Wednesday, December 12, 2012

Task Manager ဘာတွေလုပ်နိုင်သလဲ
















Windows Operating System က Task Manager ဘာတွေကိုလုပ်နိုင်လဲဆိုတာကို နည်းနည်းလောက်ပြောကြည့်တာပေါ့ ။

Virus တွေကွန်ပျူတာမှာ ဝင်ရောက်နေပြီဆိုရင် Virus က Task Manager ကိုဖွင့်လို့မရအောင်လုပ်ထားတက်တယ် ။

ဘာလို့များ Virus က Task Manager ကို Kill တာလဲ Task Manager ကဘာများလုပ်နိုင်လို့လဲဆိုတာကို လေ့လာကြည့်ကြတာပေါ့ ။

အရင်ဆုံး Task Manager ကို ဝင်ရောက်ရန်
Windows Task Bar မှာ Right Click က နေ Task Manager သို့သွားနိုင်ပါတယ် ။
Shortcut ( Ctrl + Alt + Del )  ကလည်း Task Manager ကိုခေါ်နိုင်ပါတယ် ။















Task Manager ရဲ့ အဖွင့်စာမျက်နှာမှာ စိတ်ဝင်စားစရာ ကောင်းတာက  Highlight  Tab တြွေဖစ်တဲ့ Application , Processes , Services , Performance , Networking , User ဆိုတာတွေပဲ ။

Application : ကွန်ပျူတာမှာ လက်ရှိအသုံပြုနေတဲ့ Software (Application) ကို ပြသပေးသောနေရာ ။

Processes :  ကွန်ပျူတာမှာ လက်ရှိ Run နေတဲ့ Software တွေအပြင် Background Run နေသော Application , Processes တွေရဲ့ အခြေနေကို Process name , CPU Usage , Memory Usage တွေကို ပြသသောနေရာ ။

Services : ကွန်ပျူတာတစ်ခုလုံးမှာ ရှိတဲ့ Software တွေ Processes တွေ Run ဖို့ရာ ရှိသမျှ Service များကိုပြသသောနေရာ ။ ( Services များကို Running , Stopped ဆိုသောပုံစံနှင့်ပြသသည် ။)

Performance : ကွန်ပျူတာရဲ့ စွမ်ဆောင်ရည်ကိုပြသသောနေရာ ( Memory Usage , CPU Usage % နှင့်ပြသသည် )

Networking : Network တစ်ခုခုချိတ်ဆက်ထာရင်လည်း ချိတ်ဆက်ထားတယ်ပေါ့ ချိတ်ဆက်မထားဘူးဆိုရင်လည်း ချိတ်ဆက်ထားခြင်း မရှိဘူးလို့ပြသသောနေရာ ။

User: ကွန်ပျူတာကို အသုံးပြုနေတဲ့ User ကိုပြသသောနေရာ ။

ကျွန်တော်ပိုပြီး စိတ်ဝင်စားတာက Processes ဆိုတဲ့နေရာပဲဗျ ။

Processes ဆိုတဲ့နေရာမှာ Program တစ်ခုကို Run လိုက်တာနဲ့ Program ရဲ့ Processes တစ်ခုဆိုလည်းတစ်ခု နှစ်ခုဆိုလည်းနှစ်ခုပေါ့ တက်လာတယ် ။

တစ်ချို့ Program တွေကပိတ််လိုက်လည်း သူ့ရဲ့ Process တွေက ကျန်နေတက်တယ် ။

နောက်ပြီး Processes မှာ Background Run နေတဲ့ System Process တွေ Application Processes တွေလည်းရှိနေတော့ ဘာတွေများလုပ်နိုင်သလဲဆက်ကြည့်တာပေါ့ဗျာ ။

ရှိနေတဲ့ Processes တစ်ခုကို Right Click ထောက့်လိုက်တော့ Processes ကိုရပ်တန့်သွားနိုင်တဲ့ End Process , End Process Tree ဆိုတာလေးရှိနေတာကိုး ။

ကျွန်တော်တို့ကသာ Virus Processes တွေကိုသတိထားမိတယ်ဆိုရင် Virus Processes ကို Task Manager က Kill လို့ရလို့ Virus Program တွေဟာ Task Manager ကိုပိတ်ပစ်လိုက်တယ်လို့ ယူဆရမှာပေါ့ ။

Virus Program တွေကိုဘယ်လိုသတိထားမိလဲဆိုတာကတော့ Processes တွေကိုအရင်ကတည်းက မှတ်ထားရင် ပိုကောင်းတယ်လို့ပြောရမှာပဲ ။

ကျွန်တော်တို့ ကွန်ပျူတာတွေက Virus မရှိခင်မှာ Processes ဆိုတဲ့နေရာမှာ နည်းနည်းလေးပဲရှိတယ် နောက်ပိုင်း Virus လည်းရှိလာတော့ ကိုယ်မသိတဲ့ Processes တွေလည်းအများကြီးကို တွေ့ရတာပဲ ။

Virus Processes တွေ Run တော့ ကွန်ပျူတာက ဘာဆော့လ်ဝဲမှ မသုံးလည်း လေးနေတာပဲ။သူတို့တတွေ (Virus) ဟာ CPU , Memory Usage တွေအများကြီးကို အသုံးပြုနေတာကြောင့် ကွန်ပျူတာက လေးလံလာတာပါ ။

CPU , Memory Usage ကို Performance ဆိုတဲ့နေရာမှာလည်းသွားကြည့်လို့ရပါတယ် ။

။  ။ Task Manager ကဘာတွေကောင်းသလဲဆိုတော့ ကွန်ပျူတာလေးလာပြီဆိုရင် ဘာကြောင့်လေးနေလဲဆိုတာ စုံစမ်းလိုရတာပါပဲ ။

အရင်ဆုံး Performance မှာ ကိုယ်စက်ရဲ့ CPU , Memory Usage တွေကို Show ကြည့်ကြတာပေါ့ ။
CPU , Memory Usage တွေအရမ်းများနေရင်တော့ ဘယ်သို့သော Processes တွေကြောင့်များ ကွန်ပျူတာလေးနေလဲဆိုတာကို Processes ဆိုတဲ့နေရာမှာ Show လိုက်တာပေါ့ ။

။  ။ Processes တွေ Kill မယ်ဆိုရင်သတိထားစရားတစ်ခုတော့ ရှိတယ် ။

Processes ဆိုတဲ့နေရာမှာ ကွန်ပျူတာရဲ့ System Processes တွေလည်းရှိနေတော့ အမှားလုပ်လို့တော့မရဘူးဗျ ။

csrss.exe
dwm.exe
explorer.exe
LMutilps32.exe
Taskhost.exe
Winlogon.exe

ကျွန်တော်က အဲ့ဒီ Processes တွေကိုတော့ မ Kill ပါဘူး ။

Task Manager မရှိတော့ရင်တော့ Virus ကိုက်တာဖြစ်နိုင်သလို တစ်ယောက်ယောက် က Task Manager ကိုပိတ်ထားတာလည်း ဖြစ်နိုင်ပါတယ် ။

(ကျွန်တော်သိသလောက် ရေးသားခြင်းသာလျှင်ဖြစ်သည် လိုအပ်ချက် အမှာများရှိက ခွင့်လွတ်ပေးကြပါ ။)


                                                                                                 **  Htar Waie Thar **

တခုခုပြောခဲ့ချင်ပါက Comment , CBox ကနေ ပြောခဲ့နိုင်ပါတယ် ။


0 comments:

Post a Comment