Showing posts with label Internet Softwares. Show all posts
Showing posts with label Internet Softwares. Show all posts

Wednesday, August 26, 2015

Mozilla Firefox Browser Update 40.0.2 and Lastest Update Download






















Firefox Brower ကိုမှ အသုံးပြုရတာ နှစ်သက်သူများအတွက်ပါ။

ကျွန်တော်လည်း အဲ့ဘလောက်ဇာကိုပဲ အသုံးပြုရတာ နှစ်သက်ပါတယ်။

အခု ပို့စ်တင်နေတဲ့အချိန်ထိတော့ Update Version က 40.0.2 ပဲ ဖြစ်ပါတယ်။

ဗားရှင်းအသစ်ဖြစ်တဲ့အတွက် Security, Internet Usage Speed တွေကတော့ ပိုမိုကောင်းမွန်လာပြီး အသုံးပြုရ ပိုမိုလွယ်ကူလာပါတယ်။

အခု ကျွန်တော်အောက်မှာ Firefox Browser တွေကို အမြဲလိုလို Update လိုချင်သော သူများအတွက် လင့်ခ်ကို မျှပေးလိုက်ပါတယ်။ နောက်များမှာ Update Version ထွက်မယ်ဆိုလည်း အဲ့လင့်ခ်ကပဲ ဒေါင်းလုပ်ခ်ရယူနိုင်မှာပါ။



http://ftp.mozilla.org/pub/firefox/releases/latest/win32/en-US/



အဆင်ပြေပါစေနော့်။



Posted By

<<  Zaw Lay  >>

Ko Ko Zaw ( BE-EC )            www.htarwaiethar.org

Saturday, June 13, 2015

Internet Download Manager 6.23 Build 12 (Just 2Click To Install)







































Internet Download Manager Software လေးကို ကလစ်နှစ်ချက်နဲ့ Install လုပ်လိုက်တာနဲ့ အသုံးပြုနိုင်တဲ့ ဆော့ဝဲလ်လေးပါ။

ကိုဝင်းဆီမှာ တွေ့လို့ မျှပေးပေးလိုက်ပါတယ်။

Crack, Patch တွေ မသုံးတက်သော သူငယ်ချင်းတွေအတွက်ပါ။


Credit :  www.winkabarkyaw.net



Download   http://www34.zippyshare.com/v/gFzo5BLq/file.html



Posted By

<<  HTAR WAIE THAR  >>

Ko Ko Zaw ( BE-EC )      www.htarwaiethar.org

Saturday, March 21, 2015

PC Viber Version Standalone Installer ရနေပါပြီ


























PC Version Viber ကို ကျွန်တော် စသုံးတုန်းက Standalone Installer မရရှိသေးပါဘူး။

သုံးချင်တယ်ဆိုရင်တော့ Portable Viber လေးကို ဒေါင်းသုံးရမှာပါ။

မဟုတ်ရင်တော့ Live Installer ကို ဒေါင်းပြီး အွန်လိုင်းနဲ့ တိုက်ရိုက် သွင်းယူရတာမို့ အခက်ခဲအနည်းငယ်ရှိပါတယ်။

ဒီရက်ပိုင်းမှာ ကျွန်တော် ကွန်ပျူတာ ဗိုင်ဗာလေး ကွန်ပျူတာတစ်လုံး Install လုပ်စရာရှိလို့ Viber Official Site မှာ ဒေါင်းလုပ်ခ်သွားဆွဲတာ Live Version မဟုတ်ပဲ Offline Standalone Installer လေး ရရှိလာပါတယ်။

ဒါကြောင့် မိတ်ဆွေတို့လည်း ကွန်ပျူတာမှာ ဗိုင်ဗာထည့်သွင်းမယ်ဆိုရင် Viber Official Site မှာ အလွယ် တကူဒေါင်းလုပ်ခ်ရယူနိုင်ပါပြီနော့်။

http://www.viber.com/en/products/windows



Posted By

<<  HTAR WAIE THAR  >>

Ko Ko Zaw ( BE-EC )      www.htarwaiethar.org

Monday, October 13, 2014

Public WiFi အသုံးပြုသူများ ဆောင်ထားသင့်တဲ့ NetCut Defender Version 3





























Free WiFi ရတဲ့ နေရာတွေမှာ ဖုန်းတွေက WiFi Kill, Computer တွေက Net Cut လိုမျိုး ဆော့ဝဲလ်တစ်ခုခုကို အသုံးပြုပြီး ကိုယ်အသုံးပြုနေတဲ့ ကွန်ပျူတာကို အင်တာနက်မရအောင် လုပ်လို့ ကတော့ အခု ကျွန်တော်မျှဝေတဲ့ NetCut Defender လေးကိုသာ ဆောင်ထားလိုက်ပေါ့နော့်။

ကျွန်တော်က ဖရီးဝိုင်ဖိုင်မှာ သုံးရတာပါ။

အဲ့မှာဗျား ဖုန်းတွေက WiFi Kill Software တွေနဲ့ သုံးနေတော့ ကျွန်တော့်ကွန်ပျူတာလေးက အင်တာနက် ရတစ်ချက် မရတစ်ချက် ဖြစ်နေတာ။

ဒါကြောင့် ကျွန်တော် ဒီဆော့ဝဲလ်ကို မရရအောင် ရှာဖွေလိုက်ရတာပါ။

အသုံးပြုရတာ အဆင်ပြေပါတယ်။


ဆော့ဝဲလ်ကို မူရင်းလင့်ခ်

http://www.tools4free.net/download.htm


မှာ သွားရောက်လေ့လာနိုင်ပါတယ်။

ဒေါင်းလုပ်ခ်လဲ အဲ့မှာ ရယူနိုင်ပါတယ်။

System Support က Win 7 , Vista , XP စတာတွေ ဖြစ်ပါတယ်။

အဆင်ပြေပါစေနော့်။



Posted By

<<  HTAR WAIE THAR  >>

Ko Ko Zaw ( BE-EC )               www.htarwaiethar.org

Tuesday, October 7, 2014

XTreme Download Manager ( Open Source Sotware )






























ကျွန်တော် Free Open Source Download Manager လေးနဲ့ မိတ်ဆက်ပေးပါမယ်။

XTreme Download Manager လေးပဲ ဖြစ်ပါတယ်။

Installer က 1 MB တောင် မရှိပဲ စွမ်းဆောင်ရည်ကတော့ အတော်ကို ကောင်းတယ်လို့ ပြောရပါမယ်။

Website Link :      http://xdman.sourceforge.net/

မူရင်းဆိုဒ်မှာ ဆော့ဝဲလ်လုပ်ဆောင်ချက်တွေကို သွားရောက်လေ့လာနိုင်ပါတယ်။

ဒေါင်းလုပ်ခ်ဆွဲမယ်ဆိုရင်တော့

Download Page : http://xdman.sourceforge.net/download.html

သို့သွားရောက်ကာ ဒေါင်းလုပ်ခ်ရယူနိုင်ပါတယ်ခင်ဗျား။

အခု ကျွန်တော်ပို့စ်ရေးနေတဲ့အချိန်မှာဆိုရင်


Windows OS အသုံးပြုသူများအတွက်

Windows Installer (Win7/Vista/.NET 2.0) [4.7.2]



Linux OS အသုံးပြုသူများအတွက်

Linux DEB installer (Ubuntu/Mint/Debian based linux) [3.03]
Linux universal installer (Fedora/Arch/openSUSE/Chakra or any other linux distro (Generic installer)) [3.03]


အခြားသော OS ကို အသုံးပြုသူများအတွက် Java Platform Version ကို

MultiOS Zip (All OS with Java SE 6) [3.03]


အစသဖြင့်တွေ့ရှိနိုင်ပါတယ်။

Windows OS , Linux OS အတွက် သီးသန့် Installer ရရှိမှာဖြစ်ပြီး ကျန်သော Mac နှင့် အခြားသော OS သမားတွေအတွက်ကတော့ မိမိကွန်ပျူတာမှာ Java SE 6 ကို တင်ထားရမှာ ဖြစ်ပါတယ်။

Java Version ကို Windows OS , Linux OS တွေမှာ Java SE 6 တင်ပြီး စမ်းကြည့်နိုင်မှာပါ။

ကျွန်တော်ကတော့ ကြိုက်သွားပါပြီ။ IDM က Crack Version မို့ ဒေါင်းလုပ်ဆွဲရင် အူကြောင်ကြောင်ဖြစ်နေတာ အခုတော့ Download Manager အသစ်လေးနဲ့ အိုကေသွားပါပြီ။

Youtube က Video တွေလည်း အေးဆေးဒေါင်းနိုင်ပါတယ်ခင်ဗျား။







ကဲ့လိုအပ်သူများ သွားရောက်လေ့လာလိုက်နော့်။

အားလုံးအဆင်ပြေပါစေဗျာ။




Posted By

<<  HTAR WAIE THAR  >>

Ko Ko Zaw ( BE-EC )            www.htarwaiethar.org

Thursday, May 29, 2014

Proxy ကျော်ချင်တဲ့ သူငယ်ချင်းတွေအတွက် ProXPN


























ကျွန်တော့် သူငယ်ချင်း မိတ်ဆွေတွေထဲမှာ Proxy ကျော်ချင်ပြီး ကျော်လို့မရသော သူငယ်ချင်းတွေကို အခုလောလောဆယ် ကျွန်တော် သုံးနေသော ဆော့ဝဲလ် အကောင်းစားလေးကို ညွန်လိုက်ပါမယ်။

ProXPN ဆိုသော ဆော့ဝဲလ်ပါ။

တကယ်လည်း ကျော်လို့ရသော ဆော့ဝဲလ်ကောင်းတစ်ခု ဖြစ်ပါတယ်။

US ကိုပဲ ကျော်နိုင်မှာပါ။ ဖရီးအသုံးပြုသူအတွက် ပြောပါတယ်။ တကယ်လို့ ပိုက်ဆံပေးသုံးရင်တော့ ဘယ်နိုင်ငံမဆို ကျော်သုံးနိုင်မှာပါ။

https://proxpn.com/   မှာ ဆော့ဝဲလ်ကို ဖရီးဒေါင်းလုပ်ခ်ရယူနိုင်ပါတယ်။

ဆော့ဝဲလ်တစ်ခုတည်းနဲ့ ပြီးသွားတာမျိုး မဟုတ်ပါဘူး။

https://proxpn.com/  မှာ အီးမေးလ်နှင့် အကောင့်တစ်ခု ဖွင့်ရပါတယ်။

အကောင့်ရမှသာ မိမိအကောင့်နှင့် ဆော့ဝဲလ်ကို အသုံးပြုပြီး ဆာဗာကို ချိတ်ဆက်ရမှာပါ။

လိုင်း အနည်းငယ်ကောင်းမှသာလျှင် ဆာဗာနှင့် ချိတ်ဆက်မိမှာပါ။

ဆာဗာနှင့် ချိတ်ဆက်မိပါက အမှန်တကယ်ကို နိုင်ငံကျော်သွားတာကို Google ကို ကြည့်ခြင်းအားဖြင့် သိနိုင်ပါတယ်။

တစ်ခါတစ်ရံ ကနေဒါကို ရောက်သွားတက်ပါတယ်။


လိုအပ်သူများ အသုံးပြုနိုင်ပါစေနော့်။။။။။။။။။။။။။။။။။။



Posted By

<<  HTAR WAIE THAR  >>

Ko Ko Zaw ( BE-EC )       www.htarwaiethar.blogspot.com

Friday, April 18, 2014

ဝက်ဆိုဒ် ဘလော့ဂ်တစ်ခုလုံးကို ဒေါင်းလုပ်ခ်ဆွဲပြီး ကြည့်နိုင်တဲ့ HTTrack Website Copier





















ဝက်ဆိုဒ် ဘလော့ဂ်တစ်ခုလုံးကို ဒေါင်းလုပ်ခ်ဆွဲပြီး ကြည့်နိုင်တဲ့ HTTrack Website Copier Software လေးကို ကျွန်တော် မိတ်ဆက်ပေးပါမယ်။

တစ်ခါတစ်လေဗျာ ကျွန်တော်တို့က ဝက်ဆိုဒ်တစ်ခုက အရမ်းကို ကောင်းလွန်းတယ်။

နောက်ပြီး အကြောင်းအရာတွေပဲ သီးသန့်ရေးတင်ထားတယ်၊ အကြောင်းအရာ တစ်ခုကိုပဲ သီးသန့်ရေးတင်တဲ့ ဘလော့ဂ်ဆိုပါတော့ဗျာ။

ကျွန်တော်တို့က အဲ့ဒီဘလော့ဂ်က အချက်လက်တွေကို အကုန်လုံးလိုချင်ရင် တစ်ခုချင်စီ လိုက်ပြီး ကူးရတဲ့ ပြဿနာ ရှိတက်တယ်။

အဲ့လိုမျိုး ပြဿနာတွေကို ကျွန်တော် အခု မိတ်ဆက်တဲ့ HTTrack Website Copier Software လေးက ဖြေရှင်းနိုင်မှာပါ။

အခု ကျွန်တော် ပြောတဲ့ HTTrack Software လေး အကူညီနဲ့ မိတ်ဆွေတို့ ဒေါင်းလုပ်ခ်ဆွဲချင်သော ဘလော့ဂ် ဝက်ဆိုဒ် တစ်ခုလုံးကို ဒေါင်းလုပ်ရယူနိုင်မှာ ဖြစ်ပြီး ဒေါင်းလုပ်ရယူပြီးပါက Offline မှာ အင်တာနက် မရှိပဲ တကယ့် အင်တာနက်မှာ ဘလော့ဂ်ကို ကြည့်နေရ သလို ခံစားနိုင်ပါတယ်။

ဆော့ဝဲလ်က Free Open Source Software ကောင်းတစ်ခုပဲ ဖြစ်ပါတယ်။

ဆော့ဝဲလ်အကြောင်းကို မူရင်း Official Website

http://www.httrack.com   မှာ သွားလေ့လာနိုင်ပါတယ်။

ဒေါင်းလုပ်ခ်ရယူသုံးစွဲမည်ဆိုပါက ဒေါင်းလုပ်ခ်လင့်ဖြစ်သော http://www.httrack.com/page/2/en/index.html   မှာ ဒေါင်းလုပ်ခ်ရယူနိုင်ပါတယ်။

Windows OS Platform သာမက Linux Based OS တွေကိုပါ ထောက်ပံ့ပေးပါတယ်။

အသုံးပြုပုံက သိပ်မခက်ခဲတာကြောင့် ကျွန်တော် အသေးစိတ် မရေးတော့ပါဘူး။

အသုံးပြုပုံကို http://www.httrack.com/page/20/en/index.html  မှာလည်း လေ့လာနိုင်ပါတယ်။

အသုံးပြုချင်ရင်တော့ http://www.httrack.com   မှာ သာ သွားရောက် ဒေါင်းလုပ်ခ်ရယူပါလို့ပဲ ပြောပါရစေ။


အဆင်မပြေပါက Comment ချန်ထားနိုင်ပါတယ်ခင်ဗျား။


အဆင်ပြေပါစေနော့်။



Posted By

<<  HTAR WAIE THAR  >>

Ko Ko Zaw ( BE-EC )    www.htarwaiethar.blogspot.com

Sunday, March 2, 2014

Connectify Hotspot & Dispatch Pro 7.3.1.30389


























ကျွန်တော် Connectify Hotspot & Dispatch Pro 7.3.1.30389 လေးကို ဘလော့ဂ်မှာ မျှလိုက်ပါတယ်။

ဆော့ဝဲလ်အစွမ်းကလား

မိမိကွန်ပျူတာမှာ ရှိတဲ့ အင်တာနက်ကို အခြားသော ကွန်ပျူတာ၊ မိုဘိုင်လ်စနစ်တွေကို ဖြန့်ဝေနိုင်သော ဆော့ဝဲလ်ကောင်းလေးပါ။

ဆော့ဝဲလ်လေးနဲ့ဆိုတော့ ကိုယ့်ကွန်ပျူတာမှာ ရှိတဲ့ အင်တာနက်လိုင်းလေးကို အခြားသော သူငယ်ချင်တွေ ရှဲလို့ရတာပေါ့နော့်။

လိုအပ်သူများ ကြိုက်နှစ်သက်ရာ လင့်ခ်တစ်ခုခုကနေပြီး ဒေါင်းလုပ်ခ်ရယူနိုင်ပါပြီ။

ဖိုင်ဆိုဒ်က 8.7MB ပဲ ရှိပါတယ်။



မူရင်းဖော်ပြချက်။   ။

Best and wonderful solution for sharing your computer internet with other devices over WiFi, IF you have a 4G internet on your computer(connected via a USB modem) you can easily share his connection with your other devices like Tablet, Smart Phones,... You not need to be an experienced Networking professional or you not need to buy and hardware just install Connectify Hotspot and start your home WiFi Hotspot, Also with this software you can share files(Drag & Drop) between connected devices to your Hotspot so Connectify Hotspot making small Wi-Fi network for you, You can use any type of internet connections like 3G, 4G, DSL, WiFi, Ethernet, cable,... with Connectify Hotspot.

Create a local WiFi network easily and fast
Share your internet connection with any other devices have Wi-Fi feature
Support from all of common internet connection type like: 3G, 4G, DSL, WiFi, Ethernet, cable and tethered cellphones
Share easily files between connected devices
Limit the internet bandwidth usage
Well-suited for activities that involve downloading multiple files such as BitTorrent and web browsing
Small size, too easy usage and user-friendly interface
Compatible with different editions of Windows

1. Unpack and install.
2. Read included install.txt file.
3. Enjoy!

Free download Connectify Hotspot & Dispatch Pro full cracked version from multiple and high speed hosts!!!



Download Links


Connectify Hotspot & Dispatch Pro MixtureCloud (8.7 MB)    

Connectify Hotspot & Dispatch Pro FileCloud (8.7 MB)   

Connectify Hotspot & Dispatch Pro ZippyShare (8.7 MB)   

Connectify Hotspot & Dispatch Pro FilePurpose (8.7 MB)   

Connectify Hotspot & Dispatch Pro Uploaded.net (8.7 MB)   

Connectify Hotspot & Dispatch Pro Multimirror (8.7 MB)   



Source:   PlusCrack


Posted By

<<  HTAR WAIE THAR  >>

Ko Ko Zaw ( BE-EC )     www.htarwaiethar.blogspot.com

Sunday, February 16, 2014

FreeMake Video Downloader Software


















YouTube, Facebook and Twitter တို့မှာ ဗွီဒီယိုတွေ ဒေါင်းလုပ်ဆွဲဖို့ ဖရီးရရှိသော ဆော့ဝဲလ်တစ်ခု ဖြစ်တဲ့ FreeMake Video Downloader Software အကြောင်းလေးကို မျှဝေလိုက်မိပါတယ်။

တကယ်တော့ အဲ့လိုမျိုး ဗွီဒီယိုတွေကို Internet Download Manager, Free Download Manager လိုမျိုး ဆော့ဝဲလ်တွေကို အသုံးပြုပြီး ဒေါင်းလုပ်ဆွဲနိုင်ပါတယ်။

သို့သော်လည်း တစ်ခါတစ်လေမှာ Download Manager တွေက နည်းနည်းဇယားရှုပ်တယ်ဗျ။

ဒါကြောင့်လဲ ကျွန်တော်က ဗွီဒီယိုတွေကို ဒေါင်းလုပ်ခ်ရယူဖို့ FreeMake Video Downloader Software လေးကွန်ပျူတာမှာ အသုံးပြုတာ ဖြစ်ပါတယ်။

FreeMake Video Downloader Official Website က

http://www.freemake.com/   ပဲ ဖြစ်ပါတယ်။

http://www.freemake.com/free_video_downloader/   မှာ ဆော့ဝဲလ်ကို ဒေါင်းလုပ်ရယူသုံးစွဲနိုင်ပါတယ်။


ရရှိလာသော Setup File က Live Installer ပဲရမှာပါ။ အင်တာနက်ဖြင့်တိုက်ရိုက် Install ပြုလုပ်ရတာမျိုးကို ဆိုလိုတာပါ။

 တကယ်လို့များ မိတ်ဆွေတို့မှာ အင်တာနက်လိုင်းနှေးတယ်( ကျွန်တော့်လိုမျိုး ) ဆိုရင်တော့ Offline Installer ကို ဒေါင်းလုပ်ခ်ရယူသင့်ပါတယ်။



Offline Installer ကို 

http://www.freemake.com/offline/offline_all/   မှာ သွားရောက်ရယူနိုင်ပါတယ်။


လုပ်ဆောင်ချက်အသေးစိတ်ကို မူရင်းအတိုင်း ပြန်မျှလိုက်ပါတယ်။


1)  Free Video/YouTube Downloader

Video Downloader from Freemake is absolutely free, designed without any feature or time limitations, any hidden costs.


2)  Download Youtube MP3

Download Youtube MP3 in a fastest way. Download YouTube audio without quality loss. Freemake Youtube MP3 Downloader saves YouTube music in its original quality. MP3 download is possible for Youtube, Facebook, Dailymotion, Vimeo, etc. See supported sites
http://www.freemake.com/files/support/fm_eng/supported_websites.html


3)  Download YouTube with One Click

Set batch parameters for input quality, action, destination and our video downloader will automatically rip video in accordance with your saved settings.


4)  Download Video from 10,000+ Websites

Grab any web video from thousands of sites: YouTube, Facebook, Vimeo, TubePlus, Dailymotion, Veoh, Vevo, adult sites. Rip any embedded video no matter where it's hosted.


5)  Convert to AVI, MKV, 3GP, MP3, iPod, PSP, Android

Convert online video directly to AVI, MP4, MKV, WMV, 3GP, MP3. Convert YouTube to iPod http://www.freemake.com/how_to/free_youtube_to_ipod , iPhone, iPad, PSP, Android. Use ready-made profiles for portable devices.


6)  Facebook Video Downloader

Download Facebook video in any resolution, in AVI, 3GP, MP3 or MKV. Download to supported portables.


7)  YouTube Converter   http://www.freemake.com/free_youtube_converter/

Use Freemake as easy YouTube Converter to AVI, MKV, MP3, 3GP, iPod, iPhone, PSP, Android.


8)  HD, HQ & 4K YouTube Downloader

Download YouTube video in 4K 4096p, HD 1080p, HD 720p, 480p, 360p, 240p. The available formats for video download are MP4, FLV, WebM.


9)  Download YouTube Ad-Free Video

YouTube Downloader from Freemake automatically removes ads placed on YouTube videos. Download YouTube video without annoying ads!


10)  Download YouTube Private & Embedded Videos

Download YouTube private & YouTube videos embedded into other sites.




ကျွန်တော် သိပ်ကြိုက်သော ဆော့ဝဲလ်ကောင်းတစ်ခုပဲ ဖြစ်ပါတယ်။

ဖရီးပေးပြီး စွမ်းအားကောင်းသော ဆော့ဝဲလ်တစ်ခုသာ ဖြစ်ပါတယ်။

မိတ်ဆွေတို့လည်း ကြိုက်နှစ်သက်တယ်ဆိုရင် သုံးကြည့်လိုက်နော်။




Posted By

<<  HTAR WAIE THAR  >>

Ko Ko Zaw ( BE-EC )     www.htarwaiethar.blogspot.com

Saturday, February 15, 2014

YouTube Video တွေကိုအလွယ်တကူနဲ့ဒေါင်းပေးမဲ့ .. FreeYouTubeDownloader ( for PC )










Youtube Video တွေကို ဒေါင်းဖို့ အခက်အခဲ
ဖြစ်နေတဲ့ မိတ်ဆွေ များအတွက် FreeYouTubeDownloader
လေးကိုတင်ပေး လိုက်ပါတယ်ခင်ဗျာ. အသုံးပြု
နည်းလေးက ရိုးရှင်းပါတယ်.. လွယ်ပါတယ်နော်.Video
ဖိုင်အမျိုးအစားပါတခါတည်း Convert လုပ်ပေးတယ်
လို့ဆိုထားပါတယ်. အောက်မှာ ဒေါင်းယူနိုင်ပါတယ်ခင်ဗျာ.



DOWNLOAD

LINK (1)    

LINK (2)      

www.mmitsky.com



Posted From::

ကိုမြတ် (BE-Mechatronics)    http://www.mcmyatkyawthu.blogspot.com/

Tuesday, January 21, 2014

Hide IP Easy 5.3.2.2
















အင်တာနက် အသုံးပြုရင် ကိုယ့် IP ကို ဖျောက်ပြီး အသုံးပြုချင်သူများအတွက် ကျွန်တော် Hide IP Easy Version 5.3.2.2 လေးကို ရှာလာပါတယ်။

လိုအပ်သူများ ဒေါင်းလုပ်ခ်ရယူနိုင်ပါပြီခင်ဗျား။



မူရင်းဖော်ပြချက်:::::::::


Hide IP Easy enables you to hide your real IP with a fake one, surf anonymously, prevent hackers from monitoring your activity, and provide full encryption of your online activity, all with the click of a button. Keeping your privacy is simple and easy. Use Hide IP Easy to keep your IP address hidden, ensure your privacy, provide full encryption of your online activity, and protect your identity and other personal information against hackers, all with a simple click of Hide IP button.
With Hide IP Easy, you can send anonymous emails, un-ban yourself from forums, Blogs, etc. Your identity is secure, protected, and anonymized. With it, you are able to be assigned one of our many fake proxy IP addresses which can be from different countries such as United States, United Kingdom, France, etc. Hide IP Easy works with Internet Explorer, Firefox, Opera, Maxthon, MyIE and is compatible with all types of routers, firewalls, home networks, wireless networks and any other kind of Internet.


Protect your privacy easily from hackers, ISP,...
Prevent from tracking your online activities, tracing your exact location or intercepting
Select Your Physical IP location
Send anonymous emails
Surf blocked websites(by ISP)
Compatible with all of popular web browsers
Compatible with different editions of windows like:Windows 2000/XP/Vista/7(32-bit and 64-bit)
Small size and easy to use...



Hide IP Easy Mixturecloud (2.8 MB)    

Hide IP Easy FileCloud (2.8 MB)    

Hide IP Easy ZippyShare (2.8 MB)   

Hide IP Easy FilePurpose (2.8 MB)   

Hide IP Easy Uploaded.net (2.8 MB)   

Hide IP Easy Tusfiles (2.8 MB)     

Hide IP Easy Uploadinc (2.8 MB)    

Hide IP Easy Multimirror (2.8 MB)   



<<  HTAR WAIE THAR  >>

Ko Ko Zaw ( BE-EC )     www.htarwaiethar.blogspot.com

Sunday, December 22, 2013

Super Hide IP 3.3.7.2


















Super Hide IP 3.3.7.2  ဗားရှင်းအသစ်လေးပါ။

လိုအပ်သူများ ဒေါင်းလုပ်ရယူနိုင်ပြီခင်ဗျား။

အင်တာနက် အသုံးပြုရင် ကိုယ့် IP ကို ဖျောက်ထားချင်လိုသူများ အသုံးတည့်မည့်ဆော့ဝဲလ်ကောင်းဖြစ်ပါတယ်။

ဖိုင်ဆိုဒ်က 2.9 MB ပဲ ရှိပါတယ်။

ကျွန်တော် ဒေါင်းလုပ်ခ်လင့်တွေ အများကြီးပေးထားပါတယ်။

ကြိုက်နှစ်သက်ရာ လင့်ခ်တစ်ခုခုကနေပြီး ဒေါင်းလုပ်ခ်ရယူနိုင်ပါတယ်ခင်ဗျား။



Super Hide IP MixtureCloud (2.9 MB)     

Super Hide IP FileCloud (2.9 MB)   

Super Hide IP ZippyShare (2.9 MB)   

Super Hide IP FilePurpose (2.9 MB)  

Super Hide IP TusFiles (2.9 MB)   

Super Hide IP Uploadinc (2.9 MB)  

Super Hide IP Multimirror (2.9 MB)  


**  ကိုကိုဇော် ( BE-EC )    www.htarwaiethar.blogspot.com

Monday, October 7, 2013

Internet Download Manager Software ဗားရှင်းမှန်သမျှကို အလွယ်ဆုံးအမြဲအသုံးပြုလို့ရအောင်လုပ်နည်း

















ကျွန်တော်လည်း ရေးမယ်ရေးမယ်နဲ့ အချိန်အတော်ကို ကြာသွားပါတယ်။

သိတဲ့လူတွေကတော့ ကျော်သွားလို့ရပါတယ်။

မသိသေးသော Begineer အတွက်ပဲ ရည်ရွယ်ပါတယ်။

ကျွန်တော် ဒီစာအုပ်မှာ အင်တာနက်မှ ဖိုင်များ Download ဆွဲရာမှာ နာမည်ကြီးဆော့ဝဲလ်ဖြစ်သော IDM Software Version မှန်သမျှကို ဖူးလ်ဗားရှင်းဖြစ်အောင် All in One IDM Patch လုပ်နည်းလေးကို ရေးပေးပါမယ်။

တကယ်က IDM Software က http://www.internetdownloadmanager.com/ မှာ ပိုက်ဆံပေးဝယ်ရသော ဆော့ဝဲလ်တစ်ခုဆို ပြောပါရစေ။ ဖရီးရက် ၃၀ ပေးသုံးပါတယ်။

စျေးနှုန်းက US $ 24-30 ပတ်ဝန်းကျင်မှာ ရှိပါတယ်။ မြန်မာငွေနဲ့ဆိုရင် နှစ်သောင်းကျော်၊သုံးသောင်း နီးပါး ကျပါတယ်။

တကယ်က ဝယ်သုံးမယ်ဆိုရင် ဝယ်သုံးနိုင်သော စျေးဖြစ်သော်လည်း ကျွန်တော်တို့ မြန်မာပြည့်မှာ ဆော့ဝဲလ်အရောင်းဠာန မရှိလို့ ဝယ်လို့မရပါဘူး။ တကယ်လို့များ အွန်လိုင်းဘဏ်အကောင့်ထဲမှာ နိုင်ငံခြားငွေရှိရင်တော့ ဝယ်နိုင်မှာပါ။


ကျွန်တော်ရေးမည့်နည်းလေးက လွယ်ပါတယ်။

လိုအပ်ချက်က:::

၁) IDM Installer Trial Version  http://www.solidfiles.com/d/b33cd9b879/   ( မူရင်းဆိုဒ်မှာလည်း Download ရယူနိုင်ပါတယ်။ )

၂) All in One IDM Patch  http://www.solidfiles.com/d/bb563e4d53/



အသုံးပြုပုံက အရင်ဆုံး အင်တာနက်ကို ပိတ်ထား။

IDM Installer Trial Version ကို ကွန်ပျူတာမှာ Install ပြုလုပ်။

ပြီးသွားရင် Patch File လေးကို C:\Program Files\Internet Download Manager Folder အောက် ကိုကူးထည့်။

Patch File ကို Run။

Patch Buttom လေးကို ကလစ်။

First Name မေးပါတယ်။ ကြိုက်ရာ နာမည်တစ်ခုရိုက်ထည့်။

ပြီးရင် Last Name မေးပါတယ်။ ကြိုက်ရာ နာမည်တစ်ခု ရိုက်ထည့်။

IDM Patch လုပ်တာ အောင်မြင်ကြောင်း စာတန်းပေါ်လာပါတယ်။ လုံးဝကို IDM ကို ဖူးဗားရှင်း အဖြစ်အသုံးပြုလို့ရပါပြီ။

ကျွန်တော်စမ်းထားတာ IDM 6.17 ပါ။ အခု 6.18 ထွက်နေပါပြီ။ ကြိုက်တဲ့ဗားရှင်းကို ကျွန်တော်ပေးထားသော Patch File လေးကို အသုံးပြုပြီး Patch လုပ်နိုင်ပါတယ်။

ကျွန်တော်စမ်းသပ်ထားပုံလေးကို စာအုပ်လေးအဖြစ်လုပ်ထားပါတယ်။ဒေါင်းလုပ်ခ်ရယူနိုင်ပါတယ်ခင်ဗျား။

ပုံလေးတွေနဲ့ဆိုတော ကြည့်ရတာ ပိုပြီးအဆင်ပြေသွားတာပေါ့နော့်။

စာအုပ်ဖိုင်ဆိုဒ်က 1.03 MB.


Download 


**  ကိုကိုဇော် ( BE-EC )

Thursday, September 12, 2013

Internet Download Manage အသုံးပြုနည်း ( အခြေခံ )

















Internet Download Manager Software ကတော့ အင်တာနက်ကို အသုံးပြုသူ အတော်များကြီးကို သိသော ဆော့ဝဲလ်တစ်ခု ဖြစ်သလို အသုံးပြုလို့လည်း ကောင်းသော ဆော့ဝဲလ်ကောင်းတစ်ခုပဲ ဖြစ်ပါတယ်။

ကျွန်တော်လည်းပဲ အင်တာနက်မှ ဖိုင်များ ဒေါင်းလုပ်ခ်ချဖို့အတွက် သူ့ကိုပဲ အားထားက အသုံးပြုပါတယ်။

အခုကတော့ ကျွန်တော် IDM ကို အသုံးပြုမှုနည်းလမ်းလေး နည်းနည်းကို ရေးသားပါမယ်။

ဆော့ဝဲလ်က အသုံးပြုရတာ ကောင်းသော်လည်း တစ်ခါတစ်ရံမှာ သူများကွန်ပျူတာမှာ အဆင်ပြေသော်လည်း မိမိကွန်ပျူတာမှာ ပြဿနာတက်နေသော သူများအတွက် ရည်ရွယ်ပါတယ်။

ကျွန်တော်လည်း တစ်ခါတစ်လေ တိုင်ပတ်ဖူးလို့ ကျွန်တော် သိသော အကြောင်းများကို ပြန်လည်ရေးသားလိုက်ပါတယ်။



၁) Add On ကိစ္စ

IDM ကို ကွန်ပျူတာမှာ တပ်ဆင်လိုက်တာပြီးသွားတာနဲ့ IDM Add On တစ်ခုက Firefox မှာ အော်တို Install ပြုလုပ်ပါတယ်။ ဒါကတော့ ပုံမှန်ပါ။

အဲ့လို အော်တိုမလုပ်တော့ရင် ဘယ်လိုလုပ်ရမလဲ။

သိပ်တော့ မခက်ပါဘူး။

- ဖြစ်နိုင်ခြေကတော့ Browser > Add On မှာ ရှိပေမဲ့ Disable ဖြစ်နေတက်တာမျိုး ရှိတက်ပါတယ်။ အဲ့လိုမျိုးဆိုရင်တော့ Enable လေးကို ကလစ်လုပ်ပြီး Browser လေးကို Restart ချပေးလိုက်ရင် အိုကေပါတယ်။

- နောက်တစ်ခု ဖြစ်နိုင်တာကတော့ IDM Install ပြုလုပ်ပြီးတာနဲ့ ဆော့ဝဲလ်က ဘလောက်ဇာမှာ သူ့ Add On ကို Install ပြုလုပ်ဖို့ ကြိုးစားတာကို ကျွန်တော်တို့က မလုပ်လိုက်တာပဲ ဖြစ်ပါတယ်။
ဘယ်လိုမျိုးလည်းဆိုတော့ ဘလောက်ဇာကို ဖွင့်လိုက်တာနဲ့ IDM အမည်လေးနဲ့ Box တစ်ခုတက်လာပြီး Allow This Plug In Installation ဆိုပြီး တက်လာတာမျိုးကို ကျွန်တော်တို့က ပိတ်လိုက်ရင်လည်း ဘလောက်ဇာမှာ IDM လေးက ရှိမှာ မဟုတ်ပါဘူး။ ဒါပေမဲ့လဲ အဲ့လိုမျိုး ပြဿနာကို ဘလောက်ဇာကို ဖွင့်ပြီး Add On > Search မှာ IDM လို့ ရိုက်ထည့်ပြီး Manual ပြန်ပေါင်းထည့်ရင်လည်း အိုကေပါတယ်။

- နောက် တစ်ခု ဖြစ်နိုင်တာကတော့ IDM က မသိသော ဘလောက်ဇာတွေမှာ ဖြစ်တာမျိုးပါ။ ဉပမာ Wyzo , Mathron  လိုမျိုး ဘလောက်ဇာတွေဆိုရင် IDM က သူတို့ကို မသိလို့ အဲ့ဒီဘလောက်တွေမှာ ဒေါင်းလုပ်ခ်ဆွဲစရာ ရှိရင် IDM က မတက်လာတာမျိုးပါ။
ဖြေရှင်းနည်းကတော့ လွယ်ပါတယ်။
IDM ကို ဖွင့် >  အပေါ်ဆုံး Menu Bar က Download ကို ကလစ် > Options ကို ကလစ် > General Tab အောက်မှာ IDM က အဆင်ပြေသော ဘလောက်ဇာတွေကို ဖော်ပြပေးထားပါတယ်။

တကယ်လိုများ ကိုယ်အသုံးပြုသော ဘလောက်ဇာက အဲ့မှာမပါရင် ကိုယ်ဘာသာ ပေါင်းထည့်လို့ရပါတယ်။

အဲ့ဒီမှာ ဘလောက်ဇာတွေ အောက်က Add Browser  လေးကို သတိပြုမိမှာပါ။ သူ့ကို ကလစ်လုပ်ပါ။

Please locate the browser executable file on the nest dialog.  ဆိုသော စာတန်းနဲ့ ဘောက်စ် တစ်ခုတက်လာပါတယ်။ OK ကို သာ ကလစ်လုပ်ပါ။

အဲ့မှာ C:\Program Files  အောက်ကို ရောက်သွားပါတယ်။ ကိုယ် အသုံးပြုသော ဘလောက်ဇာ.exe  Files လေးကို ညွန်းပေးလိုက်ရင် ရပါတယ်။

ဉပမာ ကျွန်တော့် Wyzo  အတွတ်ဆိုရင် C:\Program Files\Wyzo\Wyzo.exe  လေးကို ညွန်းပေးပြီး Open လေးကို ကလစ်လုပ်လိုက်ရင် အိုကေပါတယ်။



၂) File Type ကိစ္စ

ဒီ ကီစ္စကလည်း အရေးပါပါတယ်။

ကျွန်တော်တို့ အသုံးပြုသော IDM က အင်တာနက်မှာ အသုံးပြုသော ဖိုင်ပေါင်းစုံကို ဒေါင်းလုပ်ခ်ချနိုင်တာ မှန်သော်လည်း သူ့မူရင် Setting မှာတော့ ဖိုင်အားလုံးကို ဖော်ပြထားတာ မဟုတ်တဲ့ အတွက် ဖိုင်တွေ အားလုံးကို IDM နဲ့ ဒေါင်းနိုင်တာ မဟုတ်ပဲ ဘလောက်ဇာ ဒေါင်းလုပ်ခ်နဲ့ တစ်ခါတစ်လေး ဒေါင်းလုပ်ခ်ချတက်တာမျိုးတွေကို အင်တာနက် အသုံးပြုသူများ သတိထားမိမှာပါ။

ဉပမာ *.apk ( Android Application ) , *.xml ( Blogger Template )  စသော ဖိုင်အမျိုးအစားတွေကို ဒေါင်းလုပ်ချရင် IDM က မတက်ပဲ မူရင် Browser Downloader နဲ့ Save As လုပ်ရတာမျိုးတွေ ရှိပါတယ်။

ဒါမျိုးကို ကျွန်တော်တို့ ကိုယ့်ဘာသာ ပြန်ပြင်ယူလို့ရပါတယ်။

နည်းလမ်းကတော့ IDM ကို ဖွင့် >  Download Buttom > Options > File Type မှာ IDM က ဒေါင်းလုပ်ချနိုင်သော ဖိုင်အမျိုးအစားများကို ဖော်ပြထားပါတယ်။ တကယ်လို့များ ကိုယ်ဒေါင်းလုပ်ချချင်သော ဖိုင်ကို မတွေ့ပါက ဉပမာ *.apk  ဆိုတာလေးကို ထည့်ချင်ပါက လွတ်တဲ့နေရာမှာ APK လို့ ရိုက်ထည့်လိုက်ရင် အဆင်ပြေပါတယ်။

ရိုက်ထည့်နည်းကတော့ အရှေ့မှာ 3GP MP4 MP3 စသည်တို့ ကြားထည့်ချင်ပါက 3GP APK MP4 MP3  အစရှိသလို ထည့်သွင်းနိုင်ပါတယ်။ File Extension တွေက စာလုံးအကြီးတွေ ဖြစ်ပြီး တစ်ခုနဲ့ တစ်ခုကြားမှာ Space တစ်ချက်ခြားပါတယ်။

အဲ့လိုမျိုးနည်းနဲ့ ကိုယ်လိုချင်သော ဖိုင်အမျိုးအစားကို ပေါင်းထည့်နိုင်သလို မလိုတာများလည်း ပြန်ဖြုတ်နိုင်ပါတယ်။


၃ ) Website Download

IDM ကို အသုံးပြုပြီး ကိုယ်ကြိုက်နှစ်သက်သော ဘလော့ဂ်ဆိုဒ်ကို ဒေါင်းလုပ်ချနိုင်ပါတယ်။

ပြုလုပ်နည်းကတော့ IDM  ကို ဖွင့် > အဲ့မှာ Grabber  ဆိုတာလေးကို တွေ့မှာပါ။ သူ့ကို ကလစ်လုပ်ပါ။ >  Project Name မှာ ကိုယ် ကြိုက်ရာအမည်ပေးပါ။  Site Address  မှာ ဒေါင်းလုပ်ချချင်သော ဆိုဒ်ကို ရိုက်ထည့်ပါ။ ဉပမာ ။ www.example.com နောက် Project Template  မှာတော့ ကိုယ်နှစ်သက်ရာ တစ်ခုခုကို လေ့လာပြီ ထည့်သွင်းပြီး Next ကို ကလစ်လုပ်လိုက်ရင် ဖိုင်တွေ သိမ်းဖို့နေရာတွေဆီကို ရောက်သွားပါမယ်ခင်ဗျား။


ကျွန်တော့်ဆိုဒ်မှာ IDM ကို တင်ပေးထားတာမရှိတာရယ် ၊ နောက် ကျွန်တော်လည်း အချိန်လေး သိပ်မရလို့ ဒီလောက်နဲ့ ပဲ ပို့စ်ကို ရပ်ထားပါမယ်။

နောက်မှ ကျွန်တော် ပုံများနှင့် တကွ အသေးစိတ်ရေးသားပေးပါမယ်ခင်ဗျား။


**  ကိုကိုဇော် ( BE - EC )

Sunday, July 7, 2013

Express Files ( Cracked Software , Music and Video Download Manager )

















ဒီဆော့ဝဲလ်ကတော့ အတော်ကို လန်းတယ်လို့ ပြောရမယ်ဗျ။

ဆော့ဝဲလ်ကို ကျွန်တော် မြန်မာမိသာစုဖိုရမ်မှာတွေ့လို့ စမ်းကြည့်တာ အတော်ကို ကောင်းပါတယ်။

ဆော့ဝဲလ်က ကျွန်တော်တို့ အမြဲလိုလိုပဲ ရှာဖွေရတဲ့ Cracked Software တွေကိုရှာဖွေပေးနိုင်ပြီး ဒေါင်းလုပ်ခ်ရယူနိုင်တယ်၊ နောက် သီချင်းတွေ၊ ဗွီဒီယိုဖိုင်တွေကိုလည်း ရှာဖွေကာ ဒေါင်းလုပ်ခ်ချနိုင်တာ တွေရပါတယ်။

နောက် သူမှာ အော်တိုဖိုင်ကို Resume Function ပါတာကြောင့် ဖိုင်တွေဒေါင်းလုပ်ခ်ချရင်း လိုင်းကျသွားရင် ပြန်ပြီးဒေါင်းလို့ရတာတွေက အားသာချက်တွေဖြစ်နေပါတယ်။

ဆော့ဝဲလ်က ဖရီးလုံးဝရပါတယ်။

မူရင်းလင့် http://www.express-files.com/download မှာ သွားရောက်လေ့လာဒေါင်းလုပ်ခ်ရယူသုံးစွဲနိုင်ပါတယ်ခင်ဗျား။

ဖိုင်ဆိုဒ်က 5.2 MB ရှိပါတယ်။

ဆော့ဝဲလ်ကို ကွန်ပျူတာမှာ တပ်ဆင်လိုက်ပြီးတာနဲ့ ဆော့ဝဲလ်ကို ဖွင့်လိုက်ရင် Search Box လေးတစ်ခုကို အလွယ်တွေ့မှာပါ။

ကျွန်တော့်ပို့စ်က ပုံမှာလည်း မြင်နိုင်ပါတယ်။

အဲ့ဒီ Search Box မှာ ကိုယ်လိုချင်သော ဆော့ဝဲလ် ၊ သီချင်း ၊ ဗွီဒီယိုကို သာရိုက်ထည့်လိုက်တာနဲ့ ခဏလေးအတွင်းမှာ ကိုယ်ရှာထားတာကို ဖိုင်ဆိုဒ်နဲ့ Download Buttom ကိုတွဲကာ ဖော်ပြပေးပါတယ်။

ကိုယ်ကြိုက်ရာများကို Download Buttom လေးကို ကလစ်ပြီး ဒေါင်းလုပ်ခ်ရယူနိုင်ပါတယ်။

ဆော့ဝဲလ်များရှာရင်တော့ Crack ပါသော ဆော့ဝဲလ်များကို ရှာဖွေပေးတာမို့ Cracked Software တွေရဲ့ ထုံးစံအတိုင်း Anti-Virus တော့ပိတ်ထားဖို့လိုပါတယ်ခင်ဗျား။

တကယ်လို့များ မူရင်းလင့်က ဆော့ဝဲလ်ကို ဒေါင်းတာအဆင်မပြေရင် အဆင်ပြေအောင် ကျွန်တော်နောက်တင်ပေးသော လင့်ခ်ကလည်း ဒေါင်းလုပ်ခ်ရယူနိုင်ပါတယ်။

ကျွန်တော်တင်ပေးထားသော ဖိုင်ကို အောက်မှာ ဒေါင်းလုပ်ခ်ရယူနိုင်ပါတယ်ခင်ဗျား။

Download 

**  ကိုကိုဇော် ( BE-EC )

Thursday, May 23, 2013

အရမ်းမြန်သော Wyzo Internet Browser


















ဒီ Wyzo Browser လေးကတော့ ကျွန်တော် မနေ့ကမှ စမ်းသုံးထားသော ဘလောက်ဇာလေးပါ။

အင်တာနက်ဖွင်တာတော့ အတော်ကို မြန်သော ဘလောက်ဇာပါပဲ။

မူရင်းလင့်   http://www.wyzo.com/download/ မှာ ဖရီးဒေါင်းနိုင်ပါတယ်။

အခုလောလောဆယ်တော့ ဆော့ဝဲလ်တင်တာနဲ့ အသုံးပြုပုံလေးတွေကို စာမရေးရသေးလို့ ဆော့ဝဲလ်အကြောင်းကိုပဲ ပြန်မျှလိုက်ပါတယ်။

ဆော့ဝဲလ် တင်တာက သိပ်မခက်ပါဘူး။ သာမန်ပါပဲ။ Installer ကို Run ပြီးတင်လိုက်ရင်ရပါတယ်။

ဆော့ဝဲလ် မြင်ကွင်းပုံစံက FireFox နဲ့ ပုံစံတူပါတယ်။ အင်တာနက်ဖွင့်တော့ Chrome ပုံစံနဲ့ပါ။

ဘလောက်ဇာနှစ်ခုရဲ့ ကောင်းတာလေးတွေကို စုစည်းထားသော ပုံစံပါပဲ။

**  ကိုကိုဇော် ( BE-EC )

Thursday, May 9, 2013

Free Download Manager ( ဆော့ဝဲလ်တင်နည်း အသုံးပြုနည်း )















Free Download Manager Software ကတော့ အင်တာနက်က ဖိုင်များ ဒေါင်းရင် လွယ်ကူအောင် ဆောင်ရွက်ပေးသော ဆော့ဝဲလ်တစ်ခုပါပဲ။

သူ့ကို မူရင်းလင့် www.freedownloadmanager.org  မှာ သွားရောက်လေ့လာ ဒေါင်းနိုင်ပါတယ်။

ဆော့ဝဲလ်က ဖရီးရပါတယ်။

ဆော့ဝဲလ် ဒေါင်းနည်း ၊ ကွန်ပျူတာမှာ တပ်ဆင်ပုံ ၊ အသုံးပြုပုံ အကျဉ်းကို ကျွန်တော် ပြန်လည်ကာ ရေးသားထားပါတယ်။

တကယ်က ဆော့ဝဲလ်က တင်ရတာ အသုံးပြုရတာ သိပ်မခက်ပါဘူး။

ကျွန်တော် ရေးထားသော ဖိုင်ကို လိုချင်ရင် အောက်မှာ ဒေါင်းနိုင်ပါတယ်။

ဖိုင်ဆိုဒ်က 3.6 MB လောက်ရှိပါတယ်။

Download  


**  ကိုကိုဇော် ( BE-EC )

Monday, April 8, 2013

your freedom software အသုံးပြုနည်း


















Your Freedom Software ကတော့ အင်တာနက် အသုံးပြုမှုများတွင်ပါသော Proxy Sever ကျော်သော ဆော့ဝဲလ်တမျိုးပါ ။

သူ့ကို မူရင်းလင့် www.your-freedom.net မှာ Free Download ရယူနိုင်ပါတယ် ။

ကျွန်တော်မှာတော့ ဆော့ဝဲလ်အသုံးချမှု စာအုပ်လေးပါ ရှိတာမို့ ပြန်ရေးပေးလိုက်ပါတယ် ။

စာအုပ်ထဲမှာ ဆော့ဝဲလ်ကို ဒေါင်းတာရော အသုံးပြုတာပါ အပြည့်အစုံ ဖော်ပြထားတာတွေ့ရပါတယ် ။

စာအုပ်ကို www.myomyintthu.blogspot.com က ရေးထားတာဖြစ်ပါတယ် ။

ဖိုင်ဆိုဒ်ကတော့ 900 KB လောက်ပဲရှိပါတယ် ။

Download 

**  Htar Waie Thar