Showing posts with label အတွေးမြင်များနှင့် မြန်မာစာအုပ်စင်. Show all posts
Showing posts with label အတွေးမြင်များနှင့် မြန်မာစာအုပ်စင်. Show all posts

Friday, August 14, 2015

ဘာလဲဟေ့ Engineer Council Law





















အင်ဂျင်နီယာကောင်စီ ဥပဒေထွက်လို့လိုတဲ့ဗျာ။

ကျွန်တော်လည်း ဘယ်ရမလဲ သွားကြည့်လိုက်တာပေါ့။

ဝက်ဆိုဒ်က

http://www.myanmarengineeringcouncil.org/

ကြည့်လို့လည်း မရဘူးဗျ။

ကျွန်တော်က ဘာတွေများ ရေးထားလဲ သိချင်လို့ပါ။

နောက်ဝက်ဆိုဒ်နဲ့ ရင်းနှီးတဲ့ လူဆိုရင်တော့ သိမှာပါ။

ကဲ့ Engineer Council Website တဲ့ဗျ၊ https လည်းမဟုတ်၊ နောက် Country Name လည်း မပါ။

ကဲ့ အခုတော့ ကြေငြာစာတွေမှာ ဝက်ဆိုဒ်ကြီးထည့်ထားပြီး ကြည့်လို့လဲမရဘူး။ ခက်ပြီပေါ့။


ပြီးတော့ လုပ်သေးတယ်။

အင်ဂျင်နီယာ ဥပဒေက အစိုးရ၀န်ထမ်းတွေ မပါဝင်ဘူးတဲ့ဗျ။ ခက်ပြီနော့်။

သင်တန်းကလည်း တက်ရအုံးမယ်။

မလွယ်တော့ တော်တော်ကို မလွယ်တာပဲဗျ။

နောက် တွေ့မိပါတယ်။ ဆောက်လုပ်ရေး၀န်းကြီးဌာနနဲ့ သဘောတူညီချက်နဲ့ ဆိုပဲ။

တကယ်ဆို အင်ဂျင်နီယာလောကမှာ လိုင်းခွဲတွေက အများကြီးရှိပါတယ်။

ဉပဒေကို သွားကြည့်တော့လည်း Civil, EP, Mech တွေအတွက်ပဲပါသလားလို့။ ( မျက်စေ့မှောက်တာလည်း ဖြစ်နိုင်တယ်။ )

အခုလိုမျိုးလုပ်တာက ကျွန်တော်တို့တွေက နည်းပညာတက္ကသိုလ်တွေမှာ ကျောင်းတက်တာက အဆင့်မမှီတာ၊ စာသင်တဲ့ ဆရာတွေက မတော်တာ၊ မတက်တာများလား။

ဘွဲ့လက်မှတ်ထုတ်ပေးတဲ့ ပါမောက္ခကပဲ မှားနေတာလား စဉ်းစားစရာ ဖြစ်နေပါပြီ။

သိပ္ပံနဲ့ နည်းပညာ၀န်ကြီးဌာနကပဲ တရားဝင် အဖွဲ့အစည်းမဟုတ်ဘူးဆိုရမလိုလို။

နိုင်ငံရပ်ခြားမှာလည်း အဲ့လိုမျိုးပဲ လုပ်တာပဲလားပေါ့။

တော်တော်လေးတော့ တော်တော်လေးပါပဲ။




PE ရရှိမဲ့သူတွေကလည်း အနည်းဆုံး လုပ်သက်အနှစ်နှစ်ဆယ်ရမှာ ရမှာဆိုတော့ အခုခေတ်ပေါ် အင်ဂျင်နီယာလိုင်းတွေဖြစ်တဲ့ EC, IT, MC တွေကတော့ ဘယ်လိုလုပ်ရမလဲ။

သေချာတာကတော့ ကျွန်တော်က EC သမားပါ။

နည်းပညာလောက က အမြဲလိုလိုတိုးတက်နေတာ။ အခုခေတ်နည်းပညာတွေက အမြဲလိုလို လေ့လာနေမှ တော်ကာ ကျပါတယ်။

အခု ၂၀၁၅ ကို အနှစ် ၂၀ ပြန်နှုတ်လိုက်ရင် ၁၉၉၅ ကိုရောက်ပါတယ်။

၁၉၉၅ မှာ မြန်မာပြည်မှာ ICT တွေ အတော်ကို ခေတ်မှီနေတယ်လို့များ ပြောချင်တာလားမသိ။

ကွန်ပျူတာလောကကိုပြန်ကြည့်ရင် Windows 95 ထွက်တဲ့နှစ်ဖြစ်ပါတယ်။

Microsofts Company တောင် အောင်မြင်မှုတွေနဲ့ လှမ်းကွာနေဆဲ၊ ကွန်ပျူတာတွေတောင် မတွင်ကျယ်သော အချိန်ပါပဲ။

ပြောစရာတွေ ပြောနေရင်တော့ ကုန်တော့မှာမဟုတ်ပါဘူး။

ပြင်ပလောကမှာ အင်ဂျင်နီယာတွေ ဘယ်လောက် လှုပ်ရှားရုန်းကန်နေရတယ်ဆိုတာ အလုပ်လုပ်ဖူးတဲ့လူတိုင်းသိပါတယ်။

အလုပ်ရှင်တွေ ကျေနပ်မှုရသည်အထိ English, Computer Skills အတော်များများကို ကျွမ်းကျင်အောင် သင်ယူထားရပါတယ်။



ကဲ့ကဲ့ ပြောနေရင်တော့ ပြီးတော့မှာ မဟုတ်ပါဘူး။

ကျွန်တော် ရရှိထားသော ဒေလ်တာတွေကို အောက်မှာ ဖော်ပြလိုက်ပါတယ်နော့်။

ဘာတွေဆက်ဖြစ်မယ်ဆိုတာမျိုးကိုသာ စောင့်ကြည့်နေပေါ့နော့်။




































အင်ဂျင်နီယာလောက အမြဲလိုလို အောင်မြင်မှုတွေ ရနိုင်ပါစေလို့ ဆန္ဒပြုပါတယ်နော့်။

လေးစားလျှက်


Posted By

<< Zaw Lay  >>

Ko Ko Zaw ( BE-EC )           www.htarwaiethar.org


Fake Account လို့တော့ မပြောလိုက်နဲ့နော့်။ ဘလော့ဂ်မှာ ကျွန်တော့် Profile တင်ပြီးသားပါ။

Monday, July 28, 2014

ဆရာမောင်ချောနွယ် ရဲ့ ရထား ( ကဗျာရှည် ငါးပုဒ်စုစည်းမှု )





























ဆရာမောင်ချောနွယ် ရထား (ကဗျာရှည် ငါးပုဒ်စုစည်းမှု) စာအုပ်လေးကို မျှပေးလိုက်ပါတယ်။

လိုချင်သူများ လိုအပ်သူများ ဒေါင်းလုပ်ခ်ရယူနိုင်ပါတယ်။

နှစ်သက်ရာ လင့်ခ်တစ်ခုခုကနေပြီး ရယူနိုင်ပါပြီခင်ဗျား။


Download From Solidfiles 

Download From DownloadMM 



သွေးစက် ( နည်းပညာ )

Sunday, July 27, 2014

ဆရာဇော်ဂျီ ဗေဒါလမ်း ကဗျာစု































ကျွန်တော် မြန်မာစာပေလောကမှာ နာမည်ကြီးပြီး ကျွန်တော် သိပ်ကြိုက်တဲ့ ဆရာ ဇော်ဂျီ ဗေဒါလမ်း ကဗျာစု ကဗျာစာအုပ်လေးကို ဘလော့ဂ်ကနေပြီး မျှပေးလိုက်ပါတယ်။

လိုချင်သူများ ဒေါင်းလုပ်ခ်ရယူနိုင်ပါတယ်ခင်ဗျား။

လင့်ခ်သုံးခု ပေးလိုက်ပါတယ်။

နှစ်သက်ရာ လင့်ခ်တစ်ခုခုကနေပြီး ဒေါင်းလုပ်ခ်ရယူနိုင်ပါတယ်ခင်ဗျား။


Download From Mediafire    

Download From Solidfiles     

Download From DownloadMM   



သွေးစက် ( နည်းပညာ )       www.htarwaiethar.blogspot.com

Friday, July 18, 2014

19 July ၁၉ ဇူလိုင် မမေ့နိုင် အာဇာနည်နေ့




























မြန်မာနိုင်ငံ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်များ ၁၉၄၇ ဇူလိုင် ၂၉ ရက်နေ့မှာ မြန်မာနိုင်ငံကြီး လွတ်လပ်ရေး ရဖို့အတွက် ကြိုးပမ်းရင်း အသက်ပေးခဲ့ရတဲ့နေ့ကို အာဇာနည်နေ့အဖြစ် လွတ်လပ်ရေးရရှိသော ၁၉၄၈ မှ စတင်ကာ ၀မ်းနည်းခြင်း အထိမ်းအမှတ်တွေ ပြုလုပ်လာခဲ့တာ အခု ၂၀၁၄ ရောက်မှ မဟုတ်ပါဘူး။ ကမ္ဘာတည်သရွေ့ ကမ္ဘာ့မြေပုံမှာ မြန်မာနိုင်ငံ ဆိုတာ ရှိနေသမျှ အမြဲတည်မြဲမှာပါ။

ကျွန်တော် မနက်ဖြန်ရောက်ရှိမဲ့ အာဇာနည်နေ့အတွက် ဆရာမ ဒေါ်ထားထားလွင် ရေးသားသော စက်ရုပ်ဆော့ဝဲလ်လေးကိုလည်း ဘလော့ဂ်မှာ မျှပေးထားပါတယ်။ လိုအပ်တယ်ဆိုရင် ဒီနေရာလေးမှာ ဒေါင်းလုပ်ခ်ရယူနိုင်ပါတယ်။

ဟိုကကြား၊ ဒီကကြားတာတွေကို ပြန်ပြောမယ်ဆိုရင် အဲ့ခေတ်တုန်းက လူကြီးတွေက သူတို့ခေတ်မှာ ဉသြတွေ ဆွဲတယ်။ မင်းတို့ခေတ်မှာ ( ကျွန်တော်တို့ ခေတ် ) မှာ ဘာမှ မလုပ်ရဘူး။ အဲ့ဒါတွေကို ပြောခဲ့တာတွေ ကြားဖူးမှာပါ။  နံနက် 10 နာရီ 37 မိနစ်တိတိမှာ ၂မိနစ်ကြာ ဉသြ အသံတွေ ဆွဲတယ်လို့ ပြောကြမှာပါ။ ဒီဘက်ခေတ်လူငယ်တွေ အနေနဲ့လည်းအဲ့လိုမျိုး မလုပ်ရရင် လုပ်လို့ရ​အောင် လုပ်မယ်လို့လည်း ကြားမိ သိမိပါတယ်။ တစ်ခု သိထားဖို့က မနက်ဖြန် ဇူလိုင် ၁၉ ရက်နေ့က တရားဝင် နိုင်ငံတော် ရုံးပိတ်ရက် ဖြစ်တဲ့အတွက် လူတိုင်း လူတိုင်း ၀မ်းနည်းဆွေးခွင့်ရှိပါတယ်။လူတွေကို ပိတ်ပင်လို့ ရပေမဲ့လည်း စိတ်ဓါတ်တွေကို ဘယ်သူ့ကိုမှ ပိတ်ပင် တားဆီးလို့ မရပါဘူး။ စိတ်ထဲကနေပြီး ၀မ်းနည်းနေလည်းရပါတယ်။ တော်ကြာ အုတ်ဂူထဲက အာဇာနည်တွေ ထွက်ပြီး ဆန္ဒပြတဲ့လူတွေကို ထထိုးရင် မကောင်းဘူး ဖြစ်ကုန်ပါမယ်။ ကျဆုံးသွားတဲ့ အာဇာနည်ခေါင်းဆောင်တွေနဲ့ ဗိုလ်ချုပ်အောင်ဆန်း တို့ဆိုလည်း အခုလိုမျိုး သူတစ်လူ ငါ တစ်မင်း ဖြစ်နေတာကို မြင်ချင်မှာ မဟုတ်ပါဘူး။ နာရီ အတိအကျမှ မဟုတ်ပါဘူး။ ဗိုလ်ချုပ်တို့ ခေတ်က လုပ်ခဲ့တာတွေ ကြိုးစားခဲ့တာတွေကို တစ်နေကုန် ပြန်လည် တွေးတော နမူနာ ယူနိုင်ပါတယ်။ မနက်ဖြန် အာဇာနည်နေ့မှာ မမြင်ချင်ဆုံး မကြားချင်ဆုံး သတင်းကတော့ ဆန္ဒပြတာ၊ ခိုက်ရန်ဖြစ်ပွားတာ တွေပဲ ဖြစ်ပါတယ်။ တက်နိုင်သလောက် စိတ်ထားကောင်းများ မွေးကြပါ။ လူတိုင်း၊ လူတိုင်းက ဘယ်လူမဆို စိတ်ကောင်း၊ စိတ်ဆိုး ဒွန်တွဲနေတာပါ။ လူဆိုးဆိုသူမှာလည်း စိတ်ကောင်းဆိုတာ ရှိပါတယ်။ ဆိုးတဲ့ စိတ်က ပိုများလို့ လူဆိုးဖြစ်နေတာပါ။ လူကောင်းမှာလည်း ထိုနည်း လည်ကောင်းပါပဲ။ မနက်ဖြန်လို နေ့မျိုးမှာ မြန်မာနိုင်ငံကြီး အေးချမ်းသာယာနိုင်ပါစေဗျာ။


မနက်ဖြန် ကျွန်တော်တို့လို ပြည်သူလူထုကလည်း အာဇာနည်ခေါင်းဆောင်တွေကို အောက်မေ့တမ်းတ ပြီး စိတ်ကောင်းလေးတွေ မွေးနိုင်ပါစေဗျာ။

အောက်မှာ ကျွန်တော် ဖတ်စရာ စာအုပ်တစ်အုပ် မျှဝေလိုက်ပါတယ်။

စာအုပ်အမည်           ။  ။ ဗိုလ်ချုပ်အောင်ဆန်းကို ဘယ်သူသတ်သလဲ
စာရေးသူ                 ။  ။ ဉီးခင်အောင်
မြန်မာဘာသာပြန်သူ  ။  ။ ဒေါက်တာတင့်ဝေ၊ ဒေါက်တာအေးကျော်

မူပိုင်- ဉီးခင်အောင် ALL RIGHT RESERVED

ခေတ်ပြိုင် ဂျာနယ်က တတိယ အကြိမ် ထုတ်ဝေထားသော စာအုပ်လေး ဖြစ်ပါတယ်။

အောက်က လင့်ခ်နှစ်ခုထဲက ကြိုက်တဲ့လင့်ခ်ကနေပြီး ဒေါင်းလုပ်ရယူနိုင်ပါတယ်။ ဖတ်ပြီးသား လူတွေ အများကြီးရှိပါတယ်။ မဖတ်ဖူးတဲ့ လူများဖတ်ကြည့်နိုင်အောင် တင်ပေးလိုက်တာပါ။ အာဇာနည်ခေါင်းဆောင်တွေနှင့် ဗိုလ်ချုပ်အောင်ဆန်းအကြောင်းကို ပိုပြီး သိရတာပေါ့ဗျာ။

Download From DownloadMM

Download From Solidfiles 




**  သွေးစက် ( နည်းပညာ )

7/18/2014     3:39 PM