Showing posts with label မိုဘိုင်းလ်ဖုန်း ဗဟုသုတများ. Show all posts
Showing posts with label မိုဘိုင်းလ်ဖုန်း ဗဟုသုတများ. Show all posts

Friday, February 7, 2014

စမတ်ဖုန်း ပေါက်ကွဲမှု တွေ မဖြစ်အောင် ရှောင်ကြဉ်သင့်တဲ့ အချက်များ
















အင်တာနက်စာမျက်နှာတွေမှာ စမတ်ဖုန်းပေါက်ကွဲမှုကြောင့် အသုံးပြုသူတွေ ထိခိုက် ဒဏ်ရာ ရတဲ့ သတင်းတွေ မကြာခဏ တွေ့နေရပါတယ်။ ဒီလို စမတ်ဖုန်းပေါက်ကွဲမှု တွေ ဖြစ်ပေါ်နေတာ နှစ်တွေ ကြာမြင့်နေပြီဖြစ်ပါတယ်။ ပေါက်ကွဲတဲ့ စမတ်ဖုန်း တွေ ဟာ ထုတ်လုပ်သူ ရဲ့ မှားယွင်းမှု လည်း တစ်စိတ်တစ်ပိုင်းဖြစ်ပေမယ့် အသုံးပြုသူရဲ့ မပြုလုပ်သင့် တဲ့ လုပ်ဆောင်ချက်တွေကြောင့်လည်းဖြစ်ပါတယ်။ စမတ်ဖုန်း အသုံးပြုသူတွေ ရှောင်ကြဉ် သင့် တဲ့ အချက်တွေကို ဖော်ပြလိုက်ပါတယ်။

၁။ စမတ်ဖုန်း ကို ဖြစ်စေ ဘက်ထရီ ကိုဖြစ်စေ အပူချိန်များတဲ့ နေရာ မှာ မထားသင့်ပါ။ အထူးသဖြင့် နေရောင်တိုက်ရိုက်ထိတွေ့ခြင်းကို ရှောင်ကြဉ်ပါ။

၂။ စမတ်ဖုန်းကို Overclock ပြုလုပ်ပြီး အသုံးပြုခြင်းကို ရှောင်ကြဉ်ပါ။ စမတ်ဖုန်း ဟာ အလွန်ပူနေရင် အလုပ်မခိုင်းစေဘဲ အနားပေးထားသင့်ပါတယ်။

၃။ လူတော်တော်များများက ညဘက် အိပ်ရာ ၀င်ရင် အားသွင်းလေ့ရှိကြပြီး အိပ်ယာ နားမှာ ပဲ အားသွင်းတတ်ကြပါတယ်။ အားသွင်းတဲ့ နေရာ ကို အိပ်ယာ နဲ့ ဝေးဝေး ထားသင့်ပါတယ်။ အိပ်ယာ မဝင်ခင်အားသွင်းသင့်ပြီး အိပ်ယာ ၀င် မှ အားသွင်းခြင်းကို ရှောင်ကြဉ် သင့်ပါတယ်။

၄။ ထုတ်လုပ်သူ ရဲ့ Battery, Charger တွေကို ပဲ အသုံးပြုသင့်ပါတယ်။

၅။ စမတ်ဖုန်း ကို ရေနဲ့ မထိမိစေရန် ဂရုစိုက်သင့်ပါတယ်။

ဒါတွေကတော့ စမတ်ဖုန်း အသုံးပြုသူတိုင်း ဂရုစိုက် သင့် တဲ့ အကြောင်းအရာတွေ ပဲဖြစ်ပါတယ်။

Ref:Myanmar Digital Life Journal



<<  HTAR WAIE THAR  >>

Ko Ko Zaw ( BE-EC )    www.htarwaiethar.blogspot.com

Saturday, February 1, 2014

SIM Card အကြောင်း သိကောင်းစရာ
















 Credit To: Tech & Security News
Post By Ko Htut  

 SIM ဆိုတာ မိုဘိုင်းဖုန်းတွေနဲ့ ကွန်ပျူတာတွေလိုမျိုး စက်ပစ္စည်းတွေမှာ Subscriber တွေအသုံးပြုနိုင်ဖို့ ID အလိုက် တိုက်ဆိုင်စစ်ဆေးတဲ့ သက်ဆိုင်ရာ key တွေနဲ့ International Mobile Subscriber Identity (IMSI) တို့ကို လုံခြုံစွာထိန်းသိမ်းထားနိုင်တဲ့ Integrated Circuit တစ်ခုပဲဖြစ်ပါတယ်။ Subscriber Identity Module ( Subscriber Identification Module) ရဲ့အတိုကောက်ပါ။

လွယ်လွယ်ကူကူသယ်ဆောင်နိုင်တဲ့ memory chip အမျိုးအစား ဖြစ်ပြီး GSM (Global System for Mobile Communications) network မှာသုံးတဲ့ cell phone တွေမှာ အသုံးများပါတယ်။
SIM Card တွေကို H1, H2, H3,H4 ဆိုပြီးအမျိုးအစားလေးမျိုးခွဲခြားထား ပါတယ်။

H1= Normal Network
H2= Better Network , Means Strong
H3= More Better Network , Means Stronger
H4= Normal, Better, More Better Is Nothing In Front OF This Sim

များသောအားဖြင့်တော့ H4 SIM တွေကို အဖွဲ့အစည်းတွေနဲ့ စစ်ဘက်မှ အရေးကြီး ပုဂ္ဂိုလ်တွေအတွက် ထုတ်လုပ်လေ့ရှိပါတယ်။

မိုဘိုင်းကုမ္ပဏီတွေဟာ User တိုင်းအတွက် H4 SIM တွေ ထုတ်ပေးလေ့ မရှိပါဘူး၊ ဘာကြောင့်လဲဆိုတော့ ဒီ Card တွေက bandwidth ပိုစားလို့ ဖြစ်ပါတယ်။ ကိုယ် ဘယ် SIM card အမျိုးအစားကို အသုံးပြုနေသလဲ သိချင်ရင် SIM card ရဲ့ ကျောဘက်မှာပါတဲ့ Sim No. နဲ့ Sim Type ကိုကြည့်ပြီး သိနိုင်ပါတယ်။

SIM card အရွယ်အစားအမျိုးမျိုးရှိပြီး ဖုန်းအများစုကတော့ mini-SIM ဒါမှမဟုတ် micro-SIM card တွေကို အသုံးပြုပါတယ်။ mini-SIM ရဲ့အရွယ်အစားက 25mm x 15 mm ရှိပြီး micro-SIM ကတော့ 15 mm x 12 mm ရှိပါတယ်။ card အရွယ်အစားအားလုံးဟာ 0.76 mm အထူရှိပါတယ်။ ဘယ်အရွယ်အစား Sim card မျိုးမဆို သူ့မှာပါ၀င်တဲ့ microchip က အရွယ်အစားနဲ့လုပ်ဆောင်ပုံ အတူတူပဲဖြစ်တဲ့အတွက် အရွယ်အစားသေးတဲ့ card တွေကိုလည်း (အံဝင်ဂွင်ကျသာတပ်ဆင်ရင်) card အကြီးသုံးတဲ့ ဖုန်းတွေမှာပါ သုံးစွဲနိုင်ပါတယ်။

SIM card တွေမှာ User ရဲ့အချက်အလက်တွေနဲ့ call log တွေ ဖုန်းအဝင်အထွက်မှတ်တမ်းတွေကို တခြားသူတွေ မသိရှိနိုင်စေမယ့် လုံခြံုရေးအစီအမံတစ်ရပ်လည်းပါ၀င်ပါတယ်။ SIM card ကို lock ချထားနိုင်ပြီး PIN လို့ ခေါ်တဲ့ Personal Identification Number ကို သိရှိသူမှသာ SIM card ကိုအသုံးပြုနိုင်မှာဖြစ်ပါတယ်။ SIM card ကိုသာ Lock လုပ်ထားမယ်ဆိုရင် ကိုယ့်ဖုန်းအခိုးခံရရင်တောင် PIN ကို မသိဘဲ SIM card ကို အသုံးပြုနိုင်မှာ မဟုတ်သလို (SIM card ထဲမှာရှိတဲ့) ကိုယ့်အချက်အလက်တွေကိုလည်း ရယူနိုင်မှာမဟုတ်ပါဘူး။

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org

ကိုမြတ် (BE-Mechatronics)    http://www.mcmyatkyawthu.blogspot.com/