Tuesday, December 11, 2012

Up to Date Software သုံးစွဲမှု ဓလေ့ထုံစံ
















ကျွန်တော်တို့ ကွန်ပျူတာသုံးစွဲသူတြွေကားမှာ ရေးပန်းစားတဲ့ Up to Date Software သုံးစွဲမှုကို လေ့လာကြည့်ကြရအောင် ။

ကျွန်တော်တို့ လူနေမှုဘဝ ပတ်ဝန်ကျင်မှာ Up to Date ဆိုတဲ့ စကားလုံးဟာ အလွန်ကို ရေပန်းစာလာတာကို တွေရမှာပါပဲ ။

Electronic Device တွေဆိုလည်း ခဏနေ Model တမျိုး နောက်ခဏနေ နောက်တစ်မျိုး  ထွက်ရှိလာသလို ကျန်တဲ့ စက်ပစ္စည်း ၊ နည်းပညာ တွေဟာလည်း အသစ်သစ်တွေထွက်ပေါ်လာနေတာ ကျွန်တော်တို့ မျက်မြင်ကိုယ်တွေ့ တွေ့နေရတာ မဆန်းတော့ပါဘူး ။

Software လောကမှာလည်း Software Developer တွေကြောင့် ကျွန်တော်တို့တွေဟာ ဆော့ဝဲလ် အသစ်သစ်တွေကို ထိတွေ့လို့ရလာပါတယ်…

။   ။Up to Date Software တိုင်းကို ကျွန်တော့်တို့ သုံးစွဲနေသလားလို့ မေးခဲ့တယ်ရှိရင် ကျွန်တော်ကိုယ်တိုင် ဖြေရရင် မသုံးပါဘူးလို့ပဲ ဖြေရမှာပဲ ။
သုံးတဲ့လူတွေလည်း သုံးကြပါတယ် ။

ကျွန်တော်တို့တွေဟာ Software အသစ်တစ်ခုထွက်ပေါ်လာတာနဲ့ စမ်းသပ်ကြည့်ခွင့်ရထားတာမို့ အရင်စမ်းသပ်ကြတာပေါ့ ။

Software Developer တွေကလည်း ကျွန်တော်တို့ကို စမ်းသပ်ခွင့်တွေ ပေးထားပါတယ် ။
Software ကိုအရင်ထုတ်ပြီး Free Download ဆွဲခွင့်ပေးထားတယ် Trail , Shareware , Demo ပေါ့ဗျာ နောက်မြှကိုက်ရင် ဝယ်သုံးလို့ပြောပြီး Software ကို ကျွန်တော်တို့နဲ့ထိတွေ့ခွင့် ပေးတာပါပဲ။

ဥပမာအားဖြင့် ကျွန်တော်က Microsoft Office 2007 ကို Microsoft ကနေ License နဲ့ ဝယ်သုံးတယ်ဆိုပါတော့ Office 2010 ထွက်လာတဲ့အချိန်မှာ ကျွန်တော်ကို Microsoft က Software Version အသစ်က အရင် Version ထက်ပိုကောင်းတယ် Up Date လုပ်သင့်တယ် အစမ်းသုံးချင်သုံးလို့ ရအောင် ရက်နှစ်ဆယ်လောက် စမ်းသုံးကြည့်ပါလား ပြီးမြှကိုက်ရင်ဝယ်သုံးပါဆိုတဲ့ ပုံစံမျိုးပါ ။

အဲ့ဒီတော့ ကျွန်တော်လည်း အားနာတာနဲ့ Office 2010 ကိုသုံးကြည့်ရတာပေါ့။ဘာတွေတွေ့လာလဲဆိုတော့ ဘာမှ မထူးခြားဘူးလို့ ကျွန်တော်ထင်လို့ မသုံးချင်ရင် ဇတ်လမ်းက ပြတ်ပြီပေါ့ အ့ဲကြိုက်တယ်ဆိုရင် ဝယ်သုံးပေါ့ ။(ဝယ်မသုံးရင် သူပေးထားတဲ့ အရက်နှစ်ဆယ်ပြည့်တာနဲ့ Software ကိုဆက်သုံးလို့ မရအောင်လုပ်ထားတဲ့ အတွက် အသုံးပြုလို့မရတော့ပါဘူး )

Software License Version သုံးတဲ့လူတွေက အမျိုးမျိုးထင်ကြေးပေးကြတာပေါ့ဗျာ နောက်ထွက်တဲ့ ဗားရှင်းကကောင်းတယ် ဝယ်မယ်ပေါ့ တချို့က ကောင်းမှန်းတော့သိတယ် သိသိသာသာ ပိုမကောင်းလာဘူး ပိုက်ဆံလဲသိပ်မရှိတာမို့ ဝယ်မသုံးတော့ဘူး ဒီလိုမျိုးတွေပေါ့။

ကျွန်တော်တို့က Software License Version ဝယ်သုံးတဲ့လူတွေထက်ရှင်းတယ် Software CD အရောင်းဆိုင်တွေက ထွက်သမျှ Up to Date Software ( Trail , Shareware , Demo ) ကိုဒေါင်းတယ် နောက်ပြီး Crack တွေရနိုင်တဲ့ နေရာ Website တွေဆီမှာ Crack တွေဒေါင်းပြီး CD လုပ်ပေးလိုက်တော့ ကျွန်တော့်တို့တွေက ခွေလေးဝယ်ပြီးစမ်းသပ်ကြတာပေါ့ ။(ကိုယ်တိုင် ဒေါင်ပြီးလည်း စမ်းလို့ရပါတယ်)

အဲ့ပြီးမှ ကောင်းလားမကောင်းလား စစ်ဆေးပြီး ကွန်ပျူတာမှာ တင်သုံးကြတာပဲ ။

။   ။ကွန်တော်ကတော့ Freeware တွေကိုတော့ Up to Date သုံးတယ်ဗျ ၊ နောက်ကျနော်သုံးချင်တဲ့ Software နည်းနည်းလောက်ပဲ Crack ဖြည့်သုံးပါတယ် (Dollar ပေါ့ဗျာ Dollar မရှိတဲ့ ဘဝ)

ကျွန်တော်ထင်တာတော့ Up to Date Software တွေက အရင်ဗားရှင်း တွေထက်ပိုပြီး Feature တွေစုံလာတယ် အသုံးပြုရပိုလွယ်ကူလာတယ် နောက်ပြီး တခြားထွေထွေထူးထူးတော့ မရှိဘူးလို့ ထင်တာပဲ…

ဥပမာ Nero 6 , နောက် Nero 9 အဲ့ဒီနှစ်ခု ဘာကွာလဲဆိုတော့ CD Burn တာတို့ဘာတို့တော့သိပ်မကွာဘူး ။

Nero 6 က ခွေကို Burn လို့မရဘူး Nero 9 နဲ့မှ Burn လို့ရမှာတို့လောက်တော့ ပြောင်းလဲလို့မရဘူးဗျ။
အဲ့လိုပြောင်းလိုက်လိုကတော့ Nero 6 ကိုထုတ်လုပ်ကတည်းက Nero Software ကိုသုံးတဲ့လူတောင်ရှိမှာမဟုတ်ဘူးဗျ အရင်ဆုံးထုတ်တဲ့ Version တွေကောင်းလို့ နောက်ထွက်တဲ့ Version က ဘာတွေများ ပိုလုပ်နိုင်သလဲလို့ လူတွေသိအောင်လုပ်နိုင်မှ Software ဟာအောင်မြင်မှာပါ ။

တစ်ချို့ဆော့ဝဲလ်တွေက ဗားရှင်းအသစ်က အဟောင်းကိုမမှီတာတွေလည်း ရှိတယ် နောက်ပြီး Professional Software တွေ ဥပမာ Auto CAD လို Software တွေကိုပေါ့ ကျွန်တော်တို့လေ့လာထားတာက 2007 အခု 2012 Version ထွက်လို့တင်သုံးမယ်ဆိုပြီး သုံးကြည့်လိုက်တာ အရင်သုံးနေကြ ပုံစံမဟုတ်တဲ့အတွက် စိတ်ကသိကအောက် ဖြစ်စရာတြွေဖစ်လာနိုင်တာမျိုးတွေ ရှိတယ် ။

။  ။နောက်ပြီး Up to Date Software တွေထဲမှာ Software အပေါ့စားလေးတွေ ဥပမာ Media Player , Conventer , Reader လေးတွေက System အတွက်ဘာမှာ သိသာသော Performance တွေကျမသွားနိုင်သော်လည်း Professional Software (Software အကြီးစား) တွေက Update ဖြစ်လာတာနှင့် အမျှ Feature တွေစုံလင်လာသည့် အတွက် Graphic , Memory , Processor တွေမှာ နေရာယူမှုတွေများများနှင့် လုပ်ဆောင်လာသည့်အတွက်  Computer Performace ကိုထိခိုက်လာပါတယ် ။

တကယ်လို့များ မိမိကွန်ပျူတာဟာ Processor Speed တွေကလည်းကောင်း Graphic တွေ Memory တွေအရမ်းကောင်းလျှင် Update Professional Software တွေက ပြဿနာမပေးသော်လည်း သာမန်ကောင်းရုံကွန်ပျူတာမှာတော့ Performace တွေကျဆင်းပြီး လေးလံထိုင်းမိုင်းလာတက်တာကို သတိပြုမိကြရမှာပါပဲ ။

ထို့ကြောင့် ကွန်ပျူတာဆော့ဝဲလ် အသစ်သစ်တွေတိုင်းက မိမိလိုအပ်ချက်ကို မည်မျှလုပ်ပေးနိုင်သလဲ ၊ မိမိစက်နှင့် ကိုက်ညီမှုရှိရဲ့လာ စသောမေးခွန်များကို မိမိကိုယ်မိမိမေးပြီးမှ အရင်ဗားရှင်း ဆော့ဝဲလ်ကို စွန့်လွတ်သင့်ကြောင်း ကျွန်တော်ရေးသားလိုက်ရပါတယ် ။

(ကျွန်တော့်အမြင်များကိုသာ ရေးသားလိုက်ရသည့်အတွက် အမှားယွင်းများ ရှိပါက တောင်းပန်ပါတယ်ခင်ဗျာ)

                                                                                   **  Htar Waie Thar  **


တခုခုပြောခဲ့ချင်ပါက Comment , CBox ကနေ ပြောခဲ့နိုင်ပါတယ် ။

0 comments:

Post a Comment