်ပါတယ် ။

အဲ့လို့မျိုးကွန်ပျူတာတွေအတွက် တော့ Keyboard က Pause Break Key ကိုသာအားကိုးလိုက်ပါ ။

ကွန်ပျူတာဖွင့်လိုက်တာနဲ့ Pause Break Key ကိုသာနှိပ်ထားလို့က တော့ Computer Logo အဖွင့်စာမျက်နှာ ကြီးရပ်နေတော့တာပဲ အဲ့တော့အေးဆေး CMOS / BIOS ဝင်ရောက်ဖို့ Message ကိုဖတ်ပြီး CMOS / BIOS ထဲဝင်ရောက်နိုင်ပါတယ် ။

CMOS / BIOS ထဲရောက်သွားလို့က တော့ အဲဒီမှာ ကိုယ်စိတ်ကြိုက် ကွန်ပျူတာ Hardware Information များကို လေ့လာနိုင်သလို့ Setting များလည်းချိန်နိုင်ပါတယ် ။

ပြန်ထွက်ချင်ပါ Esc Key ကို အသုံးပြုနိုင်ပြီး Setting များပြင်ဆင်၍ ပြန်ထွက်ချင်ပါ က F10 Key ကို အသုံးပြုနိုင်ပါတယ် ။

CMOS / BIOS ကို Password ပေးထားလို့လည်းရပါတယ် ။

Setting များပြင်ဆင်ထားပါက CMOS Battery အာရှိသမျှအတွင် ရှင်သန်၍ Battery အားမရှိတော့ရင်တော့ Factory Setting များကိုသာ ပြန်လည်ရရှိမှာ ဖြစ်ပါတယ် ။

နောက်ပြီး ကွန်ပျူတာတွင်ပါသော Time (အချိန်) သည် CMOS / BIOS ထဲမှာသာ ရှိသည့်အတွက် ကွန်ပျူတာတွင်အချိန်များပြောင်းလည်းသွားပါက CMOS Battery ကုန်သွားတက်တာမျိုးလည်းဖြစ်နိုင်ပါတယ် ။

 CMOS Battery လို့ရေးသားထားသော်လည်း Battery အကြီးကိုဆိုလို့တာမဟုတ်ဘူးဗျ သေးသေးလေး နာရီ ဓါတ်ခဲ့လောက်ပဲရှိပါတယ် ။

                                                                                              **  Htar Waie Thar  **

တခုခုပြောခဲ့ချင်ပါက Comment , CBox ကနေ ပြောခဲ့နိုင်ပါတယ် ။

0 comments:

Post a Comment