Showing posts with label မိုဘိုင်းလ်ဖုန်း ဗဟုသုတများ. Show all posts
Showing posts with label မိုဘိုင်းလ်ဖုန်း ဗဟုသုတများ. Show all posts

Tuesday, February 23, 2016

သင့်ရဲ့ ဖုန်းမှာ Storage မကုန်စေဖို့ နည်းလမ်း သုံးခု


















 စမတ်ဖုန်းများမှာပါတဲ့ Storage ဟာ နည်းပါးတဲ့အတွက် ဖုန်းမှာ Apps နဲ့ ဂိမ်းများစွာ အသုံးပြုသူ၊ သီချင်း၊ ဗီဒီိယိုများ၊ Offline Map Data သိမ်းဆည်းထားသူများ အတွက် Storage ကုန်ဆုံးတဲ့ ပြဿနာကို ရင်ဆိုင်ကြရပါတယ်။ ဒီပြဿနာဟာ စမတ်ဖုန်း အသုံးပြုသူ အားလုံးအတွက် ဘုံပြဿနာတောင်ဖြစ်လာပါတယ်။ ဖုန်းမှာ Storage နည်းပါးခြင်းဟာ ဖုန်းကို နှေးကွေးစေသလို Apps များ Update ပြုလုပ်၍ မရခြင်း၊ ဓါတ်ပုံ ရိုက်၍ မရခြင်းတို့ကိုလည်း ဖြစ်စေပါတယ်။ အဲဒီအတွက် ဖုန်းမှာ Storage မကုန်စေဖို့ နည်းလမ်းကောင်း သုံးခုကို မျှဝေလို်က်ပါတယ်။

၁။ သင့်ရဲ့ Internal Storage ကို ရှင်းလင်းပါ။
ဖုန်းရဲ့ Internal Storage ကို အဓိက အသုံးပြုတဲ့ အရာ သုံးခုရှိပါတယ်။
• App Data
• Cached Data (System Cache, App Cache )
• User Data ( Music, Photos, Videos, etc )
ကံကောင်းတာက အဲဒီအရာသုံးခုစလုံးကို ထိန်းချုပ်နိုင်တာဖြစ်ပါတယ်။ အသုံးမပြုတဲ့ Apps များကို Uninstall လုပ်ပါ။ Caches နဲ့ မလိုအပ်တဲ့ ဖိုင်များကို ရှင်းလင်းပါ။ ဒီလိုအလုပ်တွေကို လွယ်ကူစွာ ပြုလုပ်ပေးနိုင်တဲ့ Apps များကိုလည်း အသုံးပြုနိုင်ပါတယ်။ SD Maid က အဲဒီအလုပ်တွေကို အလိုအလျှောက် ပြုလုပ်ပေးနို်င်ပါတယ်။ ES File Explorer က Android File System ကို အတွင်းကျကျ ထောက်လှမ်းနိုင်ပြီး Uninstall လုပ်လိုက်တဲ့ Apps များမှ ကျန်ခဲ့တဲ့ မလိုအပ်တဲ့ ဖိုင်များကို ရှင်းလင်းဖို့ သင့်ကို ကူညီပေးနိုင်ပါတယ်။
ဓါတ်ပုံ၊ သီချင်း၊ ဗီဒီယိုများပါတဲ့ User Data တွေကို အခြား Device များထံသို့ ကူးပြောင်းပါ။ ဥပမာအားဖြင့် DCIM , Music, Videos ဖိုဒါများကို သင့်ရဲ့ ကွန်ပြူတာထဲသို့ ကူးပြောင်းနိုင်ပါတယ်။ ဒီလိုလုပ်ဖို့ သင့်ရဲ့ ဖုန်းကို ကွန်ပြူတာနဲ့ USB Cable ကနေ ချိတ်ဆက်ပါ။ ဖုန်းကို Unlock လုပ်ပြီး ဖုန်းမှာ မလိုအပ်တဲ့ ဖိုဒါနဲ့ ဖိုင်များကို ကွန်ပြူတာထဲသို့ ပြောင်းရွှေ့ပါ။ WhatsApp, Viber , Facebook Messenger ဖိုဒါများမှာ သိမ်းဆည်းထားတဲ့ ဓါတ်ပုံများကိုလည်း ပြောင်းရွှေ့နိုင်ပါတယ်။

၂။ USB OTG သို့မဟုတ် microSD Card Adapter ကိုအသုံးပြုပါ။
Google က microSD Card အသုံးပြုမှုကို ကန့်သတ်ချင်ပေမယ့်လည်း microSD Card ကို စမတ်ဖုန်း ပိုင်ရှင်အားလုံးနီးပါးက အသုံးပြုချင်ကြပါတယ်။ သင့်ဖုန်းမှာ microSD Card Slot မပါရင်တောင် microSD Card ကို အသုံးပြုနိုင်ပါသေးတယ်။
microSD Card Slot မပါတဲ့ ဖုန်းများမှာ USB OTG သို့မဟုတ် microSD Card Adapter ကို အသုံးပြုနိုင်ပါတယ်။ Adapter ကို Key Chain မှာ ချိတ်ဆွဲပြီး သွားလေရာယူသွားနိုင်ပါတယ်။ Android 6.0 Marshmallow မှာတော့ microSD Card ကို Internal Storage အဖြစ် အသုံးပြုနိုင်အောင် ဆန်းသစ်ပေးထားပါတယ်။ Android Lollipop မှာ microSD Card ကို Adapter ထဲထည့်သွင်းပြီး ဖုန်းနဲ့ ချိတ်ဆက် အသုံးပြုနိုင်ပါတယ်။ Internal Storage မှ ဓါတ်ပုံ၊ ဗီဒီယို၊ သီချင်းများကို SD Card ထဲ ကူးပြောင်းသင့်ပါတယ်။ microSD Card Slot မပါတဲ့ ဖုန်းများမှာ Adapter ကနေ တစ်ဆင့် Apps အချို့ကို microSD Card ထဲထည့်သွင်းနိုင်ပေမယ့် Sync လုပ်ဖို့အတွက်တော့ ပြဿနာရှိပါတယ်။

၃။ Cloud ကို အသုံးပြုပါ။ ဓါတ်ပုံနဲ့ သီချင်းများစွာဟာ သင့်ရဲ့ ဖုန်းမှာ နေရာယူထားရင်တော့ Cloud မှာ သိမ်းဆည်းပါ။ Google ရဲ့ Photos App အသစ်မှာ 16 MP နဲ့ အောက် ဓါတ်ပုံများကို အကန့်အသတ်မရှိ သိမ်းဆည်းခွင့်ပေးထားပါတယ်။ App က 1080p Full HD Video များကိုလည်း အခမဲ့ သိမ်းဆည်းခွင့်ပေးထားပါတယ်။ အခြား Cloud ၀န်ဆောင်မှုများစွာ ရှိပေမယ့် Photos ဟာ ရွေးချယ်စရာတစ်ခုပါ။ သီချင်းများအတွက် SoundCloud ကို အသုံးပြုနိုင်ပါတယ်။ SoundCloud မှာ အကောင့်ဖွင့်ပြီး သီချင်းများ သိမ်းဆည်းထားနိုင်ပြီး Device များစွာကနေ ဘယ်နေရာရောက်ရောက် နားဆင်နိုင်ပါတယ်။ Cloud ကို အသုံးပြုရင် သင့်ရဲ့ Mobile Data များစွာ ကုန်ကျမှာ ဖြစ်တဲ့အတွက် အခမဲ့ ၀ိုင်ဖိုင်များရရှိမှသာ Upload ပြုလုပ်သင့်ပါတယ်။

Credit to ==> Myanmar Digital Life Journal

Posted By

<< Zaw Lay >>

Ko Ko Zaw ( BE-EC )    www.htarwaiethar.org  

Wednesday, February 17, 2016

Android Phone အတွက် microSD Card ရွေးချယ်ဝယ်ယူနည်း



















Android Phone တစ်လုံးဝယ်ယူပြီ ဆိုရင် microSD Card ကိုပါ တစ်ခါတည်း ၀ယ်ယူလေ့ရှိကြပါတယ်။ ဒါပေမယ့် microSD Card ၀ယ်ယူတဲ့အခါမှာ လူအများစုက ၀င်ဆန့်တဲ့ ပမာဏကိုသာ ကြည့်ရှုလေ့ရှိကြပါတယ်။ microSD Card ဟာ သူ့ရဲ့ Class, Speed ပေါ်မူတည်ပြီး သင့်ဖုန်းရဲ့ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးနိုင်ပါတယ်။ အဲဒီအတွက် microSD Card ရွေးချယ်တဲ့အခါမှာ သိထားသင့်တဲ့ အကြောင်းအရာများကို ရေးသားပေးလိုက်ပါတယ်။

microSD Card တစ်ခုကို အမေဇုန်မှာ ကြည့်ရှုတဲ့အခါမှာ သတင်းအချက်အလက်အပြည့်အစုံ ကို ပြသပေးထားပါတယ်။ အောက်ပါပုံမှာတော့ microSD Card ရဲ့ အသေးစိတ်အချက်အလက်နဲ့ သူတို့ရဲ့ အဓိပ္ပါယ်ကို ပူးတွဲဖော်ပြထားပါတယ်။ microSD Card ပေါ်မှာလည်း အသေးစိတ် အချက်အလက်တွေကို တွေ့နိုင်ပါတယ်။

ပိုကောင်းတဲ့ microSD Card ဟာ ဖုန်းကို လျှင်မြန်စေပါသလား ?
-----------------------------------------------------------------------
ဒီလိုမေးရင်တော့ အတိုချုပ်အနေနဲ့ ဟုတ်တယ်လို့ ဖြေရမှာပါ။
Apps နဲ့ ဓါတ်ပုံတွေကို microSD Card မှာ သိမ်းဆည်းတဲ့ အခါမှာ ပိုမိုလျှင်မြန်တဲ့ microSD Card ဟာ ဓါတ်ပုံတွေ သိမ်းဆည်းရာမှာ ပိုမိုလျှင်မြန်ပြီး Device တွေကြားမှာ ဒေတာကူးပြောင်းရာမှာလည်း ပိုမိုမြန်ဆန်ပါတယ်။ ဒါ့အပြင် စွမ်းဆောင်ရည်မြင့်တဲ့ microSD Card ဟာ သူ့မှာ သိမ်းထားတဲ့ Apps တွေကို ဖွင့်ရာမှာလည်း လျှင်မြန်အောင် ပြုလုပ်ပေးနိုင်ပါတယ်။ တစ်ခုမှတ်ထားရမှာက microSD Card မှာ သိမ်းထားတဲ့ Apps တွေကို ဖွင့်ရင် Internal မှာ သိမ်းထားတဲ့ Apps တွေကို ဖွင့်တာထက် အနည်းငယ် ပိုမိုကြာနိုင်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ microSD Card နဲ့ သင့်ရဲ့ ဖုန်းတို့ ချိတ်ဆက်အလုပ်လုပ်ဖို့ အလုပ်တစ်ခုပိုလုပ်ရလို့ ဖြစ်ပါတယ်။

Credit to ==> Myanmar Digital Life Journal


Posted By

<< Zaw Lay >>

Ko Ko Zaw ( BE-EC )     www.htarwaiethar.org
  

Friday, February 12, 2016

ဖုန်းဘက်ထရီအကုန်မြန်နေလို့ စိတ်ညစ်နေလား



















 ဖုန်းဘက်ထရီအကုန်မြန်နေလို့ စိတ်ညစ်နေလား
==========================


ဖုန်း ဘက်ထရီအားကို ကြာရှည်ခံစေမယ့် နည်းလမ်း(၁၁)ကို ဖော်ပြလိုက်ပါတယ်။


#၁။ ဘက်ထရီအား လုံးဝကုန်သွားတဲ့အထိမသုံးပါနဲ့။ အပြည့်လည်း မသွင်းပါနဲ့။
အခုခေတ်ပေါ်ဖုန်းတွေက Lithium Ion ဘက်ထရီတွေကို အသုံးပြုထားပါတယ်။
ဒီဘက်ထရီတွေက အားကို (၁၀၀)ရာခိုင်နှုန်းအပြည့်သွင်းဖို့ မလိုသလို့ လုံးဝကုန်သွားတဲ့အထိလည်း သုံးလို့မကောင်းပါဘူး။ ဖုန်းကို ထိခိုက်စေနိုင်ပါတယ်။ ဒါ့ကြောင့် ဘက်ထရီအား အနည်းဆုံး (၂၀)ရာခိုင်နှုန်းလောက်အထိပဲ သုံးပြီး (၉၀)ရာခိုင်နှုန်းလောက်အထိပဲ အားသွင်းပါ။


#၂။ အားသွင်းနေစဉ် ဖုန်းမသုံးပါနဲ့။ ဖုန်းအားသွင်းကြိုးတွေ ဘာကြောင့်တိုတာလဲ
စဉ်းစားဖူးပါလား။ ဖုန်းထုတ်လုပ်သူတွေက အားသွင်းနေတုန်း ဖုန်းကို မသုံးစေချင်လို့ဖြစ်ပါတယ်။ ဒီလိုအသုံးပြုမယ်ဆိုရင် ဖုန်းရဲ့အားသွင်းစနစ်ကို ထိခိုက်စေပြီး ဘက်ထရီသက်တမ်းလျော့သွားစေပါတယ်။ ဖုန်းတွေရဲ့ဘက်ထရီဟာ သတ်မှတ်ထားတဲ့ အကြိမ်ရေသက်တမ်း ပြည့်အောင် အသုံးပြုပြီးသွားရင် အသစ်လဲပေးဖို့လိုပါတယ်။


#၃။ အလင်းအမှောင် အလိုအလျောက်ချိန်ညှိစနစ်ကို မသုံးပါနဲ့။
သင့်ဖုန်းရဲ့ AMOLED မျက်နှာပြင်ဟာ ဘက်ထရီအစားဆုံးဖြစ်ပါတယ်။
Auto brightness စနစ်ကို သုံးတာက ဘက်ထရီအားကို အကုန်မြန်စေပါတယ်။
လိုအပ်ရင် လိုအပ်သလောက် အလင်းအမှောင်ကို ကိုယ်တိုင် ချိန်ညှိပေးတာ
အကောင်းဆုံးဖြစ်ပါတယ်။


#၄။ Vibrate နဲ့ အခြားအသံထွက်စနစ်တွေ ပိတ်ထားပါ။
သင့်ဖုန်းရဲ့ Vibrate တုန်ခါမှုက ရေရှည်မှာကျန်းမာရေးကို ထိခိုက်စေနိုင်ရုံ
သာမက ဘက်ထရီလည်း အရမ်းစားပါတယ်။ ဒါ့အပြင် ခလုပ်နှိပ်ရင် အသံမြည်
အောင်လုပ်ထားတာတို့လိုမျိုး စနစ်တွေကလည်း သုံးရတာ ဘက်ထရီကုန်တာ
ကလွဲပြီး အခြားအကျိုးမရှိပါဘူး။


#၅။ အခြားအမျိုးအစား အားသွင်ကြိုးနဲ့ ဘက်ထရီတွေ ၀ယ်မသုံးပါနဲ့။
အမျိုးအစားမတူတဲ့ အားသွင်းကြိုးတွေ၊ ဘက်ထရီတွေက သင့်ရဲ့ဖုန်း အားသွင်း
စနစ်နဲ့ ကိုက်ညီမှာမဟုတ်တာ အသေအချာပါပဲ။ သက်ဆိုင်ရာအမျိုးအစားရဲ့
အော်ရီဂျင်နယ်တွေကိုပဲ သုံးပါ။


#၆။ GPS၊ Wi-Fi နဲ့ Bluetooth တွေကို မသုံးရင်ပိတ်ထားပါ။
ဒီဟာတွေက အချိန်တိုင်းဖွင့်ထားဖို့ မလိုအပ်ပါဘူး။ သူတို့ကို ပိတ်ထားရုံနဲ့ ဘက်
ထရီကို ချွေတာနိုင်ပြီး ဖုန်းရဲ့ လုပ်ငန်းဆောင်တာတွေလည်း ပိုကောင်းစေပါတယ်။
ဒီစနစ်တွေက ဖုန်းကို လေးစေတာကြောင့် လိုအပ်မှသာ ဖွင့်သုံးပါ။


#၇။ မျက်နှာပြင်အလိုအလျောက်ပိတ်သွားချိန်(Screen timeout)ကို နည်း
နည်းပဲထားပါ။ လေ့လာမှုတွေအရ သာမန်လူတစ်ယောက်ဟာ သူ့ရဲ့စမတ်ဖုန်း
ကို တစ်နေ့မှာအကြိမ်(၁၅၀)လောက် ဖွင့်လေ့ရှိတယ်လို့ ဆိုပါတယ်။
ဒါ့ကြောင့် Screen Timeout ကို အချိန်နည်းနည်းပဲ သတ်မှတ်ထားရင်
ဘက်ထရီအကုန်သက်သာစေမှာဖြစ်ပါတယ်။ အကောင်းဆုံးကတော့ (၁၅)
စက္ကန့်လောက်ပဲ ထားပါ။


#၈။ App တွေကို Wi-Fi သုံးပြီး မကြာခဏ Update လုပ်ပေးပါ။
စမတ်ဖုန်းတွေမှာ ပါ၀င်တဲ့ App တော်တော်များများက လစဉ် update လုပ်ပေး
ဖို့လုပ်ပေးမယ်ဆိုရင် ဘက်ထရီအား နည်းနည်းပဲသုံးပြီး အလုပ်လုပ်နေမှာဖြစ်ပါတယ်။ Update မဖြစ်တဲ့ Apps အဟောင်းတွေကတော့ သင့်ဖုန်းရဲ့ RAM နဲ့ ဘက်ထရီကို
သုံးဖြုန်းပစ်မှာပါ။


#၉။ Auto-Sync စနစ်ကိုလည်း လိုအပ်မှသုံးပါ။ သင့်ရဲ့ e-mail တွေကို မကြာခဏ
update ဖြစ်ဖို့ လိုတယ်ဆိုမှ Auto-Sync စနစ်ကို သုံးပါ။ Auto-Sync စနစ်မလိုအပ်
တဲ့ အခြား e-mail Apps တွေ ရှိပါတယ်။ သူတို့ကိုသုံးလည်းဖြစ်ပါတယ်။


#၁၀။ ဖုန်းခေါ်မယ်ဆိုရင် လိုင်းဆွဲအားကောင်းမကောင်းစစ်ဆေးပါ။ ဖုန်းလိုင်းသိပ်
မမိတာမျိုးက သင့်ဖုန်းရဲ့ဘက်ထရီအားကို ပိုသုံးပြီး လိုင်းရှာရစေပါတယ်။
ဒါ့ကြောင့် လိုင်းသေချာမိတဲ့ နေရာမျိုးက ဖုန်းခေါ်တာတို့၊ လိုင်းမမိတဲ့နေရာမျိုးမှာ
Airplane mode လုပ်ထားတာမျိုးက ဘက်ထရီအကုန်သက်သာစေမှာဖြစ်ပါတယ်။


#၁၁။ မလိုအပ်ပဲ process တွေကို ရှင်းလင်းပါ စမတ်ဖုန်းတွေမှာ မလိုအပ်
ပဲ နောက်ကွယ်မှာအလုပ်လုပ်နေတတ်တဲ့ processes တွေနဲ့ App တွေရှိတတ်
ပါတယ်။ ဒီဟာတွေကို Setting > Apps ထဲမှာသွားပြီး Force stop လုပ်ပြီး
ရှင်းပစ်လိုက်လို့ ရပါတယ်။ ဒါမှမဟုတ်ရင်လည်း ဒီ processes တွေရှင်းတဲ့
Apps တစ်ခုခုသုံးနိုင်ပါတယ်။


Ref: http://www.aungsanlin.com/


 လေးစားစွာဖြင့်
Naylinhtet (အိုင်တီလမ်းညွှန်)
www.facebook.com/nlhitguide



Posted By

<< Zaw Lay >>

Ko Ko Zaw ( BE-EC )   www.htarwaiethar.org

Sunday, January 31, 2016

Black Berry မှာ ဖုန်းကို Restart လုပ်ချင်ရင်

























Black Berry Phone Curve 9360 လေးကို သုံးကြည့်တာ အဲ့မှာ ဖုန်းကို Restart လုပ်ဖို့အတွက် လုပ်ဆောင်ချက် ရှာဖွေလို့ မရရှိပါဘူး။

ခလုပ်ကလည်း ပါဝါကို ပိတ်ပေးတာမျိုး ရှိပြီး Restart ကို လုပ်ဆောင်နိုင်ခြင်း မရှိတာကို တွေ့ရပါတယ်။

မော်ဒယ်လ်အမြင့်တွေမှာတော့ မပြောတက်ဘူးပေါ့ဗျာ။


ကဲ့ အဲ့လိုမျို ဖြစ်နေတဲ့ ဖုန်းတွေအတွက် Restart လုပ်ချင်ရင်

ဖုန်းကီးဘုတ်က alt + aA^ + del Keys လေးသုံးခုကို တွဲနှိပ်လိုက်တာက Phone Restart လုပ်တာနဲ့ အတူတူ ဖြစ်ပါတယ်ခင်ဗျား။

အသုံးပြုလိုသူများ သုံးနိုင်အောင် ကျွန်တော် သိတာလေး နည်းနည်းလေးကို မျှပေးလိုက်မိပါတယ်။



Posted By

<< Zaw Lay >>

Ko Ko Zaw ( BE-EC )    www.htarwaiethar.org

Thursday, August 27, 2015

ဇူးနစ် (နည်းပညာ) ရဲ့ ခြေခံမိုဘိုင်လ် ဆားကစ်ဗဟုသုတ






















ဇူးနစ် (နည်းပညာ) ရေးသာသော အခြေခံမိုဘိုင်း ဆားကစ်ဗဟုသုတများစာအုပ်လေးကို ကျွန်တော့်ဘလော့ဂ်မှ တစ်ဆင့်ဝေမျှပေးလိုက်ပါတယ်ခင်ဗျား။

မိုဘိုင်းလ်ဖုန်းတွေကို ကိုယ်တိုင်ကိုယ်ကျ ပြုပြလိုသူများအတွက် အထောက်ကူတစ်ခုခု ရရှိစေနိုင်မှာပါ။

လိုအပ်သူများ ရယူနိုင်ပါပြီခင်ဗျား။




Download





Posted By

<<  Zaw Lay  >>

Ko Ko Zaw (BE-EC)      www.htarwaiethar.org

Friday, July 24, 2015

LG G4 မှာ Content Lock လုပ်နည်း

 

LG G4 မှာ မိမိရဲ့ Content တွေကို သူများကြည့်မရအောင် လုပ်တဲ့ Feature အသစ်အကြောင်းပါ။ LG G4 မှာပါလာတဲ့ Content Lock Feature ကတော့ သင့်ရဲ့ Gallery တွေ၊ သင့် SD card, Phone Memory ထဲမှာ ထည့်ထားတဲ့ Data တွေကို သူများ ယူလို့မရ၊ ကြည့်လို့မရတဲ့ လုပ်ဆောင်ချက်လေးပါ။ Lock ကို Passcode 4 လုံးဖြင့် သို့မဟုတ် Pattern ဖြင့် gmail Account ဖြင့်ချိတ်ဆက် Lock ချနိုင်ပါသည်။ Passcode သို့ Pattern မေ့သွားလို့ Recovery လုပ်မည်ဆိုကတော့ Google Account ဖြင့် ချိတ်ပေးထားရပါမည်။

Content Lock လုပ်ဖို့ Settings > General > Security > Content lock - Lock files for Gallery and memos for QMemo သွားရောက်က Passcode သို့ Pattern ကို Googel account တစ်ခုဖြင့် Lock လုပ်နိုင်ပါသည်။

ဒါလေးကတော့ Lock လုပ်နည်းအကြောင်းပြထားတဲ့ Pdf ပါ 24.9 Kb ပဲရှိပါသည်။



 http://download1856.mediafire.com/i4n1m3aex1wg/dfabe9p4kfpl77d/Vol+4+Issue12.pdf


အဆင်မပြေမှုတစ်စုံတစ်ရာ၊ ဝေဖန်အကြံပြုမှုတစ်စုံတစ်ရာရှိပါက
Comment ဖြင့် မှာခဲ့နိုင်ပါသည်။


အားလုံးကို ကျေးဇူးတင်ပါသည်။

ကိုမြတ် (MICT Garden)

www.mictgarden.com

Sunday, February 1, 2015

MEC Tel Sim Internet Setting ထည့်သွင်းခြင်း


























ကျွန်တော် တောတောင်တွေထဲမှာ MEC Mobile Phone လိုင်းလေးမိလို့ အင်တာနက်သုံးကြည့်မိပါတယ်။

ရော့ခက်ချေပြီနော့်။

ကျွန်တော် တစ်ပတ်လောက်ကြာသွားတယ်ဗျ။

Setting ဘယ်လိုမှကို ချိန်လို့မရဘူး။

အဲ့ဒါနဲ့ အင်တာနက်မှာ ရှာဖွေလိုက်တာ IT Bank က နည်းလမ်းလေးနဲ့ အဆင်ပြေသွားလို့ ကျွန်တော် ပြန်မျှပေးလိုက်တယ်နော့်။


သူ့မူရင်း ရေးသားချက်


Phone Setting > Mobile Networks > Access Point Name > Menu Key > New APN


Name    : Mectel ( or ) Card

APN    : #777

Proxy    : ဘာမှမထည့်

Port    : ဘာမှမထည့်

User Name: mectel@c800.mm ( or ) card@c800.mm

Password    : 123 ( or ) 12345 ( or ) card

Sever    : ဘာမှမထည့်

MMSC    : ဘာမှမထည့်

MMS Proxy: ဘာမှမထည့်

MMS Port    : ဘာမှမထည့်

MCC    : 460

MNC    : 03

Authenfication type : PAP ( or ) CHAP ( or ) CHAP

APN Type    : Default

Data Bearer: မလို

Prompt Password : #777


APN မပါသော သူများ PPP Digit မှာ #777



ကျွန်တော်နဲ့ အဆင်ပြေခဲ့သော Setting

Name    : Card

APN    : #777

Proxy    : ဘာမှမထည့်

Port    : ဘာမှမထည့်

User Name: card@c800.mm

Password    : card

Sever    : ဘာမှမထည့်

MMSC    : ဘာမှမထည့်

MMS Proxy: ဘာမှမထည့်

MMS Port    : ဘာမှမထည့်

MCC    : 460

MNC    : 03

Authenfication type : PAP ( or ) CHAP

APN Type    : Default

Data Bearer: မလို

Prompt Password : #777


Mectel ဆိုသော Setting က ဘာလို့လဲ မသိဘူးဗျ။ ကျွန်တော့်ဖုန်းနဲ့ အဆင်မပြေဘူး။ ကျွန်တော့်ဖုန်းက Huawei C8810 ပါ။



Posted By

<<  HTAR WAIE THAR  >>

Ko Ko Zaw ( BE-EC )       www.htarwaiethar.org

Saturday, January 31, 2015

အသံအားကိုးမည့် မိုဘိုင်း အင်တာနက်


























ခေတ်က Information ခေတ်၊ သတင်းအချက်လက်တို့ကို အချိန်နှင့် တစ်ပြေးညီသိမှ ခေတ်ကို တစ်ပြေးညီ လိုက်နိုင်မည်။ ထိုကိစ္စအတွက်လည်း အင်တာနက်က အဆင်သင့်ရှိသည်။ အင်တာနက်ကို မိမိရရ သုံးချင်လျှင် ကွန်ပျူတာ လိုအပ်သည်။ ကွန်ပျူတာ သုံးပြီဆိုလျှင် ကွန်ပျူတာ နည်းပညာကိုပါ သိဖို့ လိုအပ်လာသည်။ သို့သော် ကမ္ဘာ့ဖွံ့ဖြိုးဆဲ နိုင်ငံအတော်များများတွက် သေစာရှင်စာကိုပင် မရေးတက်၊ မဖတ်တက်သူ အတော်များများ ရှိနေသည်။ ထိုသူများအတွက်မူ ကွန်ပျူတာသည် လည်ကောင်း၊ အင်တာနက်သည် လည်ကောင်း အသုံးမဝင်ပါ။ ယခုမှု ခေတ်က ပြောင်းလာသည်။ မိုဘိုင်းဖုန်းသည် ကမ္ဘာနိုင်ငံ အများစုတွင် နေရာယူလာသည်။ ဖုန်းသည် စကားပြောရုံသက်သက် မဟုတ်။ Data တို့ကို သယ်ဆောင် လွှဲပြောင်းနိုင်စွမ်းရှိလာသည်။

မိုဘိုင်းဖုန်းပေါ်မှ နေ၍ အင်တာနက် အသွားအလာလုပ်နိုင်သည်။ ထိုသို့ဆိုလျှင် အဆင်ပြေပြီဟု ထင်ရသည်။ ထင်သာထင် မဝင်ဘူး ကျောင်းအစ်မ ဟုသာ ဆိုရတော့မည်။ မိုဘိုင်းဖိုး ကိုင်တိုင်းလည်း စာမတက်ပါ။ သုံးညမှ ကိုးအထိ ကိန်းဂဏန်းသင်ပေးလျှင် သုံးတက်သည်။ စာမတက်သူတို့အတွက် မိုဘိုင်း အင်တာနက်သည်ပင် အသုံးမဝင်သေး။ ထိုသူတို့အတွက် အသုံးဝင်စေမည့် စနစ်တစ်ရပ်က ရှိသည်။ ယင်းမှာ အသံကို အသုံးပြုသည့် စနစ်ပင် ဖြစ်ပေသည်။ သို့ဖြစ်ရာ IBM သည် စာမရေးတက်၊ မဖတ်တက်သူတို့အတွက် အသံကို အသုံပြုပြီး အင်တာနက် အသုံးပြုနိုင်မည့် နည်းလမ်းကို ကြံဆလာပါသည်။ ထိုနည်းပညာကို Voice Based Web ဟု ခေါ်ပါသည်။ အသံကို အသုံးပြုမည့် အင်တာနက် ဆက်သွယ်ရေးကို စတင်မည့် နေရာမှာ အိန္ဒိယနိုင်ငံဖြစ်သည်။ IBM သည် သူ၏ India Research Lab ( IRB ) ရုံးခွဲကို အသုံးပြု၍ ထိုစနစ်ကို စမ်းသပ်နေသည်။ ဖွံ့ဖြိုးပြီး အဆင့်သို့ မရောက်တရောက် ဖြစ်နေသည်။ အိန္ဒိယ နိုင်ငံမျိုးတွင် မိုဘိုင်းဖုန်း အသုံးပြုမှု လျှင်မြန်စွာ ဖွံ့ဖြိုးတက် လာသောကြောင့် ဖြစ်သည်။ ယနေ့ ကမ္ဘာကို ကြည့်လျှင် ပြည်သူလူထုအတွင်း အင်တာနက် အသုံးပြုရေးအတွက် PC ၏ ထိုဖောက်နိုင်မှုမှာ မိုဘိုင်းဖုန်းကို မမှီပါ။ နည်းပညာ ရှုပ်ထွေးပြီး စျေးကြီးသော PC ကို လူတိုင်း မဝယ်နိုင်ပါ။ စျေးသက်သာပြီး သွားလေရာပါသော မိုဘိုင်းဖုန်းကသာ အင်တာနက်ကို သုံးဖို့ အဓိပ္ပါယ် ပို၍ ပြည့်ဝစေသည်။ ထို့ကြောင့် PC အပေါ်တွင် သုံးသော Web Browser သည် မိုဘိုင်းဖုန်းတွင်လည်း အပြည့်အဝ အလုပ်လုပ်နိုင်စေရန် လိုအပ်လာသည်။ လက်တွေ့တွင် Mobile Web Brower အတော်များများသည် PC အပေါ်က Brower လို Tab များကို ဘေးချင်းယှဉ် မသုံးနိုင်ပေ။ မြင်ကွင်းသေးသေးဖြင့် စခဲ့ရသော မိုဘိုင်းဖုန်းတို့တွင် Browser ကို အဆင်ပြေပြေ သုံးနိုင်ရန် Tab များကို ထပ်တင်ထားရသောကြောင့် ဖြစ်သည်။ ထို့အပြင် Mobile Web Browser အများစုသည် အင်တာနက်အပေါ်မှာ Web Page များကို မသိမ်းဆည်းနိုင်ပေ။

Stroage အရွယ်အစားသေးသေးဖြင့် စတင်ခဲ့ရသော မိုဘိုင်းဖုန်းများအတွက် ထိုအရည်အသွေးကို ချန်လှပ်ထားခဲ့ခြင်း ဖြစ်သည်။ Spoken Web ဟု ခေါ်သော Voice Based Web ဟုလည်း ခေါ်သော နည်းပညာသည် ဒေသခံ ပြည်သူများအား အသံးဖြင့် အင်တာနက် သုံးစွဲနိုင်ရုံ မက၊ သူတို့ဘာသာ အင်တာနက် Content များ ဖြည့်သွင်းခြင်း၊ ကိုယ်ပိုင် Website များတည်ဆောက်ခြင်းတို့ကိုလည်း အသံဖြင့် လုပ်ဆောင်လာနိုင်မည် ဖြစ်သည်။ အရောင်းအဝယ် အားပြုမည့် e-commerce site များကို အသံကို အားပြုပြီး အမေးအဖြေ ပြုလုပ်နိုင်လာမည်ဖြစ်သည်။

လောလောဆယ်တွင် အသံဖြင့် အလုပ်လုပ်နိုင်မည့် အင်တာနက်အတွက် စမ်းသပ်နေသည့် ကွန်ပျူတာ ဘာသာ စကားနှစ်မျိုးမှာ Voice XML ( Voice Extensible Markup Language ) နှင့် HSTP ( Hyper Speech Transfer Protocol ) တို့ ဖြစ်ပါသည်။ Spoken Web သည် www ဖြင့် စသော အင်တာနက် ကမ္ဘာတွင် Mirror Site တစ်ခု အနေဖြင့် တည်ရှိနေမည် ဖြစ်သည်။ သို့သော် Internet Network အပေါ်တွင် အခြေပြုမည် မဟုတ်ပဲ Telecom Network အပေါ်တွင် အခြေပြုပါလိမ့်မည်။ Spoken Web ကို အသုံးပြုသူတို့သည် သီးခြား URL ( Uniform Resource Locator ) ဖြင့် ရှိနေသော Voice Site များကို ဖွင့်ကြည့်နိုင်ပါမည်။ အဆိုပါ ဆိုဒ်မျိုးကိုလည်း ဖန်တီးနိုင်ပါမည်။ အင်တာနက်အပေါ်တွင်လည်း ငွေကြေးလွှဲပြောင်းနိုင်မည် ဖြစ်ပါသည်။

အသံဖြင့် ဖန်တီးသော အင်တာနက်နယ်မြေကို World Wide Telecom Web ဟု ခေါ်ပါသည်။ ယင်း Website တို့ကို အသုံးပြုရန်အတွက်လည်း ဖုန်းဆက်ခ မပေးရပဲ အင်တာနက် အသုံးပြုခသာ ပေးရသည့် ဖုန်းနံပါတ် Toll-Free Number တစ်ခု ရရှိပါမည်။ အသံကို မှတ်သာသိရှိသည့် စနစ်ဖြင့်သော်လည်ကောင်း၊ ဖုန်း၏ Dial Tone ကို အသုံးပြုသည့် စနစ်ဖြင့်သော်လည်ကောင်း၊ အဆိုပါ ဝက်ဆိုဒ်များကို အသုံးပြုနိုင်ပါသည်။ Sever အပေါ်တွင် တင်ပေးထားသော Template များကို အသုံးပြု၍ မိုဘိုင်းဖုန်း သုံးစွဲသူသည် Voice Website များကို ဖန်တီးနိုင်ပါသေးသည်။ VoiceSite များသည် World Wide Web ဖြင့် ချိတ်ဆက်ထားပါသည်။

သို့သော World Wide Web ပေါ်တွင် ရှိသော Site များကို ကြည့်နိုင်ရန် ကိစ္စမှု ယင်းတို့ကို Spoken Interface ကို အထောက်ပံ့ပြုသည့် အနေအထားသို့ ပြောင်းလဲထားရပါမယ်။ သို့တည်မဟုတ် Voice XML ကိုလည်း အသုံးပြုနိုင်မည်။ အိန္ဒိယနိုင်ငံရှိ IBM Lab သည် Information ရယူလိုသော User များမှနေ၍ ငွေအလွှဲအပြောင်း လုပ်လိုသော User များအထိ အဆင်ပြေစေနိုင်မည့် Spoken Web ကို တည်ထောင်နိုင်ရန် စိတ်အားထက်သန်နေပါသည်။ မျှော်မှန်းထားသည့်အတိုင်း ဖြစ်လာခဲ့လျှင် လယ်သမားတို့သည် သူတို့၏ ထုတ်ကုန်များအတွက် အကောင်းဆုံး စျေးနှုန်းရရှိမည့် စျေးကွက်ကို ရှာဖွေ နိုင်ပါသည်။ တံငါသည်တို့သည်လည်း ပင်လယ်ပြင်သို့ မထွက်မှီ ရာသီဉတု အခြေနေကို သိရှိနိုင်ပါလိမ့်မည်။ ကုန်စုံဆိုင်တို့သည် ဆိုင်တွင် တင်ရောင်းသော ပစ္စည်များနှင့် ယင်းတို့၏ စျေးနှုန်းကို ပြသနိုင်ပါလိမ့်မည်။

ကုန်ပစ္စည်း ထုတ်လုပ်သူတို့သည် မိမိတို့၏ ထုတ်ကုန်နှင့် ပက်သက်ဖွယ်ရှိသော လူတစ်ဉီးစီသို့ သက်ဆိုင်ရာ ကြေငြာများ ပို့နိုင်ပါလိမ့်မည်။ Spoken Web ကို အိန္ဒိယနိုင်ငံတစ်နိုင်ငံတည်းတွင်သာ ကြိုးပမ်းနေသည် မဟုတ်ပါ။ အာဖရိကတိုက်ရှိ မာလီနိုင်ငံကို အခြေပြုလျှက် အာဖရိက အနောက်ခြမ်း နိုင်ငံအားလုံး အသုံးပြုရန် ဆောင်ရွက်လျှက် ရှိပါသည်။ ထို Project အတွက် အထောက်အပံ့ပေးသူမှာ European Commision ဖြစ်ပါသည်။ အဆိုပါ စီမံကိန်းကို Voice ဟု ခေါ်ပါသည်။ လောလောဆယ်တွင် အာဖရိက လယ်သမားများ Information ရယူရန်အတွက်လည်းကောင်း၊ Citizen Journalist များအတွက် Platform တစ်ခုအနေဖြင့် လည်ကောင်း၊ စမ်းသပ်အသုံးပြုလျှက် ရှိပါသည်။ Voice စနစ်တွင်လည်း ပရိုဂရမ် ဘာသာစကားအဖြစ် Voice XML ကို အသုံးပြုပါသည်။ Web Content များကို အသံဖြင့် ရှာဖွေ အသုံးပြုနိုင်စေမည့် စနစ်ဖြစ်သည်။

မာလီသားတို့ အနေဖြင့် အသံဖြင့် အင်တာနက်ထဲ ဝင်ခြင်း၊ လှည့်ပတ်သွားလာခြင်း၊ ရွေးချယ်ပိုင်ခွင့်များကို အသံဖြင့် နားထောင် အသုံးပြုခြင်း စသည်တို့ကို ပြုလုပ်နိုင်ကြပါပြီ။ Voices စတင်အသုံးပြုသော ဌာနတစ်ခုမှဦ အယ်ဂျာဇီးယား သတင်းဌာနဖြစ်ပါသည်။ လွန်ခဲ့သည့် နှစ်ကုန်ပိုင်းက ကင်ညာနှင့် ဂါနာနိုင်ငံများတွင် ပြုလုပ်ခဲ့သော ရွေးကောက်ပွဲများဖြင့် ပက်သက်ပြီး အောက်ခြေ လူတန်းစားတို့၏ အမြင်ကို အင်တာဗျူးလုပ်ရာ၌ အသုံးပြုခဲ့ခြင်း ဖြစ်ပါသည်။ ထိုသို့ အသုံးပြုနိုင်ရန် မိုဘိုင်းဖုန်း ဝန်ဆောင်မှုပေးသည် Safaricom က အကူညီပေးခဲ့ပါသည်။ အသံဖြင့် အသုံးပြုနိုင်သည့် မိုဘိုင်း အင်တာနက် စနစ်ကြောင့် အာဖရိက တိုက်သားတို့သည် သတင်းဌာနာများနှင့် ဆက်သွယ်၍ သူတို့အမြင်၊ သူတို့ရသည့် သတင်းကို ပြောနိုင်သည်။ အချိန်နှင့် တစ်ပြေးညီ News Updates များ သိနိုင်ပါသည်။ ထို့အပြင် အသံဖြင့် အသုံးပြုနိုင်သည် Twitter စနစ်တစ်မျိုး ဖြစ်သော Tabal ဟူသော စနစ်တစ်ရပ်သည် အာဖရိကတိုက်တွင် 2012 နှစ်ကုန်ပိုင်း၌ ပေါ်ထွက်လာခဲ့ပါသည်။ Voices သည် ယခုအခါတွင် အာဖရိကတိုက်၏ အမေ့လျော့ခံဖြစ်သော အောက်ခြေလူတန်းစား မိန်းမသားတို့အား ဉီးတည်ချက်ထားပြီး အလုပ်လုပ်လျှက် ရှိပါသည်။ အင်တာနက်ကို အသံဖြင့် အသုံးပြုလာနိုင်သည့်အတွက် ပျားမွေးသော အာဖရိကသားသည် စျေးကွက် ချဲ့ထွင်လာနိုင်သည်။ ယခင်က ပျားအုံအနည်းငယ်သာ မွေးသော်လည်း ယခုအခါတွင် ပျားအုံထောင်ချီ မွေးလာပြီး စီးပွားဖြစ်လာသည်။ အင်တာနက်မှ တစ်ဆင့် ပျားရည်စျေးကောင်းရသောကြောင်း ဖြစ်သည်။ အာဖရိကတိုက်၏ စားသောက်ဖွယ်ရာ ၇၀ ရာနှုန်းကျော်ကို ထုတ်လုပ်နေသော အမျိုးသမီးများသည်လည်း များမကြာမီတွင် ယင်းသို့ပင် အကျိုးဖြစ်ထွန်းလာဖွယ် ရှိပါသည်။ အသံအင်တာနက်စနစ် ဖွံ့ဖြိုးလာစေရန်အတွက် World Wide Web Foundation ရှိ အင်ဂျင်းနီယာများသည် Voicesite များ၏ Index ဖွဲ့စည်း၌ ဝိုင်းဝန်းကူညီလျှက် ရှိပါသည်။

အသံဖြင့် သုံးရသည့် Website များသည် မိုဘိုင်းဖုန်း ဝန်ဆောင်မှုပေးရာ ဌာန၏ Sever ငယ်များထဲတွင် တည်ရှိနေပါသည်။ သို့ဖြစ်၍ မိုဘိုင်းဖုန်း အသုံးပြုသူတို့သည် အင်တာနက်ကို အလွယ်တကူ ချိတ်ဆက်စရာ မလိုပဲ လက်ထဲရှိ မိုဘိုင်းဖုန်းကို သုံး၍ Voicesite များကို ချိတ်ဆက် အသုံးပြုစေနိုင်ပါသည်။ ယင်းစနစ်သည် ကမ္ဘာတစ်လွှားရှိ စာမတက် ပေါများသော နိုင်ငံများတွက် အကျိုးရှိပါလိမ့်မည်။ သို့သော စီးပွားရေး လုပ်ငန်းကြီးများ၊ အကျိုးမြတ်ယူသော အဖွဲ့စည်းများ ပါဝင်လာမှသာ ငွေကြေးကိစ္စများ အဆင်ပြေပါလိမ့်မည်။ အိန္ဒိယနိုင်ငံကဲ့သို့ ဟင်ဒီဘာသာ စကားပြောသူ သန်းတစ်ထောင်ခန့်ရှိသော နိုင်ငံမျိုးတွင် ယင်းစနစ်ကို စီးပွားဖြစ် တည်ထောင်ရန် ခက်ခဲမည် မဟုတ်ပါ။ သို့သော ဘာသာစကားမျိုးစုံ ပြောသည့် နိုင်ငံများ၊ ဘာသာ စကားတစ်မျိုးတည်း သုံးသော်လည်း မိုဘိုင်းဖုန်း သုံးစွဲသူဉီးရေ နည်းသည့် နိုင်ငံများတွင် ယင်းစနစ်သုံးစွဲရန် အခက်ခဲ ရှိနေပါလိမ့်မည်း ကုလအပါဝင် စေတနာရှာ အဖွဲ့စည်းများက ဝိုင်းဝန်း ကူညီမှသာ အောင်မြင်ပါလိမ့်မည်။




Credit: All Supporters


Posted By

<<  HTAR WAIE THAR  >>

Ko Ko Zaw ( BE-EC )             www.htarwaiethar.org

Saturday, January 3, 2015

EMMC ဆိုတာ


























မိုဘိုင်းလောကမှာ အခုနောက်ပိုင်း EMMC ဆိုတဲ့ ဝေါဟာရကို တွင်တွင်ကြီး သုံးလာကြပါတယ်။ မိုဘိုင်း Users တွေကလည်း ကျွန်တော့်ကို လာမေးကြပါတယ်။ EMMC ဆိုတာ ဘာလဲတဲ့။ ဒီတော့ မသိသေးတဲ့ Users တွေအတွက် ရည်ရွယ်ပြီး EMMC အကြောင်းကို ရှင်းပြပေးစေချင်ပါတယ်။ EMMC ဆိုတာ Smart Phone တွေ၊ Tablet တွေမှာပါဝင်တဲ့ Electronic Chip တစ်ခုပါ။ မိုဘိုင်း Device တွေမှာ ပါဝင်လာတာဆိုရင်တော့ မဟုတ်ပါဘူး။ GPS Devices တွေ၊ Digital Camera တွေ၊ e-Reader တွေနဲ့ အခြား မိုဘိုင်း Devices မှာ ထည့်သွင်းအသုံးပြုထားတဲ့ Chip တစ်ခု ဖြစ်ပါတယ်။ EMMC ဆိုတဲ့ဝေါဟာရရဲ့ အရှည်ကောက်ကတော့ Embedded Multi-Media Controller လို့ အမည်ရပါတယ်။ Embedded Multi-Media Controller ဆိုတဲ့ ဝေါဟာရကို အတိုခေါ်လိုက်တာ EMMC ဖြစ်သွားတယ်ပေါ့နော်။ EEMC Chip တွေဟာ Device တစ်ခုရဲ့ Boot နဲ့ Embedded/Extranal Stroage အပိုင်းတွေအတွက် အဓိက လုပ်ဆောင်ပေးတဲ့ အစိတ်အပိုင်းဖြစ်ပါတယ်။ EMMC Chip ထဲမှာ Multimedia Card Interface, Flash Menmory and Flash Memory Controller ဆိုပြီး သုံးပိုင်းပါဝင်ပါသေးတယ်။ EMMC Chip တွေဟာ Densitied range အားဖြင့် 4 GB ကနေပြီး 128 GB အထိ အမျိုးမျိုး ရှိပါတယ်။ Vlotage Level အားဖြင့် 1.8 V and 3.3 V အတွင်းမှာ EMMC Chip တွေဟာ လုပ်ဆောင်နိုင်တယ်လို့ အကြမ်းဖဉ်းမှတ်သားနိုင်ပါတယ်။

EMMC Chip အသုံးပြုမိုဘိုင်း Devices အရေအတွက်တွေဟာ လက်ရှိအချိန်ထိ အလုံးရေ သန်းပေါင်း ၁၉၀ ကျော်ထိရှိနေပြီလို့ သိရပါတယ်။ ၂၀၁၅ ခုနှစ်မှာ ဒီထက်ပိုမို များပြားလာမှာဖြစ်ပြီး Android, iPhone and Windows Phone တွေမှာ ပိုမို အသုံးပြုလာကြလိမ့်မယ်လို့ ထင်ရပါတယ်။ ဒီလောက်ဆိုရင် EMMC ဆိုတာဘာလဲ၊ EMMC ရဲ့ အကြောင်းကို သိရှိကြလိမ့်မယ်လို့ ထင်ပါတယ်။


Credit:   Origin Writer/Supporters


Posted By

<<  HTAR WAIE THAR  >>

Ko Ko Zaw ( BE-EC )            www.htarwaiethar.org

Wednesday, December 31, 2014

မိုဘိုင်းဆက်သွယ်ရေး ဝေါဟာရများ



























မိုဘိုင်းဖုန်းဟာ ကြိုးမဲ့ ဆက်သွယ်ရေးပစ္စည်းဖြစ်တဲ့အတွက် သူ့ထဲမှာ ကြိုးမဲ့ ဆက်သွယ်ရေး စနစ် တစ်မျိုးမက ပါလာတက်ပါတယ်။ ဖုန်းဆက်ရုံလောက် ကိစ္စမှာ အဲ့ဒီ စနစ်တွေအကြောင်းမသိရင် ကိစ္စမရှိပေမဲ့ မိုဘိုင်းဖုန်းအင်တာနက်နဲ့ ပက်သက်လာပြီးဆိုရင် ကြိုးမဲ့ စနစ်တွေအကြောင်း နားလည်ဖို့ လိုလာပါတယ်။ ကြိုးမဲ့ ဆက်သွယ်ရေးစနစ်အကြောင်း နားမလည်တဲ့အတွက် Handset ဝယ်တဲ့နေရာမှာ အမှားတွေ ကြုံရပါတယ်။ အင်တာနက် ချိတ်ဆက်ရေး ကိစ္စမှာ အခက်ခဲ့တွေ တွေ့ရပါတယ်။ ၁၅၀၀ တန် ဖုန်းတွေထွက်မှ မိုဘိုင်းဖုန်း သုံးဖြစ်တဲ့ အခြေခံလူတန်းစား မပြောနဲ့ ပိုက်ဆံပေါလို့ ၁၅ သိန်းခေတ်က မိုဘိုင်းဖုန်းသုံးခဲ့တဲ့ လူတွေတောင် ကြိုးမဲ့ဆက်သွယ်ရေး စနစ်ကို နားမလည်တာတွေ အများကြီးပါ။ ဒါကြောင့် မိုဘိုင်းဖုန်းတစ်လုံးကို ပြည့်ပြည့်စုံစုံ သုံးချင်သူတွေအတွက် ကြိုးမဲ့ဆက်သွယ်ရေး စနစ်သုံး ဝေါဟာရတွေကို လေ့လာကြည့်ရအောင်။


Bluetooth
---
Bluetooth ဆိုတာ တာတိုကြိုးမဲ့ ဆက်သွယ်ရေးစနစ်ပါ။ Bluetooth ပါတဲ့ ဖုန်းအချင်းချင်း၊ Bluetooth ပါတဲ့ ဖုန်းနဲ့ ကွန်ပျူတာတွေကြားထဲ့မှာ ကြိုးမဲ့ ချိတ်ဆက်ပြီး Data တွေ ဖလှယ်နိုင်ပါတယ်။ လူပြိန်းနားလည်အောင် ပြောရရင် ဖုန်းတစ်လုံးနဲ့ တစ်လုံး ချိတ်ဆက်ပြီး သီချင်းတွေ၊ ဂိမ်းတွေ ဖလှယ်တာမျိုးပေါ့ဗျာ။ ကျွန်တော်တို့ဆီမှာ လောလောဆယ် ဝင်နေတဲ့ Hardset အများစုမှာ Bluetooth 2.0 ကို သုံးပါတယ်။ တစ်ချို့မှာက Bluetooth 2.0 EDR ( Enhanced Data Rate ) ဆိုတာလည်း သုံးပါတယ်။ သူက Data တွေကို မြန်မြန်ဆန်ဆန် လွှဲနိုင်ပါတယ်။

အခုဆိုရင် ခလုပ်ဖုန်းအတော်များများမှာတောင်မှာ Bluetooth စနစ်ပါနေပါပြီ။ အဆင့်မြင့် တို့ထိဖုန်းတွေမှာတော့ Bluetooth နာကြပ်နဲ့ ချိတ်ဆက်ပြီး ကားမောင်းရင်း လက်မကိုင်ပဲ ဖုန်းပြောဖို့ သိပ်ပြီး အသုံးတည့်ပါတယ်။ နားကြပ်နဲ့ ဖုန်းနဲ့ကို Bluetooth ချိတ်ပြီး ဖုန်းပြောချင်သူတွေ 4.0 Version ကို ရှာပြီးဝယ်ပါ။ Bluetooth ရဲ့ မူလ ဆက်သွယ်နိုင်တဲ့ အကွာဝေးက ပေ ၃၀ အတွင်း ဖြစ်ပေမဲ့ Bluetooth မှာတော့ ပေ ၁၀၀ အတွင်းထိ ဆက်သွယ်နိုင်ပါတယ်။ ကြားထဲမှ နံရံတွေ ခြားရင် ဆက်သွယ်နိုင်တဲ့ အကွာဝေတိုပါတယ်။ အလုံပိတ်အခန်းတွေကြားမှာ နံရဲဖောက်ပြီး မဆက်သွယ်နိုင်ပါဘူး။ သူ့ရဲ့ Data လွှဲပြောင်းနှုန်း 2.0 မှ 50 kbps လောက်ရှိပြီး 4.0-100 kbps ဝန်းကျင်ရှိပါတယ်။ MP3 သီချင်းတစ်ပုဒ်လွှဲရင် တစ်မိနစ်နီးပါးကြာပါတယ်။ Bluetooth သုံးချင်ရင် Setting ဆိုတဲ့ စက်သွားပုံ ပင်နယံအဝိုင်းလေးကို ရှာရမယ်။ Setting> Wireless & Network > Bluetooth အောက်ဝင်ပြီး သုံးရပါမယ်။ ချိတ်ဆက်မယ့် ဖုန်းနှစ်လုံးလုံးမှာ Bluetooth ဖွင့်ထားရပါမယ်။ Bluetooth Setting ထဲဝင်ပြီး Device အချင်းချင်းသိအောင် Discoverable/Visible ကို ဖွင့်ထားပြီး Bluetooth ဖွင့်ထားမယ့်ကာလ ( Discoverable Time Out ) အလုံအလောက်ပေးရပါမယ်။


Wi-Fi
----
သူလည်းပဲ တာတိုကြိုးမဲ့ ဆက်သွယ်ရေး စနစ်ပါပဲ။ Bluetooth ထက် ပိုပြီး ဝေးဝေ ဆက်သွယ်နိုင်ပါတယ်။ လှိုင်းတွေက နံရံဖောက်ဝင်အား ပိုပြီးကောင်းပါတယ်။ လောလောဆယ်သုံးတဲ့ n စနစ်က ကြားမှာ အတားဆီးမရှိရင် ပေ ၃၀၀ အကွာအထိ ဆက်သွယ်နိုင်ပါတယ်။ ခလုပ်ဖုန်းအတော်များများမှာ Wi-Fi စနစ် ပါလေ့မရှိပါဘူး။ တို့ထိဖုန်းတွေမှာပဲ ပါပါတယ်။ Wi-Fi စနစ်က အမျိုးအစားတွေများတော့ သူ့ကိုခွဲခြားပြီး ပြောရရင် 802.11 ဆိုတဲ့ စာလုံးကို ရှေ့ကခံပြီး ပြောပါတယ်။ ဒီနေ့အထိ အများသုံးနေတာဟာ a/b/g/n ဆိုပြီး စနစ်လေးမျိုးရှိပါတယ်။ n က အမြန်ဆုံးဖြစ်တဲ့အတွက် Hardset ဝယ်ရင် (n) အမျိုးအစားပါမပါ သတိထားပြီး ဝယ်ရပါမယ်။ Data လွှဲပြောင်းတဲ့ နှုန်းကတော့ မြန်နှုန်းကို ကြည့်ရင် a/b/g/ အမျိုးအစားတွေမှာ 54 Mbps (Mega Bit Per Second) ရပြီး 2.4 GHz လှိုင်းခွင်က လွှင့်ပါတယ်။ n အမျိုးအစားကတော့ 450 Mbps အထိ Data လွှဲပြောင်းမှု အမြန်နှုန်းရှိပြီး 2.4 GHz-5GHz ကြားလှိုင်းလွှင့်နိုင်တဲ့ အားသာချက်ရှိပါတယ်။ အခုနောက်ပိုင်း အဆင့်မြင့် Handset တွေမှာ WiFi Direct System ပါလာတာမို့ Handset အချင်းချင်းတိုက်ရိုက်ချိတ်ဆက်ပြီး ဒေလ်တာတွေကို လွှဲနိုင်ပါတယ်။ ကျွန်တော်တို့ အသုံးများတဲ့ Zapya ကလည်း WiFi Direct စနစ်တစ်မျိုးပါပဲ။ WiFi ရဲ့ အားသာချက်က အချင်းချင်း ချိတ်ဆက်တဲ့ နေရာမှာ Bluetooth လို အသိမှတ်ပြုတဲ့ စနစ် ( Pair ) လုပ်ဖို့ မလိုတာပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ WiFi ကွန်ယက်ထဲမှာ ပက်စ်ဝက်ခံထားရင်တော့ အဲ့ဒီ ပက်စ်ဝက်ကို သိမှ ဝင်လို့ရပါမယ်။ မိုဘိုင်းဖုန်းတွေမှာ ကျွန်တော်တို့ အသုံးများတာကတော့ Portable Hotspot ပါ။ Setting> Wireless & Network> Tethering & Portable Hotspot> Portable WLAN Hotspot ဖြစ်ပါတယ်။ ကိုယ်က တစ်ခြားလူ သို့မဟုတ် ကွန်ပျူတာတစ်လုံးကို အင်တာနက် ပေးသုံးမယ်ဆိုရင် Hotspot ကို သုံးပါတယ်။ WLAN Hotspot Configuration ထဲဝင်ပြီး Network SSID/ Security ( လုံခြုမှု စနစ်ဖြစ်ပြီး အများအားဖြင့် WPA2 ဆိုတဲ့ အလုံခြုံဆုံး စနစ်ကို သုံးပါတယ်။ )

ပက်စ်ဝက်တွေ မဖြစ်မနေထည့်ပေးရပါတယ်။ အနည်းဆုံး ရှစ်လုံးထည့်ပေးရပါတယ်။


EVDO
---
အင်တာနက်သုံးတော့မယ်ဆိုရင် သိထားရမယ့် အင်တာနက် ဆက်သွယ်ရေး စနစ်တစ်မျိုးဖြစ်ပါတယ်။ CDMA 800 MHz ( 730 Mobile System လူသိများပါတယ်) မှာ သုံးတဲ့ စနစ်က EVDO စနစ်ပါ။ အရှည်က Evolution Data Optimized ဖြစ်ပါတယ်။ Handset မျက်နှာပြင်ပေါ်မှာ 3G စာလုံးအနေနဲ့ မြင်ရပါတယ်။ ကျွန်တော်တို့ လောလောဆယ် အသုံးပြုနေတာက EVDO Revolution A စနစ်ဖြစ်ပြီး အင်တာနက် Download Speed 3.1 Mbps and Upload Speed 1.8 Mbps ရှိပါတယ်။ Revolution B က ပိုမြန်ပေမဲ့ ကျွန်တော်တို့ဆီမှာ မသုံးနိုင်သေးပါဘူး။


EDGE
----
သူက GSM Mobile မှာ အသုံးပြုသော အင်တာနက် စနစ်ပါ။ အရှည်က Enchanced Data Rate ဖြစ်ပါတယ်။ Handset မျက်နှာပြင်ရဲ့ အပေါ်နားလေးမှာ E ဆိုတဲ့ စာလုံးလေးနဲ့ မြင်ရပါတယ်။ သူတို့ဆီမှာ GSM ကလည်း 3G စနစ် အမြန်နှုန်းရောက်နေပါပြီ။ ကျွန်တော်တို့ဆီမှာ စပြီး ပွဲထွက်တာက 2.5 စနစ်ဖြစ်ပါတယ်။ အင်တာနက် Download Speed 384 kbps and Upload Speed 59 kbps ဖြစ်ပါတယ်။ အင်တာနက်စနစ်မှာ အလွန်နှေးသည့်အတွက် Handset ဝယ်ရင် WCDMA/GSM နှစ်မျိုးတွဲ ဝယ်ပြီး WCDMA အပေါက်မှာ GSM Card ထည့်သုံးသင့်ပါတယ်။


HSDPA
----
သူကတော့ WCDMA Mobile မှာ အသုံးပြုသော အင်တာနက် စနစ်ဖြစ်ပါတယ်။ အရှည်က High Speed Downlink Packet Access ဖြစ်ပါတယ်။ Handset မှာ အင်တာနက်ချိတ်ထားရင် H ဆိုတဲ့ စာလုံးလေး မျက်နှာပြင်မှာ မြင်ရပါတယ်။ မြန်မာပြည်မှာ သုံးနေတာက 3.75 G စနစ်လို့ ပြောပါတယ်။ ကမ္ဘာသတ်မှတ်ချက်အရ 3G+ စနစ်ပါ။ သီအိုရီအရ အင်တာနက် Download Speed 7.2 Mbps and Upload Speed 2 Mbps ရတယ်လို့ ဆိုပါတယ်။ ကျွန်တော်တို့ လက်တွေ့ရတဲ့ မြန်နှုန်းကတော့ သီအိုရီမှာ ပြောတာနဲ့ အပုံတစ်ရာပုံ တစ်ပုံက အများဆုံးပါ။ မြန်မာပြည် မိုဘိုင်းအင်တာနက်မှာတော့ အမြန်ဆုံး ဖြစ်ပါတယ်။


1G/2G/3G/4G
----
G ဆိုတာက Generation ပါ။ ဆက်သွယ်ရေးမျိုးဆက်တွေပေါ့။ 1G ဆိုတာက ပထမမျိုးဆက်။ မျိုးဆက်တစ်ခုတက်လာတိုင်း မြန်နှုန်းရော အရည်သွေးပါ ပိုကောင်လာပါတယ်။ 4G လို့ခေါ်တဲ့ စတုတ္ထမျိုးဆက်ကတော့ လက်ရှိမှာ အမြန်ဆုံးအကောင်းဆုံး ဆယ်သွယ်ရေး စနစ်ပါပဲ။



Credit:   Origin Writer/Supporters


Posted By

<<  HTAR WAIE THAR  >>

Ko Ko Zaw ( BE-EC )                 www.htarwaiethar.org

Friday, June 27, 2014

မိုဘိုင်းဖုန်းအသုံးပြုရာတွင် သတိပြုရမည့်အချက်များ။























၁။ ဖုန်းများကို အပူဓာတ်လွန်ကဲမှုမဖြစ်အောင် ထားပါ။
အပူဓာတ်လွန်ကဲမှုသည်
ခေတ်မှီ Smartphones များနှင့် tablet များအတွက် အလွန်စိုးရိမ်ရပါတယ်။
Mobile ဖုန်းများကို နေရောင်ခြည်နှင့် တိုက်ရိုက်မထိတွေ ့မိအောင်
လက်ကိုင်ပုဝါဖြင့် ဖုံးထားပါ။ ပူပြင်းသော အချိန်တွင် ဖုန်းကို ကားပေါ်တွင်
ချန်မထားခဲ့ပါနှင့်၊ မိမိနှင့် တပါးတည်း ယူဆောင်သွားပါ။


၂။ ဖုန်းထဲသို ့ရေမဝင်ပါစေနှင့်။
လျှပ်စစ်ပစ္စည်းများသည်
ရေစိုခံ၍မရပါ။အကယ်၍ သင်၏ ဖုန်း ရေထဲကျသွားပါက ဖုန်းကို လျှင်မြန်စွာ
ဆန်ခွက်ထဲသို့ထည့်ထားပါ။ ဖုန်း ပျက်စီးမှုဒဏ်မှလျော့ပါးစေပါတယ်။


၃။ ဖုန်းကို ကြာကြာသုံးပြီး အားသွင်းခြင်းလျှော့ပါ။
ဖုန်းကို
တစ်နေကုန် တစ်နေခမ်း အသုံးပြုပြီး အိမ်သို့ပြန်ရောက်ချိန်တွင်
ဖုန်းအားသွင်းရန် အချိန်မပေးနိုင်ခြင်း မေ့လျော့ခြင်းများဖြစ်တတ်ပါတယ်။
ဖုန်းအား မရှိပါက သင်၏ တစ်နေ့တာအစီအစဉ်များ ပျက်ယွင်းနိုင်ပါတယ်။
BatteryDoc အစရှိတဲ့ app မျိုးကို ဖုန်းတွင်ထည့်ထားပြီး ဖုန်းအားသွင်းပါက
ဖုန်း battery သက်တမ်းပိုမိုကြာရှည်စွာ အသုံးပြုခံပါတယ်။


၄။ ဖုန်းပျောက်ဆုံးပါက ပြန်လည်ရှာဖွေရန်နည်းလမ်း။
ဖုန်းပျောက်ဆုံးခြင်းက
လွန်စွာဆိုးရွားတဲ့ဖြစ်ရပ်တစ်ခုပါပဲ။ OS ဖုန်း တော်တော်များများ
ပျောက်ဆုံးပါက ပြန်ရှာနိုင်ရန် built in service
များထည့်သွင်းထားနိုင်ပါတယ်။ ပျောက်ဆုံးချိန်တွင် ပျင်းရိမနေပဲ
လျင်မြန်စွာပြန်ရှာသင့်ပါတယ်။ (အင်တာနက် ကောင်းမွန်ရန် လိုအပ်ပါသည်)


၅။ ဖုန်း ပွန်းပဲ့ခြင်းမှ ကာကွယ်နိုင်ရန်။
ဖုန်း
ကို လက်ထဲမှ လွတ်ကျခြင်းက အမြဲဖြစ်လေ့ရှိကြပါတယ်။ ထိုကဲ့သို့
ထိခိုက်ခြင်းမှ ကာကွယ်နိုင်ရန် scratch protection များထည့်သွင်းသင့်ပါတယ်။
Protectors များတွင် စျေးနှုန်းချိုသာသော protectors များလည်းရှိပါသည်။
ZAGG invisibleSHIELD နှင့် Armortech ကဲ့သို့သော screen protectors
များသည် သင်၏ smartphone မျက်နှာပြင်ကို မတော်တဆထိခိုက်ခြင်းမှ
ကာကွယ်ပေးနိုင်ပါတယ်။

(C) trend.com.mm



Posted By

<<  HTAR WAIE THAR  >>

Ko Ko Zaw ( BE-EC )        www.htarwaiethar.blogspot.com

Friday, May 9, 2014

စမတ်ဖုန်းများမှာ ပါတဲ့ NFC ရဲ့ အသုံးဝင်ပုံများ

























NFC Hardware များကို Device တော်တော်များများ မှာ ထည့်သွင်းလာကြပါပြီ။ အထူးသဖြင့် စမတ်ဖုန်း များမှာ NFC ကို ထည့်သွင်းလာကြသလို Laptop အချို့မှာလည်း NFC ကို ထည့်သွင်းလာကြပါတယ်။ NFC ကို ငွေပေးချေခြင်း ၊ လုံခြုံရေးသော့ အဖြစ် အသုံးပြုခြင်း၊ သတင်းအချက်အလက်များ ပေးပို့ရယူခြင်း စတာတွေအပြင် အခြားကိစ္စများ မှာ အသုံးပြုနိုင်ပါတယ်။ NFC ဟာ QR Code တွေထက် ပိုမိုကောင်းမွန်တဲ့ အဆင့်မြင့် နည်းလမ်းတစ်ခုလည်း ဖြစ်ပါတယ်။ နောက်ပိုင်းထုတ် စမတ်ဖုန်းများ မှာ NFC Hardware ပါရှိကြပါတယ်။ ဒါပေမယ့် လူအများစု ဟာ NFC ကို အသုံးပြုလေ့မရှိကြပါဘူး။

NFC ဆိုတာဘာလဲ?
--------------------
NFC ရဲ့ အရှည် က Near Field Communication ဖြစ်ပါတယ်။ NFC ဟာ စမတ်ဖုန်း နဲ့ အခြား Device များကို ရေဒီယိုလှိုင်းများ ကနေတစ်ဆင့် ဆက်သွယ်လို့ရစေတဲ့ စံနှုန်း တစ်ခု ဖြစ်ပါတယ်။ စမတ်ဖုန်းများ ကို နီးကပ်တဲ့အကွာအဝေး မှာ ထားရှိရမှာ ဖြစ်ပါတယ်။ NFC က RFID နဲ့ အလုပ်လုပ်ပုံချင်း ဆင်တူပေမယ့် NFC ဟာ RFID ထက် နီးကပ်တဲ့ အကွာအဝေးမှာ အသုံးပြုရမှာဖြစ်ပါတယ်။ NFC ကို အသုံးပြုနိုင်တဲ့ အကွာအဝေး မှာ လေးလက်မ ဖြစ်ပါတယ်။

NFC Hardware တပ်ဆင်ထားတဲ့ Device အချင်းချင်း ဆက်သွယ်မှုတွေ ပြုလုပ်နိုင်သလို NFC Device များနဲ့ NFC Tags များ ကိုလည်း ဆက်သွယ်နိုင်ပါတယ်။ NFC Tag ဆိုတာ အခြား စမတ်ဖုန်း ဒါမှမဟုတ် NFC Device များက စွမ်းအင် ကို အသုံးပြုလည်ပတ်တဲ့ NFC Chip ဖြစ်ပါတယ်။ NFC Tag များမှာ ကိုယ်ပိုင် ဘက်ထရီ မပါရှိကြပါဘူး။ NFC Tag များ ဟာ QR Codes အသုံးပြုတာထက် ပိုမိုလျှင်မြန် လွယ်ကူစေပါ တယ်။

NFC Device များ ကို ချိတ်ဆက်ဖို့အတွက် Device နှစ်ခု ကို ထိတွေ့ပေးရမှာ ဖြစ်ပါတယ်။ ဥပမာ အားဖြင့် NFC Smartphone နှစ်လုံး ကို ကျောချင်းကပ် ပေးရမှာ ဖြစ်ပါတယ်။ NFC Tag နဲ့ ချိတ်ဆက်ဖို့ NFC Smartphone ရဲ့ နောက်ကျော ကို NFC Tag နဲ့ ထိကပ်ပေးရမှာ ဖြစ်ပါတယ်။

NFC ကို Nexus 4, Galaxy Nexus, Nexus 5, Galaxy S3 , Galaxy S4, Galaxy S5, HTC One X, HTC One M8 တို့ အပါအဝင် အခြား စွမ်းဆောင်ရည်မြင့် Android Device များမှာ ထည့်သွင်းပေးထား ပါတယ်။ NFC ကို အသုံးပြုလို့ရတာ Android တစ်ခုထဲ မဟုတ်ပါဘူး။ Nokia Lumia လို Windows Phone များနဲ့ HTC Windows Phone 8X မှာလည်း NFC ပါရှိပါတယ်။ BlackBerry Device အတော် များများ မှာလည်း NFC ပါရှိကြပါတယ်။ Apple ရဲ့ iPhone များမှာတော့ NFC Hardware မပါရှိကြပါဘူး။

Mobile Payments
-------------------
NFC ကို ငွေပေးချေတဲ့ ကိစ္စများ မှာ အသုံးပြုနိုင်ပါတယ်။ MasterCard’s ရဲ့ PayPass က NFC ကို အသုံးပြုပါတယ်။ NFC Smartphone ကို NFC ငွေလက်ခံတဲ့စက်ကို ထိတွေ့ပေးရုံ ဒါမှမဟုတ် စက်နား မှာ စမတ်ဖုန်း ကို ဝှေ့ယမ်းရုံ နဲ့ ငွေပေးချေခြင်း ကို လျှင်မြန်စွာ ပြုလုပ်နိုင်ပါတယ်။ Google Wallet ကလည်း NFC ကို အသုံးပြုတာဖြစ်ပါတယ်။ San Francisco မှာ NFC Parking Meters များ ရှိပါတယ်။ NFC Phone ကို Parking Meter ကို ထိတွေ့ရုံဖြင့် ကားရပ်နားခငွေ ကို ပေးချေနိုင်ပါတယ်။

ဒေတာများကို ကြိုးမဲ့ ပေးပို့ ရယူနိုင်ခြင်း
----------------------------------------
NFC Smartphone နှစ်လုံးကြားမှာ ဒေတာများ ကို ကြိုးမဲ့ ပေးပို့ ရယူ နိုင်ပါတယ်။ Android Phone များမှာ Web Page,Contact, Photo, Video နဲ့ အခြား သတင်းအချက်အလက်များကို လျှင်မြန်စွာ ပေးပို့ရယူ နိုင် တဲ့ Android Beam စွမ်းဆောင်ချက် ပါရှိပါတယ်။ ဖုန်း နှစ်လုံးကို ကျောချင်းကပ် ထိတွေ့ပေးပြီး ဒေတာများ ကို ကူးပြောင်းနိုင်ပါတယ်။ ဖိုင်ကူးပြောင်းမှုကို Bluetooth ဆက်သွယ်မှုမှ တစ်ဆင့် ပြုလုပ်တာဖြစ်ပါတယ်။ ဒါပေမယ့် Pair ပြုလုပ်စရာမလိုဘဲ အလုပ်ရှုပ်သက်သာစေပါတယ်။ BlackBerry နဲ့ Windows Phone များမှာလည်း အဲဒီနည်းအတိုင်း ပြုလုပ်ရတာ ဖြစ်ပါတယ်။

NFC Tags
------------
NFC Tags များ ဟာ စျေးနှုန်း ချိုသာပါတယ်။ စမတ်ဖုန်း က NFC Tag ကို ထိတွေ့ရင် ပြုလုပ်စေချင်တဲ့ အလုပ်ကို NFC Tag များမှာ သတ်မှတ်ရမှာ ဖြစ်ပါတယ်။ ဥပမာ အားဖြင့် ညအိပ်ယာဝင်ရင် စမတ်ဖုန်း ကို Silent Mode ပြုလုပ်လေ့ရှိသူများ ရှိကြပါတယ်။ အဲဒီလူများ ဟာ နေ့စဉ်နေ့တိုင်း အိပ်ယာဝင် ရင် Silent Mode ကို ကိုယ်တိုင် ပြောင်းလဲရပါတယ်။ ဒီလို ကိုယ်တိုင် ပြောင်းလဲမှု မပြုလုပ်ချင်ရင် NFC Tag ကို အသုံးပြုနိုင်ပါတယ်။ NFC Tag ကို အိပ်ယာ ရဲ့ ဘေးနား က စားပွဲ မှာ ထားရှိရမှာ ဖြစ်ပါတယ်။ အိပ်ယာဝင်ရင် စမတ်ဖုန်း ကို NFC Tag ပေါ်တင်လိုက်ရုံနဲ့ Silent Mode ကို အလိုအလျှောက် ပြောင်းပေး မှာ ဖြစ်ပါတယ်။  WiFi Network ရဲ့ SSID နဲ့ Password ပါတဲ့ NFC Tag များကိုလည်း ပြုလုပ်နိုင်ပါတယ်။ သူငယ်ချင်းများ သင့် အိမ် ကို အလည်လာရင် သူတို့ရဲ့ ဖုန်းများ ကို NFC Tag ကို ထိတွေ့ပေးခြင်းဖြင့် WiFi Network ကို Log On ၀င်ရောက် နိုင်မှာ ဖြစ်ပါတယ်။ အဲဒီအတွက် NFC Tag ဟာ Password များ ရိုက်ထည့်ရတဲ့ အလုပ်ရှုပ်မှု ကို သက်သာစေမှာ ဖြစ်ပါတယ်။ ဒါတွေဟာ ဥပမာ အနည်းငယ်သာ ဖြစ်ပြီး NFC Tag များ ဟာ အလုပ်များစွာ ပြုလုပ်ပေးနိုင်ပါတယ်။

အခြား အသုံးဝင်ပုံများ
----------------------
NFC ရဲ့ အသုံးဝင်ပုံများစွာ ရှိပြီး အနည်းငယ် ကို အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။

• သတင်းအချက်အလက်များကို လျှင်မြန်စွာ Download ပြုလုပ်နိုင်ခြင်း။ စီးပွားရေးလုပ်ငန်းများ ၊ ကြော်ညာများ နဲ့ ထုတ်ကုန်များ ဟာ QR Code များကို အသုံးပြုကြပါတယ်။ QR Code များကို စမတ်ဖုန်း ရဲ့ ကင်မရာကနေ Scan ပြုလုပ်ပြီး သတင်းအချက်အလက်များကို ကြည့်ရှုနိုင်ပါတယ်။ NFC ကလည်း QR Code ရဲ့ စွမ်းဆောင်ချက်လို ပြုလုပ်ပေးနိုင်ပါတယ်။ သတင်းအချက်အလက်များ ထည့်သွင်းထားတဲ့ NFC Chip ကို စမတ်ဖုန်း ဖြင့် ထိတွေ့ပေးရုံ နဲ့ သတင်းအချက်အလက်များကို လျှင်မြန်စွာ သိနိုင်မှာ ဖြစ်ပါတယ်။ QR Code မှာလို ကင်မရာ ကနေ Scan လုပ်ရတဲ့ အလုပ်ရှုပ်မှုများ ကင်းဝေးစေပါတယ်။
• လုံခြံုရေး။ NFC Smartphone များ ကို လုံခြံုရေးသော့ အဖြစ် အသုံးပြုနိုင်ပါတယ်။ ကားထုတ်လုပ်သူများ က NFC ကားသော့များကို တီထွင်နေကြပါတယ်။
• ထွက်ခွာခွင့်လက်မှတ်။ အချို့လေကြောင်းလိုင်းများနဲ့ မော်တော်ကားလိုင်းများမှာ NFC Smartphone ကို အသုံးပြုပြီး ထွက်ခွာခွင့်ပေးတဲ့ စနစ်ကို စမ်းသပ်နေကြပါတယ်။

အခုဆောင်းပါးမှာ ရေးသားပေးလိုက်တာတွေကတော့ အခုလောလောဆယ် မှာ NFC ရဲ့ အသုံးဝင်ပုံ များ ဖြစ်ပါတယ်။ အနာဂတ် မှာ NFC နည်းပညာဟာ ပိုမိုတိုးတက် ကောင်းမွန်လာမှာ ဖြစ်ပါတယ်။

သူရ

Myanmar Digital Life Journal




Posted By

<<  HTAR WAIE THAR  >>

Ko Ko Zaw ( BE-EC )     www.htarwaiethar.blogspot.com

Monday, April 28, 2014

မိုဘိုင်းလ်ဖုန်း အသုံးပြုလျှင် သတိထားသင့်သော အချက်များ























ယနေ့ခေတ်မှာ လူတော်တော်များများ ဟန်းဖုန်းကိုင်နိုင်ပြီ ဖြစ်ပါတယ်။ ဒါကြောင့် ဖုန်းနှင့် ပက်သက်ပြီး သိသင့်တဲ့ ကျန်းမာရေးဗဟုသုတ အချို ့မျှဝေလိုက်ပါတယ်။


မိုဘိုင်းဖုန်းကို အိပ်ယာဘေးထားမအိပ်ပါနှင့်

ဆဲလ်ဖုန်းကို အိပ်ယာဘေးထားမအိပ်သင့်ပါဘူး။ ဖုန်းကထွက်လာတဲ့ ရေဒီယိုလိုင်းများက ဦးနှောက်ကို ထိခိုက်စေပါတယ်။ အကျိုးဆက်များကတော့ - skin rashes-အရေအပြား အနီကွက်ထခြင်း၊ headaches (ခေါင်းကိုက်ခြင်း)၊ migraines (ခေါင်းတစ်ခြမ်းကိုက်ခြင်း) , skin irritation (အရေအပြား ဓာတ်မတည့်ခြင်း) , insomnia (အိပ်မပျော်ခြင်း), dizziness (ခေါင်းမူးခြင်း), nausea (မအီမသာဖြစ်ခြင်း), heart palpitations (နှလုံးခုနှုန်း မမှန်ခြင်း), heart pain (နှလုံးအောင့်ခြင်း), concentration problems (အာရုံစူးစိုက်မှုနည်းခြင်း), fatigue (ပင်ပန်းနွမ်နယ်ခြင်း), tingling sensations (တစစ်စစ် တွေ့ထိသလို ခံစားရခြင်း), anxiety attacks (စိုးရိမ်ကြောင့်ကျခြင်း), memory problems (မှတ်သားမှု အားနည်းခြင်း), vision problems )အမြင်ဝေဝါးခြင်း, swollen lymph nodes (အရည်ကြည်ဖုထခြင်း), indigestion reddening of skin (အရေပြားမှရေဒီယိုလိုင်းအား ဆုပ်ယူခြင်း) စတာတွေ ဖြစ်နိုင်ပါတယ်။


ကားပေါ်တွင် မိုဘိုင်းဖုန်း (ဆဲလ်ဖုန်း) အသုံးမပြုပါနှင့်

မိုဘိုင်းဖုန်းများဟာ (ဘတ်စ်ကား၊ ကား၊ ရထား) အစရှိသဖြင့် စက်တင် ယာဉ်ပေါ်မှာဆိုရင် ရေဒီယိုလိုင်း ထုတ်လွင့်မှု (radiation) မြင့်မားပါတယ်။ ဒါကြောင့် ဖုန်းမပြောသင့်ပါဘူး။ မဖြစ်မနေပြောရမယ်ဆိုရင်တော့ ခေါင်းနဲ့ သိပ်မကပ်ပဲ လိုရင်းတိုရှင်းပြောပြီး ဖုန်းချသင့်ပါတယ်။ အသက် ၁၆ နှစ်အောက် နှင့် မိုဘိုင်းဖုန်းအသက် ၁၆ နှစ်အောက် ကလေးငယ်များအနေနဲ့ မိုဘိုင်းဖုန်း အသုံးမပြုသင့်သေးပါဘူး။ သူတို့ရဲ ့ဦးနှောက်ဟာ ဖွ့ံဖြိုးဆဲသာဖြစ်ပြီး ဦးခေါင်းခွံ ပါးနေပါသေးတယ်။ ဒါကြောင့် သူတို့ဟာ သာမန်လူတွေထက် Radiation ကို ပိုမို ခံရပါတယ်။


မိုဘိုင်းဖုန်းကို ဘောင်းဘီအိပ်ထဲမထည့်ပါနှင့်

မိုဘိုင်းဖုန်းကို ဘောင်းဘီအိတ်ကပ်ထည့်တဲ့ အလေ့အကျင့်ရှိရင် ရှောင်ရှားစေလိုပါတယ်။ ရေဒီယုလှိုင်းရဲ ့ဓာတ်ပြု ရိုက်ခက်မှုကြောင့် ယင်းအလေ့အထက ကြာလာရင် မျိုးပွားနိုင်တဲ့ သွေးဆဲလ်တွေကို သေစေပြီး ကလေးမရနိုင်တဲ့ အမြုံဖြစ်စေနိုင်ပါတယ်။


မိုဘိုင်းဖုန်းကို ဓာတ်ဆီ၊ ဒီဇယ်ဆီဆိုင်များအတွက် အသုံးမပြုပါနှင့်

ဒါကအင်မတန် အရေးကြီးပါတယ်။ နိုင်ငံတကာကလည်း တားမြစ်ထားပြီး ဖြစ်ပါတယ်။ ဆီဖြည့်နေစဉ် ဖုန်းပြောရင်တော့ ပိုပြီးတော့ အန္တရာယ်ဖြစ်မယ့် အလားအလာ ရှိပါတယ်။ မိုဘိုင်းဖုန်းမှာ လွတ်လိုက်တဲ့ Electro magnetic wave/ radio wave တွေဟာ static electricity ဖြစ်ပေါ်စေပါတယ်။ ပြီးတော့ မီးပွင့်လာတဲ့အတွက် လေကနေ ဓာတ်ကူးပြီး အငွေ့ပြန်နေတဲ့ ဓာတ်ဆီ၊ ဒီဇယ်ဆီတို့အထိ မီးကူးသွားပါတယ်။ အကျိုးဆက်ကတော့ ပေါက်ကွဲမှုကြီးကို ဖြစ်ပေါ်လာနိုင်စေပါတယ်။ လောင်စာဆီတွေမှမဟုတ်ပဲ၊ ဓာတုဗေဓ ပစ္စည်းထားသိုရာ နေရာအချို ့မှာတောင် အန္တရာယ်ရှိတဲ့အတွက် တားမြစ်ထားပါတယ်။ လောင်စာဆီ ဖြည့်စဉ် ဖုန်းပိတ်ထားတာ အကောင်းဆုံး ဖြစ်ပါတယ်။


မိုဘိုင်းဖုန်းနှင့် အခြားရောဂါ ဝေဒနာ

မိုဘိုင်းဖုန်းကြာကြာအသုံးပြုသူတွေဟာ ရေဒီယိုလှိုင်းများကြားမှာ အသက်ရှင်နေကြပါတယ်။ ယင်းလိုင်းရဲ ့ရိုက်ခတ်မှု များကြောင့် ဦးနှောက်သွေးဆဲလ်တွေမှာ ပါဝင်တဲ့ melatonin, serotonin, dopamine , norepinephrine အစရှိသဖြင့် ဟိုမုန်းများကို ပြောင်းလဲစေပြီး ဦးနှောက်နဲ့ပက်သက်တဲ့အခြားရောဂါများ အလွယ်တကူ ဖြစ်စေ ပါတယ်။ ပြီးတော့ မိုဘိုင်းဖုန်းအမြဲအသုံးပြုသူဟာ စိတ်ကျရောဂါမျိုးလည်း ခံစားတတ်ရပြီး ကိုယ်ခံအားပါ ကျဆင်းစေပါတယ်။

ဒါကြောင့် မိုဘိုင်းဖုန်းကို လိုအပ်မှသာ အသုံးပြုစေဖို့ ဆေးပညာရှင်များက တိုက်တွန်းထားပါတယ်။ နေ့စဉ် မိုဘိုင်းဖုန်းကို တစ်နာရီ၊ နှစ်နာရီ ဆက်တိုက်ပြောဆိုတဲ့အလေ့ကျင့်ကိုလည်း မလုပ်ဖို့ တားမြစ်ထားပါတယ်။ မိုဘိုင်းဖုန်းကို မိနစ်ပိုင်းအတွင်း ပြောဆိုခြင်းသာ သင့်တော်တယ်လို့ဆိုပါတယ်။

အထက်ပါအချက်အလက်များကို WHO မှ ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်ပါတယ်။ ဒါကြောင့် မိုဘိုင်းဖုန်း အသုံးပြုသူများ အနေနဲ့ ဖုန်းဘေးအိပ်ခြင်း၊ ကားပေါ်တွင်ဖုန်းပြောခြင်း၊ ဘောင်းဘီအိပ်ထဲ ထည့်ခြင်း၊ လောင်စာဆီ အနီးတွင် ပြောဆိုခြင်း၊ ဖုန်းကြာကြာပြော ဆိုခြင်းကို ရှောင်ကြဉ်ရန် လိုအပ်ပါတယ်။



Credit ::  Unknown


Posted By

<<  HTAR WAIE THAR  >>

Ko Ko Zaw ( BE-EC )     www.htarwaiethar.blogspot.com

Friday, April 18, 2014

ဖုန်းတစ်လုံး ရေထဲကျသွားလျှင် သိထားသင့်သော အချက်များ




















ဖုန်းတစ်လုံး ရေထဲ ကျရင် ပျက်တာ များပါတယ်။ အချို့ကျတော့လည်း ဆိုင်ပြန်မပို့ရပဲ အလိုလို ပြန်ကောင်းသွားတယ်ဆိုပါတယ်။ သို့ပေမယ့် မိမိ သုံးနေတဲ့ ဖုန်းတစ်လုံးသာ အကြောင်းအမျိုးမျိုးကြောင့် ရေထဲကျသွားရင် ဘာလုပ်ရမလဲဆိုတာ သိထားဖို့လိုအပ်ပါတယ်။


- ပါဝင်မဖွင့်ရ

အဲ့ဒီအချိန်မှာ လုံးဝ မလုပ်ရမယ့် အလုပ်က ပါဝါ ဖွင့်ခြင်း ဖြစ်ပါတယ်။ ဖုန်းရေထဲ ကျသွားပြီ ဆိုရင် ရေဘယ်လောက်ပဲ နှစ်နှစ်၊ ဘယ်လောက်ပဲ တိမ်တိမ်၊ နည်းနည်းပဲ စိမ်စိမ်၊ များများပဲစိုစို ပါဝါလုံးဝမဖွင့်မိဖို့ အရေးကြီးပါတယ်။ဖြုတ်နိုင်သမျှဖြုတ်ဖုန်းရဲ ့ ဘက်ထရီကို ဖြုတ်လိုက်ဖို့ ဖြစ်ပါတယ်။ အချို့ ကျတော့လည်း ဘက်ထရီနဲ့ ဖုန်းက တစ်ဆက်တည်းလို့ ဆိုပါတယ်။ ဒီတော့လည်း မဖြုတ်ယုံပဲ ရှိပါတယ်။ အများစုကတော့ ဘက်ထရီက သက်သက် ဖြစ်ပါ တယ်။ ဘက်ထရီတင်မကပဲ SIM ကဒ်ကိုလည်း ဖြုတ်ရ ပါမယ်။ ဒါမှ SIM ကဒ်မှာ မှတ်ထားတဲ့ Contact များ မပျောက်ဆုံးမှာ ဖြစ်ပါတယ်။ Micro SD ကဒ်လည်း ထိုနည်းတူစွာပဲ ဖြစ်ပါတယ်။ ဖြုတ်လို့ရတာ မှန်သမျှ အကုန် ဖြုတ်ပေးရပါမယ်။

ရေငွေ့မြန်မြန်ပြန်မယ့် နည်းက နေပူအောက်ထားခြင်း လုံးဝ မဟုတ်ပါဘူး။ ဒါက ဖုန်းကို လုံး ထိခိုက်စေပါတယ်။ နေရဲ့ အပူဒဏ်ကို ဖုန်းမှာ ပါဝင်တဲ့ သတ္တုများက မခံနိုင်ပါဘူး ပိုလို့တောင် ပျက်ဆီးစေပါတယ်။ ဒါကြောင့်ရေငွေ့ အစုပ်မြန်တဲ့ နေရာတစ်ခုခုမှာ ထားရပါမယ်။ အနီးစပ်ဆုံး ဥပမာ ကတော့ ဆန်အိုးပဲ ဖြစ်ပါတယ်။ ဆန်အိုးထဲ နှစ်ထည့်ထားလိုက် ရင် ရေငွေ့ကို အမြန်ဆုံး စုပ်ပေးပါတယ်။ သို့ပေမယ့် ဆန်စေ့များ မဝင်စေဖို့လည်း သတိထားရပြန်ပါတယ်။ ဒီမှာ လေမှုတ်စက်လည်း လုံးဝ အသုံးမပြုရပါဘူး။ လေမှုတ်စက်က အပူဒဏ်လည်း နေပူနဲ့ မခြားပါဘူး။ ပန်ကာနဲ့တော့ ရပါမယ်။ ဘက်ထရီကိုလည်း ထိုနည်းတူစွာ ပါပဲ။ နေပူထဲ လုံးဝ မထုတ်ပဲ ရေငွေ့စင်အောင် ကြိုးစားရပါမယ်။ ဥပမာ- အဝတ်ခြောက်၊ လက်ကိုင်ပုဝါ ခြောက်နဲ့ ထိုင်သုပ် ပေးတာမျိုးတို့ ဖြစ်ပါတယ်။

ရေငွေ့ပြန်အောင် လုပ်တဲ့အဆင့်က အနည်းဆုံး ၂ နာရီလောက်တော့ ကြာပါတယ်။ ရေဝင်တဲ့ အတိုင်းအတာ အလိုက်၊ ရေငွေ့ပြန်နိုင် တဲ့ နှုန်းထားအလိုက် အချို ့ဆို ၂၄ နာရီကြာမှ ပြန်ဖွင့် ပါတယ်။ ဒီတော့ မိမိဖုန်း ရေငွေ့ကုန်စင်မှု ရှိမရှိက မိမိရဲ ့ ဆုံးဖြတ်ချက်အပေါ် မူတည်ပါတယ်။

အထက်ပါ ပြီးလို့ ဖုန်းရဲ ့ ပါဝါကို ပြန်ဖွင့်ကြည့်တဲ့အခါ ပုံမှန်အတိုင်း အလုပ်ပြန်လုပ်တယ်ဆိုရင်တော့ ကံကောင်းသွားသူ ဖြစ်ပါတယ်။ သို့ပေမယ့် ပါဝါ ပွင့်မလာဘူး။ မီးလင်းလာတော့လည်း Welcome ကနေ တက်မလာဘူး။ စက်က ထစ်နေတယ်ဆိုရင်တော့ တကယ် စိတ်မကောင်းစရာ ပါပဲ။ ဒါဆိုရင် နီးစပ်ရာ ဖုန်းပြင်ဆိုင်တွေမှာ သွားရောက် ပြသနိုင်ပါတယ်။ဒါဆို အထက်ပါနည်းက ဘာထူးလို့လဲလို့ ထင်ကောင်းထင်ပါလိမ့်မယ်။ အများကြီး ထူးပါတယ်။ ကိုယ့်ဖုန်းကို ရေကုန်အောင် အတတ်နိုင်ဆုံး ကြိုးစားထားပြီး ဖြစ်တဲ့အတွက် ဆိုင်မှာ ပြင်တဲ့အခါ ပြန်အသက်ရှင်ဖို့ လွယ်ကူပါတယ်။ ရေခြောက်ပြီး ပုံမှန်အလုပ်လုပ်တယ်ဆိုရင်တောင် ဆိုင်ကို တစ်ခေါက်တော့ သွားပြသင့်ပါတယ်။ အချို့ဆို ရေတစ်ခါ ထိထားတဲ့အတွက် နောက်မှ touch အလုပ်မလုပ်တော့တာမျိုးတို့ဖြစ်တတ် လို့ ဖြစ်ပါတယ်။


Posted By

<<  HTAR WAIE THAR  >>

Ko Ko Zaw ( BE-EC )    www.htarwaiethar.blogspot.com

Tuesday, April 8, 2014

Chiness Mobile Phone လျှို့ဝှက်ကုဒ်များ






















Chiness Mobile Phone လျှို့ဝှက်ကုဒ်လေးတွေကို မျှပေးလိုက်ပါတယ်။



 *#66*# Set Factory Mode CONFIRMED
 *#8375# Show Software Version CONFIRMED

 *#1234# A2DP ACP Mode CONFIRMED
 *#1234# A2DP INT Mode CONFIRMED
 *#0000# + Send : Set Default Language CONFIRMED
 *#0007# + Send : Set Language to Russian CONFIRMED
 *#0033# + Send : Set Language to French CONFIRMED
 *#0034# + Send : Set Language to Spanish CONFIRMED
 *#0039# + Send : Set Language to Italian CONFIRMED

*#0044# + Send : Set Language to English CONFIRMED
 *#0049# + Send : Set Language to German CONFIRMED
 *#0066# + Send : Set Language to Thai CONFIRMED
 *#0084# + Send : Set Language to Vietnamese CONFIRMED
 *#0966# + Send : Set Language to Arabic CONFIRMED
 *#800# make Etel E10 model displaying message BT power on. But on display it dont resemble the blutooth power on icon.(actually t makes BT stuck, but after restarting t becomes normal <tested by me>)

 More codes to reset chinese mobile phone
 *#77218114#
 *#881188#
 *#94267357#
 *#9426*357#
 *#19912006#
 *#118811#
 *#3646633#

 also found these

 Service codes Konka:
 C926 software version: *320# Send
 C926 set default language: *#0000# Send
 C926 set English language: *#0044# Send

 Service codes GStar:
 GM208 (Chinese Nokea 6230+) engineering menu: *#66*#
 Set language to English: *#0044#
 Set language to Russian: *#0007#

 ZTE Mobile:>1- *938*737381#
 2- PHONE WILL DIPLAYED DONE
 3- POWER OFF YOUR PHONE AND POWER ON AGAIN
 alcatel:>E205
 unlocking phone code,only press***847# without simcard
 E900 software version: *#5002*8376263#
 E900 full reset: *2767*3855#

 Service codes Spice:
 S404 enable COM port: *#42253646633# -> Device -> Set UART -> PS -> UART1/115200
 S410 engineer mode: *#3646633#
 S900 software version: *#8375#
 S900 serial no: *#33778#

 Service codes Philips:
 S200 enable COM port: *#3338913# -> Device -> Set UART -> PS -> UART1/115200

 Service codes "Chinese" models:
 default user code: 1122, 3344, 1234, 5678
 Engineer mode: *#110*01#
 Factory mode: *#987#
 Enable COM port: *#110*01# -> Device -> Set UART -> PS Config -> UART1/115200
 Restore factory settings: *#987*99#
 LCD contrast: *#369#
 software version: *#800#
 software version: *#900#

 Service codes BenQ:
 software version: *#300#
 test mode: *#302*20040615#

 Service codes Pantech:
 software version: *01763*79837#
 service menu: *01763*476#
 reset defaults (phone/user code reset to default): *01763*737381#

 Service codes VK-Mobile **x, 5xx:
 software version: *#79#
 software version: *#837#
 service menu: *#85*364# (hold #)

 Service codes VK200, VK2000, VK2010, VK2020, VK4000:
 software version: *#79#
 service menu: *#9998*8336# (hold #)
 reset defaults (phone/user code reset to default): *#9998*7328# (hold #)

 Service codes LG:
 software version: 2945#*#
 KG300 NVRAM format: 2945#*# -> menu 15

 Service codes Sony-Ericsson:
 J100 software version: #82#

 Service codes Fly:
 M100 software version: ####0000#
 2040(i) reset defaults: *#987*99# Send
 MX200 reset defaults: *#987*99# Send
 MX200 software version: *#900# Send
 SL300m reset defaults: *#987*99# Send
 SL300m software version: *#900# Send
 SL500m reset defaults: *#987*99# Send
 SL500m software version: *#900# Send
 MP500 reset defaults: *#987*99# Send
 MP500 software version: *#900# Send
 Set language to English: *#0044#
 Set language to Russian: *#0007#

 Service codes Konka:
 C926 software version: *320# Send
 C926 set default language: *#0000# Send
 C926 set English language: *#0044# Send

 Service codes GStar:
 GM208 (Chinese Nokea 6230+) engineering menu: *#66*#
 Set language to English: *#0044#
 Set language to Russian: *#0007#

 Service codes Motofone-F3:
 Motofone F3 software version: **9999* Send
 ***300* Set SIM Pin
 ***310* / ***311* SIM Pin ON | OFF
 ***000* Reset Factory settings
 ***644* Set Voicemail number
 ***260* / ***261* Auto keypad lock ON | OFF
 ***510* / ***511* Voice Prompts ON | OFF
 ***160* / ***161* Restricted Calling (Phonebook only) ON | OFF
 ***200608* Send: software version
 ***200606* Send: software version
 ***200806* Send: flex version
 ***250* / ***251* Keypad tones ON | OFF
 ***470* Select time format
 ***500* /***501* Prepaid Balance Display ON | OFF
 ***520* Change language

 Service codes Motorola:
 C113, C114, C115, C115i, C116, C117, C118 software version: #02#*
 C138, C139, C140 software version: #02#*
 C155, C156, C157 software version: #02#*
 C257, C261 software version: #02#*
 V171, V172, V173 software version: #02#*
 V175, V176, V176 software version: #02#*
 C168, W220 software version: *#**837#
 W208, W375 software version: #02#*
 and "yes"''

 I-mobile Inno30, 55, 89, 90, 99, 100, A10, A20, P10, Vk200
 - Set full factory *741*737381#
 - Set full factory *741*7373868#
 - Set full factory *741*2878#
 - Set Engineer Mode *888*888#
 - Check software version *888*837#

 I-mobile 100 ,200 , 313
 - Check software version #*888#

 I-mobile 309, 310
 - Check software version *0*4636#
 - Test Mode *0*6268#

 I-mobile 311
 - Check software version #*878#

 I-mobile 511
 - Check software version *1222*1#

 I-mobile 301, 302,308, 508, 601, 602, 603, 604, 606, 611, 901, 902
 - Check software version *#159#
 - Set Factory Mode *#32787#
 - Set Engineer Mode *#3646633#

 I-mobile 503, 506, 605, 600, 607, 608
 - Set Engineer Mode ***503#
 - Set Factory Mode ***504#
 - Set Auto Test ***505#

 I-mobile 509, 612
 - Set Factory Mode *#66*#

 I-mobile 504, 505, 803
 - Check software version *68*48#
 - Set full factory *789#
 - Test Mode *#789#

 I-mobile 305, 306, 315, 510, 609, 609i,516
 - Check software version *#8375#
 - Set Factory Mode 878

 I-mobile 610
 - Check software version *#22#

 I-mobile J101, J102
 - Test Mode *23638777*783781#

 I-mobile 502, 502i, 505, k9, 802
 - Check software version *201206*4636#


Credit::  Unknown


Posted By

<<  HTAR WAIE THAR  >>

Ko Ko Zaw ( BE-EC )     www.htarwaiethar.blogspot.com

Friday, April 4, 2014

CDMA ဆိုတာဘာလဲ






















CDMA(Code Deivision Multiple Access) နည်းပညာကို ၁၉၉၃ တွင် စတင်သတ်မှတ်ခဲ့ပါတယ်။ CDMA နည်းပညာကို Qualcomm မှစတင်၍ Ericsson ကဆက်လက်ပြီး နည်းပညာဆိုင်ရာ ပြုပြင်မှု အချို့ကိုပြုလုပ်ပါတယ်။ Code Division Multiple Access ကိုအသုံးပြုထား၍ Privacy ပိုကောင်းပြီး GPS စနစ်များမှာပါအသုံးပြုခဲ့ပါတယ်။ 2G Network အတွက် CDMA One ခေါ် IS-95A ကို ဟောင်ကောင်တွင် စတင်အသုံးပြုခဲ့သည်။1999 ခုနှစ်တွင် CDMA IS-95B ကို ကိုရီးယားနိုင်ငံမှာစတင်အသုံးပြုခဲ့ပါတယ်။ ကိုရီးယားနိုင်ငံမှာ တွင်ကျယ်စွာသုံးစွဲလာပြီးနောက်မှာ ဂျပန်နှင့် ပီရူးနိုင်ငံများမှာလည်းဆက်လက်သုံးစွဲလာကြပါတယ်။ CDMA လိုင်းဆွဲအားသည်သာမန် Analog Cellular ဖုန်း ကွန်ယက်ထက် ၈ ဆမှ ၁၀ ဆထိ ပိုကောင်းလာပြီး GSM System ထက်ဆိုရင် ၄ ဆမှ ၅ ဆ ထိပိုမိုကောင်းမွန်ကြောင်း သိရှိရပါတယ်။ CDMA 2G Network ကို အသုံးပြုစဉ်မှာပဲ ကမ္ဘာတစ်ဝန်းမှာရှိတဲ့ သုံးစွဲသူတွေဟာ ၆ နှစ်အတွင်းမှာ လူဦးရေသန်း ၁၀၀ အထိ ကျယ်ပြန့်စွာ အသုံးပြုလာကြောင်း စစ်တမ်းများအရ သိရှိရပါတယ်။ ဆက်လက်၍ ၂၀၀၀ ခုနှစ် အောက်တိုဘာလမှစပြီး 3G ဆက်သွယ်ရေးကွန်ယက်အတွက် CDMA 2000 1X (3G) Standard ကို စအသုံးပြုလာပါတယ်။ 3G Network မှာဆိုရင် ဆက်သွယ်မှုဆိုင်ရာ အသံသာမက သတင်းအချက်အလက် Data များကိုပါပေးပို့နိုင်သော EV-DO (Evolution Data Only) နှင့် EV-DV (Evolution Data/Voice) စသော နည်းပညာများ ပါဝင်လာပါတယ်။ CDMA 2000 1X (3G) Standard တွင် 450 MHz, 800 MHz, 1800 MHz, 1900 MHz နှင့် 2100 MHz Frequency များကိုအသုံးပြုပြီး ကွန်ယက်အသုံးပြုသူအရေအတွက် ပိုမိုများပြားတယ်။ ယခုအခါတွင် CDMA ကို၂၀၀၉ ခုနှစ်တွင် ကမ္ဘာတစ်ဝန်း အသုံးပြုသူ ၅၀၂ သန်းရှိပြီး CDMA 3G Network အသုံးပြုသူ တစ်မျိုးထဲမှာပင် ၄၉၈ သန်းအထိရှိကြောင်း သိရှိရပါတယ်။


CDMA ၏ အဓိက အားသာချက်

CDMA ၏အားသာချက်တွေဟာဆိုရင် GSM ထက် လိုင်းဆွဲအားပိုမိုကောင်းမွန်ပြီး Analog System များမှာကဲ့သို့ FM Radio နှင့် ကြားဖြတ်နားထောင်နိုင်ခြင်းမရှိဘဲ Privacy ပိုကောင်းပါတယ်။ CDMA ထုတ်လွတ်တဲ့ Frequency က အခြား Mobile ထုတ်လွတ်တဲ့ Frequency ထက်ပိုမို ထုတ်လွတ်နိုင်တဲ့အတွက် ဖမ်းယူရရှိတဲ့အခါ အသံကြည်လင်ပြီး လိုင်းဆွဲအားလည်းကောင်းမွန်ပါတယ်။ CDMA 800 MHz ဟာဆိုရင် Station ကနေ ၄၈ ကီလိုမီတာထိ ဖမ်းယူရရှိနိုင်ပါတယ်။ ထို့ကြောင့် ကမ္ဘာတစ်ဝန်းရှိ တတိယဖွံ့ဖြိုးဆဲ နိုင်ငံတွေမှာ ဆက်သွယ်ရေးကွန်ယက်တိုးချဲ့မှုတွင် CDMA ကို အဓိကအသုံးပြုကြတယ်လို့သိရပါတယ်။ မြန်မာနိုင်ငံတွင် ၁၉၉၅ နှစ်ကုန်မှာ CDMA 800 MHz ကို Qualcomm အထိုင်ဖုန်းများနဲ့ စတင်အသုံးပြုခဲ့ပါတယ်။ CDMA ဖုန်းနံပါတ် ရ၀၊ ရ၁၊ ရ၂၊ ၈၀ တို့နဲ့အစပြုတဲ့ ဖုန်းအများစုဖြစ်ပြီး RUIM Card အစားဖုန်းအတွင်း ESN Code ထည့်သွင်း၍ အသုံးပြုခဲ့ပါတယ်။ နောက်ပိုင်းမှာ CDMA 450 MHz စနစ်ကို ၂၀၀၈ ခုနှစ်က စတင်ပြီး မြန်မာနိုင်ငံ ကမ်းရိုးတန်းဒေသများမှာ စတင်အသုံးပြုခဲ့ပါတယ်။ ယခုအခါတွင် ကုန်းတွင်း ပိုင်းဒေသတွေကိုပါ ကွန်ယက်ဆက်လက်တိုးချဲ့ပြီး သုံးစွဲသူများမှ အထိုင်ဖုန်းနှင့် Handsets ၂ မျိုးစလုံးဖြင့် ကျယ်ပြန့်စွာအသုံးပြုလာကြပါတယ်။


Application ပိုင်းဆိုင်ရာ

CDMA Handset နဲ့ အထိုင်ဖုန်းတွေမှာ GSM Phone တွေလောက် Function အထွေအထူးမပါဝင်ဘဲ ကွန်ယက်ကိုသာ အဓိကထား၍ ထုတ်လုပ်ခဲ့ပါတယ်။ နောက်ပိုင်းမှာ GSM Smart Phone များကဲ့သို့ Function များပါဝင်သော Handset များကို Supplier တွေက ဖြည့်စွက်ခဲ့ပါတယ်။ CDMA အထိုင်ဖုန်းများတွင် FM Radio, Fax, IDD call တွေ ပိတ်လို့ရတာမျိုး၊ Lock ချလို့ရတာ၊ Conference Call တွေအစရှိသဖြင့် ပိုမိုစုံလင်အောင်ထည့်သွင်းခဲ့ကြပါတယ်။ CDMA လက်ပိုင်ဖုန်းတွေမှာဆိုရင်လည်း MP3, MP4 သီချင်း နားထောင်လို့ရတာမျိုးတွေ၊ Camera စသည်တို့ပါဝင်သော ဖုန်းများကို အသုံးပြုလာပါသည်။


နိဂုံးချုပ်

နိဂုံးချုုပ်အနေနဲ့ ပြေရမယ်ဆိုရင်တော့ သာမန်အိမ်သုံးနဲ့ လုပ်ငန်းသုံးများအတွက် CDMA 450 MHz အထိုင်ဖုန်းများက CDMA လက်ပိုင်ဖုန်းများထက် ပိုမိုအသုံးတည့်ကြောင်း သိရှိရပါတယ်။ အခြားသော ဖုန်းတွေထက် CDMA ဖုန်းတွေက လိုင်းဆွဲအား အထူးကောင်းမွန်ပြီး Transmission အတွက် ဖုန်းပါဝါကို အဓိကထားအသုံးပြုကြပါတယ်။ ထို့ကြောင့် ဘက်ထရီစားနှုန်းမှာ သာမန် GSM ဖုန်းများထက ပိုမိုမြင့်မားပြီး ဘက်ထရီတက်တမ်း ပိုမို တိုတောင်းတယ်လို့ သိရှိရပါတယ်။


(၁) CDMA 450 Phone တွေမှာ ဘာကြောင့် ဘက်ထရီအကုန်မြန်ရတာလဲ?

အဓိကအကြောင်းကတော့ CDMA 450 MHz Network ဟာ Low Frequency Band ဖြစ်တာကြောင့် Network Coverage Area ဟာ အခြား High frequency တွေထက် ပိုများပါတယ်။ ဒါကြောင့် Cell တွေမှာ Transmit Power ပိုမိုသုံးစွဲရတဲ့အတွက် အခြားဖုန်းတွေထက် ဘက်ထရီအကုန်မြန်ရခြင်းဖြစ်ပါတယ်။


(၂) CDMA 450 MHz Network ကို မည်သည့်ဒေသတွေမှာ အဓိကထားပြီးတော့ သုံးစွဲသလဲ?

CDMA 450 MHz Network ဟာ Frequency အနိမ့်ပိုင်းမှာ အလုပ်လုပ်တဲ့အတွက် အတားအဆီးနည်းတဲ့ ကမ်းရိုးတန်းဒေသတွေမှာ အသုံးများရခြင်း ဖြစ်ပါတယ်။ အတားအဆီးများတဲ့ မြို့ပြဒေသတွေမှာကျတော့ အဆောက်အဦးတိုက်တာတွေ Block ဖြစ်နေပြီး Penetration ပိုင်းမှာ အနည်းငယ်အခက်အခဲရှိနေတာကြောင့် ကမ်းရိုးတန်းဒေသမှာ အဓိကထားပြီးသုံးရခြင်းဖြစ်ပါတယ်။


(၃) CDMA ၏ နည်းစနစ် အားသာချက်

CDMA 450 MHz Network ဟာ Large cell size ဖြစ်ပြီး Coverage Area ကျယ်သောကြောင့် Base Station နည်းနည်းဖြင့် အလုပ်လုပ်နိုင်ခြင်း၊ Base Station နည်းနည်းဖြင့် အလုပ်လုပ်နိုင်သည့်အတွက် ကွန်ယက်တိုးချဲ့သည့်အခါ ကုန်ကျစရိတ်သက်သာခြင်း၊ Transmission Signal များကိုလည်း အခြား GSM Network တွေထက် Receving လုပ်နိုင်ခြင်း (Better Receive Signal at Receiver) လိုင်းဆွဲအားမှာလည်း အခြား Network များထက် ပိုမိုသာလွန်ခြင်းတို့ ဖြစ်ပါသည်။



Credit ::  Unknown


Posted By

<<  HTAR WAIE THAR  >>

Ko Ko Zaw ( BE-EC )    www.htarwaiethar.blogspot.com

Sunday, March 23, 2014

Mobile Network Generation ပြောင်းလဲလာပုံ




















1G- အသံစနစ်တစ်မျိုးနဲ့ပဲဖုန်းပြောဆိုရုံ function တစ်မျိုးတည်းသာရ

2.5G => ဖုန်း call တွေတစ်ပြိုင်တည်းလက်ခံလို့ရ ၊ Mobile Data အသုံးပြုလာနိုင် (Speed အားဖြင့် 144Kbps အထိမြန်နှုန်းရနိင် ) ၊ Message ပို့နိုင် ၊ Email ပို့နိုင် ၊ 1G Network ထက်ဖုန်းပြောရတာ အသံစနစ်ပိုမိုကောင်းလာ

3G => Mobile Data အင်တာနက် speed ပိုကောင်းလာ (2.4 Mbps အထိ speed ရ) ၊ Broadband Internet စနစ်ဖြစ် ၊ MultiMedia Message တွေလည်းပေးပို့နိုင် ( Photo , Music , Video etc)

4G => 4G ကိုတော့ LTE လို့လည်းခေါ်ပါတယ်။ LTE ဆိုတာကတော့ Long Term Evolution ဆိုတဲ့ဝေါဟာရကနေဆင်းသက်လာပါတယ်။ သူ့ရဲ့ Mobile Data အင်တာနက် speed က 3G Network က အင်တာနက် speed ထက်ပိုမိုမြန်ဆန်ပါတယ် ( 100Mbps ကနေ 1Gbps အတွင်း မြန်နှုန်းရရှိမှာပါ)

မြန်မာနိုင်ငံမှာတော့ Ooredoo က 3G Network Sim Card များကိုစတင်ဖြန့်ဖြူးမည်ဟု သိရပြီး ၊ Telenor က 2.5 G Sim Card များကိုစတင်ဖြန့်ဖြူးမည်ဟုသိရပါတယ်။


Credit ::  သက်နိုင်စိုး (Myanmar Mobile App Store) 


Posted By

<<  HTAR WAIE THAR  >>

Ko Ko Zaw ( BE-EC )   www.htarwaiethar.blogspot.com

Wednesday, February 12, 2014

phone sim unlock လုပ်ချင်သူများအတွက်























sim unlock code ကိုတွက်ချက်ပေးမဲ့ software.....လေးပါ....တန်ဖိုးအရမ်းရှိပါတယ်ခင်ဗျာ....ပုံမှန်ဆိုရင် ကျွန်တော် တို ့ဦးဏှောက်နဲ့တော်တော်လေး တွက်ချက် ရမဲ့အဖြေကို တစ်ထိုင်တည်း ရှာပေးမဲ့ဆော့ဝဲလေးလည်းဖြစ်ပါတယ်.....မိမိတို့ရဲ့မိတ်ဆွေတွေကို လည်း အွန်လိုင်းကနေ ဒီ ကောင်လေးကိုအသုံးပြုပြီး အကူအညီပေး နိုင်ပါပြီ...ပုံမှန်ဆိုရင်တော့ sim unlock လုပ်တာ နိုင်ငံခြား ဆိုဒ်တွေမှာ ဒေါ်လာ ကိုသောက်သောက် လည်အောင်တောင်းပါတယ်....ကျွန်တော်ကတော့ဖရီးအနေနဲ့ပြန်လည်မျှဝေထားပါတယ်...အသုံးပြုပုံလေးကို တစ်ခါတည်းပါ ဖော်ပြပေးထားတာမို့....အသုံးပြု လိုတယ်ဆိုရင် အောက်မှာဒေါင်းလုပ်ယူကြပါ...ဒီနေရာမှာ SIM LOCK ဆိုတာနားမလည်သေးတဲ့သူတွေအနေနဲ့ကျွန်တော် ဘလော့မှာအသေးစိတ်ရေးထားတာလေးကို ဒီမှာ ဝင်ဖတ်ပေးပါ။

လိုအပ်ချက်အနေနဲ့ကတော့
==========================

1 . ROOT လုပ်ထားရပါမယ်။


2. အရင်ဆုံး sim unlock လုပ်ဖို့အတွက်Android Terminal Emulator ကိုအရင် ဒေါင်းထားပါ။   


3. မိမိတို့ဖုန်းကို *#06# ကိုနိုပ်ပြီး IMEI နံပါတ်ကိုရှာပေးပါ



 UN LOCK CODE ကိုတွက်ချက်ပုံ
========================= =


Terminal Emulator app ကိုဖွင့်ပြီး

 su [enter]

strings -n 8 /dev/block/mmcblk0p6[enter] ကိုနိုပ်ပေးပါ။ ဒါဆိုရင် မိမိရဲ့ IMEI

နံပါတ်ပါတာတစ်ခုကိုတွေ့ရပါလိမ့်မယ်... [ဥပမာ] UN_Lock_code = 063312345

မျိုးပေါ်လာပါလိမ့်မယ်.
 

ဒါဆိုရင်တော့ ....UNLOCK ကုဒ်ရပါပြီ။......



SIM UNLOCK လုပ်ပေးမဲ့  လိုအပ်တဲ့ဆော့ဝဲကိုဒေါင်းရန်   



 ဒီဆော့ဝဲလေးကို မိမိတို့ pc မှာ install လုပ်ထားပေးပါ...ဖုန်းနှင့်ချိတ်စရာမလိုပါဘူးခင်ဗျာ...
အပေါ်က UN LOCK CODE နေရာမှာမိမိတို့ရရှိထားတဲ့ကုဒ်ကို  ဖြည့်ပေးလိုက်ပါ..အောက်မှာ IMEI နံပါတ်ကို နောက်ဆုံး ( ရ ) လုံးကိုထည့်ပေးလိုက်ပါ။


ပြီးရင် OK နိုပ်တာနှင့်.....အောက်မှာ SIM UNLOCK ကုဒ်ထွက်ပေါ်လာပါလိမ့်မယ်....



မိမိတို့ဖုန်းကို SIM UNLOCK လုပ်ဖို ့အတွက်ဖုန်းကိုပါဝါပိတ်ပြီး  SIM CARD

ကိုထုတ်လို်က်ပါ။။။ နောက်မိမိအသုံးပြုလိုတဲ့ SIM CARD ကိုထည့် လိုက်ပါ...ပြီးရင် အပေါ်က ရထားတဲ့

SIM UNLOCK ကုဒ်ကိုရိုက်ထည့်ပေးလိုက်ပါ........ဖုန်း REBOOT

ကျပြီးပြန်တာလာတာနှင့်မိမိတို့ဖုန်းကိုအသုံးပြုလို့ရပါပြီ...



Posted By

<<  HTAR WAIE THAR  >>

Ko Ko Zaw ( BE-EC )     www.htarwaiethar.blogspot.com

IMEI အကြောင်း





















IMEI (international Mobile Equipment Identity)  ဆိုတာ ဖုန်းတစ်လုံးစီရဲ့ သီးသန့် နံပါတ်ပါ၊ လူတွေရဲ့ 
မှတ်ပုံတင်နံပါတ်လိုပါပဲ၊ ဒါပေမယ့် တစ်ချို့က ဂဏန်း ၁၇ လုံးလဲရှိပါတယ်၊ ဖုန်းတစ်လုံးကို ပျောက်ဆုံး သည်ဖြစ်စေ အခိုးခံရသည်ဖြစ်စေ ဖုန်းဘယ်နေရာမှာ
ရှိလဲဆိုတာကို ခြေရာခံဖို့ ပြန်ရှာဖို့ အတွက် IMEI ကိုသုံးပါတယ်၊ SIM card ကို မသုံးရခြင်း ကတော့ SIM card က ဖျေက်ရလွယ်ထုတ်ရလွယ်လို့ပါ၊
nv_data.bin ဖိုင် ပြသနာ တက်ရင် IMEI နံပါတ် အတုပြောင်းသွား တတ်သလို ပျက်သွားတတ်ပါတယ်၊  အခြား ပြသနာတွေကြောင့်လဲဖြစ်နိုင်ပါတယ်၊ ဒီမှာတော့  သိသလောက်ပဲပြောသွားမယ်၊



ပထမ ဂဏန်း ၁၄ လုံးက GSM association က သတ်မှတ်ပီးတော့ ၊ 
နောက်ဆုံး ဂဏန်း တစ်လုံးကတော့ Luhn Formula
သုံးပီးတွက်ထားပါတယ်၊ base-8 Math ကိုသုံးပီးတွက်ထားပါတယ်၊

IMEI ကိုရှာတွေ့နိုင်တဲ့ နေရာတွေ အကြောင်း
IMEI ကိုရှာနိုင်တဲ့ နည်းလမ်းတွေအများကြီးရှိပါတယ်၊
အလွယ်ရှာနိုင်တဲ့ နေရာတွေကတော့ ဖုန်
setting ထဲက about မှာရှာနိုင်သလို ၊
Battery မှာလဲ ပါတယ်၊ ဖုန်းဝယ်တုန်းက
ဖုန်းထည့်တဲ့ သတ္တာမှာလဲ တွေ့နိုင်တယ်၊
ဖုန်းမှာ *#06# ကိုနှိပ်ပီးလဲရှာနိုင်ပါတယ်၊

IMEI နံပါတ်တွေကို ဘယ်လို အချိန်မှာ အသုံးပြုလဲ
Network ကိုထိန်းချုပ်ဖို့ အတွက် IMEI ကိုသုံးပါတယ်၊ Mobile Operator တွေကို IMEI နံပါတ်တွေကိုသုံးပီးတော့ ဖုန်းကို လှမ်းပိတ်နိုင်ပါတယ်၊ အထူးသဖြင့် ဖုန်းအခိုးခံရတဲ့ အခါမျိုးမှာပါ၊ ရာဇဝတ်မှူနဲ့ စက်ဆက်တဲ့ လူတွေရဲ့ ဖုန်းနံပါတ်တွေကိုလဲ ခြေရာခံဖို့ အတွက်လဲသုံးကြပါတယ်၊ ဒီလိုသုံးဖို့ Phone Database တည်ဆောက်သွားရမှာဖြစ်ပါတယ်၊
IMEI အပြောင်းအလဲ
များမကြာမှီ ကာလအပိုင်းအခြားမှာ GSM Association တွေက IMEI ဂဏန်းတွေကို IMEISV နံပါတ်တွေနဲ့ ပြောင်းသုံးသွားကြမှာပါ၊ IMEI နဲ့ IMEISV တို့ ရဲ့ အသုံးပြုမယ့် လိုအပ်ချက်တူပေမယ့် ဂဏန်း တွက်ချက်မူ စနစ်တော့ကွာသွားပါလိမ့်မယ်၊ IMEISV မှာတော့ Luhn Formula သုံးပီး ဂဏန်း တွက်တဲ့ စနစ်ကိုပြောင်းပီး Software version နံပါတ် နှစ်လုံးကိုသုံးသွားပါလိမ့်မယ်၊
IMEI Number တွေကို Application ရေးပီးရှာမယ်

အရင်ဆုံး Eclipse project တစ်ခုကိုတည်ဆောက်လိုက်ပါ၊
XML ဖိုင်ထဲမှာ activity Layout ကို Linear Layout ပြောင်းလိုက်ပါ၊ (မပြောင်းလဲ ကိစ္စမရှိဘူး) ၊ TextView တစ်ခုထည့်ပါ၊ TextView ရဲ့ ID ကို tvIMEI လို့ပေးလိုက်ပါ၊ အောက်က အတိုင်း၊
<LinearLayout xmlns:android="http://schemas.android.com/apk/res/android"
xmlns:tools="http://schemas.android.com/tools"
android:id="@+id/LinearLayout1"
android:layout_width="match_parent"
android:layout_height="match_parent"
android:orientation="vertical"
tools:context=".Main" >
<TextView
android:id="@+id/tvIMEI"
android:layout_width="wrap_content"
android:layout_height="wrap_content"
android:text="TextView" />
</LinearLayout>


Main.java ဖိုင်ကိုတည်ဆောက်ပီး Activity ကို Extends လုပ်ပါ၊ ပီးရင် Extends လုပ်ထားတဲ့ Activity ကို override လုပ်ဖို့ OnCreate Method ကို ရေးလိုက်ပါ၊ Parameter ထဲမှာ Data သိမ်းစည်းခြင်း သယ်ဆောင်ခြင်းလုပ်နိုင် Data Transfer လုပ်နိုင်တဲ့ Bundle Class အတွက် Object တစ်ခုတည်ဆောက်ပါ၊ OnCreate Method က Main Class ပေါ်မှာ စတင်အလုပ်လုပ်တာနဲ့ Bundle Class ရဲ့ Object ဖြစ်တဲ့ BM ကို အလုပ်စခိုင်းပါ၊ နောက်တစ်ဆင့်မှာ XML Layout ဖြစ်တဲ့ activity.xml ကို Main Class ရဲ့ Content အဖြစ်သတ်မှတ်ပေးပါ၊ လိုအပ်တဲ့ Bundle Package နဲ့ Activity package (Class) တွေကို Import လုပ်ပေးပါ၊ အောက်က အတိုင်း

package com.BM.getimei;
import android.os.Bundle;
import android.app.Activity;
public class Main extends Activity {
protected void onCreate(Bundle BM) {
super.onCreate(BM);
setContentView(R.layout.activity);
}
}
နောက်တစ်ဆင့်မှာ xml layout ဖိုင်ဖြစ်တဲ့ activity layout file ထဲက TextView ကို Refrences လုပ်ပေးပီး deviceIMEI ဆိုတဲ့ Variable တန်ဖိုး အဖြစ် Assign လုပ်ပါ၊ TextView ကို Java ဖိုင်မှာသုံးပီဖြစ်တဲ့ အတွက် Android Library ဖိုင်ထဲရှိ widget နဲ့ ပက်သက်တဲ့ အုပ်စုထဲက TextView Class ကို import လုပ်ပါ၊ အသုံးပြုတဲ့ Java Version နဲ့ ပက်သက်တဲ့ Library တွေကိုရှင်းရှင်းလင်းလင်းနားလည်ဖို့က Developer တွေအတွက် အရေး ကြီးပါတယ်၊ အားလုံးပီးရင်အောက်က အတိုင်း ဖိုင်ကိုရမယ်၊

package com.BM.getimei;
import android.os.Bundle;
import android.widget.TextView;
import android.app.Activity;

public class Main extends Activity {
protected void onCreate(Bundle BM) {
super.onCreate(BM);
setContentView(R.layout.activity);
TextView deviceIMEI = (TextView)findViewById(R.id.tvIMEI);
}
}

နောက်တစ်ဆင့် မှာတော့ TelephonyManager Class ရဲ့ Instance Object အဖြစ် telemanage ကိုတည်ဆောက်ပီး System service ထဲက TELEPHONY_SERVICE ကိုရယူလို့ရတဲ့ တန်ဖိုး အဖြစ် Assign (သတ်မှတ်) ပါ၊ နောက်တစ်ဆင့်မှာ TextView ရဲ့ Object ဖြစ်တဲ့ deviceIMEI မှာရှိတဲ့ Text ကို ပြောင်းပေးပါ၊ ပြောင်းတဲ့ အခါ setText() Method ကိုသုံးပီးပြောင်းပါ၊ setText Method ရဲ့ parameter ထဲမှာ BMgetIMEI() Method ကိုတည်ဆောက်ပီး Parameter ထဲမှာ TelephonyManager Object ကိုထည့်ပေးလိုက်ပါ၊ အောက်က အတိုင်း

TelephonyManager telemanage = (TelephonyManager)getSystemService(Context.TELEPHONY_SERVICE);
deviceIMEI.setText(BMgetIMEI(telemanage));
BMgetIMEI Method မတည်ဆောက်ရသေးတွက် အတွက် onCreate Method အောက်မှာတည်ဆောက်လိုက်ပါ၊ return တန်ဖိုး တွေကို String အနေနဲ့ ပြန်ပေးမှာဖြစ်လို့ BMgetIMEI Method ရဲ့ Return Data Type ကို String ထားပေးရပါမယ်၊ Parameter ထဲမှာပါမယ့် TelephnyManage ရယူပီး String Object တစ်ခုရဲ့ တန်ဖိုး အဖြစ် Assign လုပ်ပေးပါ၊ ရလာတဲ့ တန်ဖိုးက ဗလာတန်ဖိုးဟုတ်မဟုတ် စစ်ဆေးပါ၊ ဗလာဖြစ်နေရင် Not available အဖြေ ကို id တန်ဖိုး အဖြစ် Assign လုပ်ပါ၊ ပီးရင် PhoneType() ကိုရယူပီး Integer DataType Variable တစ်ခုထဲ Assign လုပ်ပေးပါ၊ ပီးရင် Switch Statement နဲ့ စစ်ပါ၊ အကယ်၍ TelophonyManager ကရလာမယ့် PHONE_TYPE က ဗလာလား၊ GSM လား CDMA လားစစ်ပါ၊ ပီးရင် id နဲ့ တွဲပီးရလာတဲ့ အဖြေကို return လုပ်ပေးပါ၊ return လုပ်လိုက်တဲ့တန်ဖိုးက BMgetIMEI Method ကိုခေါ်တဲ့ သူကိုပြန်ပေးလိမ့်မယ်၊ အောက်က အတိုင်း
int phoneType = phonyBM.getPhoneType();
switch(phoneType){
case TelephonyManager.PHONE_TYPE_NONE:
return "NONE: " + id;

case TelephonyManager.PHONE_TYPE_GSM:
return "GSM: IMEI=" + id;

case TelephonyManager.PHONE_TYPE_CDMA:
return "CDMA: MEID/ESN=" + id;

default:
return "UNKNOWN: ID=" + id;
}
}
ပီးရင် AndroidManifest ဖိုင်ကိုဖွင့်ပီး READ_PHONE_STATE သုံးခွင့်တောင်းတဲ့ User Permession ကိုထည့်ပါ၊ အောက်က အတိုင်း <uses-permission android:name="android.permission.READ_PHONE_STATE"/>

အားလုံးပီးရင် apk ဖိုင်အဖြစ် Export ထုတ်ပါ၊ Run ကြည့်ရင် IMEI Number နဲ့ Radio အမျိုး အစား ရမယ်၊
ရေးထားတဲ့ Java Code ကို ဥပမာ ကြည့်ချင်ရင် xml ကုတ်ပါတဲ့ဖိုင်ကို အောက်က လင့်မှာဒေါင်းလုပ်လုပ်နိုင်ပါတယ်

http://goo.gl/JQn9iR


Java ဖိုင်ကိုအောက်က လင့်မှာဒေါင်းလုပ်လုပ်နိုင်ပါတယ်
http://goo.gl/tSS7Av


Apk ဖိုင်ကိုအောက်က လင့်မှာဒေါင်းလုပ်ရယူနိုင်ပါတယ်

http://goo.gl/DI7clw



IMEI နံပါတ်ကို ဘယ်လိုပြန်ရေးမလဲ၊
Emulator က IMEI ကို အရင်ပြောင်းကြည့်ကြမယ်၊ အရင်ဆုံး အောက်က လင့်က zip ဖိုင်ကိုဒေါင်းလုပ်လုပ်ပါ၊

http://goo.gl/yaID1T

ပီးရင် zip ဖိုင်ဖြေလိုက်၊ ဒါဆိုရင် ဖိုဒါတစ်ခုရလာမယ် အဲ့ဒီ ဖိုဒါထဲဝင်ပီး XVI32.exe application ကို Run ပါ၊ ဒါဆိုရင် XVI32 application ပွင့်လာမယ်၊ XVI32 ကနေ Android SDK ထဲရှိ tools ထဲက emulator-arm.exe ဖိုင်ကိုလှမ်းဖွင့်ပါ၊ ရလာတဲ့ Emulator ဖိုင်ထဲက ကနေ CGSM ကိုနှိပ်ပီးရှာပါ၊ ရှာရခက်ရင် Ctrl+F နှိပ်ပီးရှာပါ၊ ဒါဆိုရင် CGSM စာလုံးကိုတွေ့မယ် အဲ့ဒီ့စာလုံးနောက်က ဂဏန်း 15 လုံးကို ပြောင်းလိုက်ပါ၊ ပီးရင် သိမ်းလိုက်၊ ဒါ IMEI နံပါတ်ပြောင်းတာပါပဲ၊ ပြောင်းနေတဲ့ အခါမျာ emulator ကိုပိတ်ထားဖို့လိုအပ်တယ်၊ ပြောင်းပီးရင် emulator ကိုပြန်ဖွင့်ကြည့်ပါ၊ * # 0 6 # နှိပ်ပါ၊ ဒါဆိုရင်ပြောင်းလိုက်တဲ့ IMEI နံပါတ်ကို တွေ့ရမယ်၊
ဖုန်းတွေအတွက် IMEI ကိုဘယ်လိုရေးမလဲ

1. QPST version 2.7 build 323 ကို ဒေါင်းလုပ်လုပ်ပါ၊
2. ဖုန်းကို Root လုပ်ထားဖို့လိုတယ်၊
3. ဖုန်းရဲ့ နောက်က Battery မှာပါတဲ့ IMEI နံပါတ်ကိုရေးချပါ၊ (အခြားနေရာတွေလဲရှာတွေ့နိုင်တယ် ကြိုက်တဲ့နေရာက ရှာ IMEI နံပါတ်ဖြစ်ဖို့လိုတယ်)၊
4. ဖုန်းကို ဖွင့်လိုက်ပါ၊
5. ဖုန်း key ကိုဖွင့်ပီး *#22745927 ဖျောက်ထားတဲ့ ဖိုဒါတွေကိုဖွင့်ပါ၊ (ဖျောက်ထားတဲ့ ဖိုဒါတွေ Menu တွေကို ပြန်ဖော်တာ ဖုန်းအမျိုးအစား တစ်မျိုး နဲ့ တစ်မျိုး မတူဘူး)၊
6. keypad ကိုပြန်ဖွင့်ပီး *#7284# ကို နှိပ်ပီး ပေါ်လာမယ့် menu### ကနေ Qualcomm USB Setting ကိုရွေးပါ၊ ပေါ်လာမယ့် Menu ကနေ RMNET + DM + MODEM ကို ရွေးပီး Ok ကိုနှိပ်ပါ၊
7. ကွန်ပြူတာကိုဖွင့်ပီး Device Manager ကိုဖွင့်ပါ၊
8. Ports (COM & LPT) တို့ကိုရွေးပီး ဖိုင်ချဲ့ထုတ်ပါ၊ Mobile Brand နဲ့ USB Serial Port (COM10) ဆိုတဲ့ နာပါတ်ကိုမှတ်ပါ၊ COM နောက်က နံပါတ်က တူချင်မှတူမယ်၊ ကိုယ့်နံပါတ်ကိုရွေး၊
9. QPST ကိုဖွင့်ပါ၊
10. Ports ကိုရွေးပီး new port ကို Add (ထည့်ပါ)၊
11. Port နှစ်ခုလုံးကို Port ကော Port Label ထဲကောထည့်ပါ၊
12. QPST မှာ Clients ကော RF NV Item Manager ကောကို Select မှတ်ပါ၊
13. RF NV Item Manager ထဲကနေ Settings ကိုသွားပါ၊ ပီးရင် Comport ကိုရွေးပါ၊
14. File Tab အောက်က Read Supported NV RF Items တွေကိုရွေးပါ၊
15. DropDown Menu ကနေ ကိုယ့်ရဲ့ ဖုန်း port ကိုရွေးပီး Ok နှိပ်ပါ၊
16. File အောက်က Read Support NV RF Items ကိုရွေးပါ၊
17. Items List ထဲက 550 နံပါတ်ကိုရွေးပါ၊
ဒါဆိုရင် text ထည့်တဲ့ field 9 ခုကိုတွေ့လိမ့်မယ်၊ ဒီနေရာမှာ IMEI ကိုထည့်ရမှာ၊ IMEI နံပါတ်တွေကို စီထားတဲ့ ပုံက တကယ့်ကို အံ့သြဖို့ကောင်းပါတယ်၊ မတွေ့ကြုံဖူးဘဲ လုပ်ရင် အမှားတွေ့သွားနိုင်တယ်၊ ဒီတော့ အောက်က ပြောတဲ့ အတိုင်း အတိအကျလုပ်ပါ၊
အရင်ဆုံး Hexardecimal (Hex) အကွက်မှာ အမှတ်ခြစ်ထားပါ၊
ဥပမာ ပြန်ရေးချင်တဲ့ IMEI နံပါတ်က 954091051099226 လို့ဆိုကြပါစို့၊ ရေးတဲ့ အခါ စုံလိုက်ပြောင်းပြန်ပြန်ရေးရတယ်၊ ပထမနဲ့ ဒုတိယ က နဲနဲထူးတယ်၊
ပထမဆုံး text ထည့်မယ့် အကွက်ထဲမှာ 8 ကိုရေးထည့်ပါ၊
ဒုတိယ အကွက်ထဲမှာ 9a ကိုရေးထည့်ပါ၊ a က နောက်ဆုံးစာလုံးကိုညွန်းပါတယ်၊
နောက်ထက် text box ထဲမှာ 45 ကိုရေးထည့်၊ အမှန်က 54 လာတယ်၊ ဒါပေမယ့် ရေးတဲ့ အခါ စုံလိုက်ပြောင်းပြန်ရေးရမှာဖြစ်တဲ့ အတွက် 45 လို့ ရေးထည့်၊
နောက်ထက် text box ထဲမှာ 90 ကိုရေးထည့်၊ အမှန်က 09 လာတယ်၊ ဒါပေမယ့် ရေးတဲ့ အခါ စုံလိုက်ပြောင်းပြန်ရေးရမှာဖြစ်တဲ့ အတွက် 90 လို့ ရေးထည့်၊
နောက်ထက် text box ထဲမှာ 01 ကိုရေးထည့်၊ အမှန်က 10 လာတယ်၊ ဒါပေမယ့် ရေးတဲ့ အခါ စုံလိုက်ပြောင်းပြန်ရေးရမှာဖြစ်တဲ့ အတွက် 01 လို့ ရေးထည့်၊
နောက်ထက် text box ထဲမှာ 15 ကိုရေးထည့်၊ အမှန်က 51 လာတယ်၊ ဒါပေမယ့် ရေးတဲ့ အခါ စုံလိုက်ပြောင်းပြန်ရေးရမှာဖြစ်တဲ့ အတွက် 15 လို့ ရေးထည့်၊
နောက်ထက် text box ထဲမှာ 90 ကိုရေးထည့်၊ အမှန်က 09 လာတယ်၊ ဒါပေမယ့် ရေးတဲ့ အခါ စုံလိုက်ပြောင်းပြန်ရေးရမှာဖြစ်တဲ့ အတွက် 90 လို့ ရေးထည့်၊
နောက်ထက် text box ထဲမှာ 29 ကိုရေးထည့်၊ အမှန်က 92 လာတယ်၊ ဒါပေမယ့် ရေးတဲ့ အခါ စုံလိုက်ပြောင်းပြန်ရေးရမှာဖြစ်တဲ့ အတွက် 29 လို့ ရေးထည့်၊
နောက်ထက် text box ထဲမှာ 62 ကိုရေးထည့်၊ အမှန်က 26 လာတယ်၊ ဒါပေမယ့် ရေးတဲ့ အခါ စုံလိုက်ပြောင်းပြန်ရေးရမှာဖြစ်တဲ့ အတွက် 62 လို့ ရေးထည့်၊
အားလုံးရေးပီးရင် Write NV ကိုတစ်ချက်နှိပ်လိုက်၊ Phone ကို Reboot လုပ်ပါ၊ MTP + ADB mode ကိုပြန်ရောက်အောင် *7284# ကို ပြန်နှိပ်ပါ၊
အကယ်၍ COM & LPT ကိုရှာရခက်နေတယ်ဆိုရင်တော့ cmd ကနေ hdwwiz.exe ကိုရိုက်ဖွင့်ပါ၊ Hardware Wizard ကိုသွားဖို့၊ ရောက်ရင် Next ကိုနှိပ်ပီး နောက်စာမျက်နှာမှာ Install the hardware that i manually select from a list(Advance) ပါတဲ့ Radio Button မှာ Check လုပ်ပီး Next ကိုနှိပ်ပါ၊ Ports(COM & LPT ) ကိုရှာပီး ရွေးပါ၊ ပီးရင် Next နှိပ်ပီးရွေးပါ၊ ဒါဆို IMEI ပြောင်းပီးပီ
ADB အတွက် Android SDK(software development Kit ) ကိုသုံး Phone အတွက် Terminal ကိုသုံးပီး IMEI
ဖုန်းကို Root လုပ်ထားဖို့လိုတယ်၊ Root Explorer ကိုသုံးပီး EFS ဖိုဒါထဲက imei ဖိုဒါကို imei ဖိုင်ကို ပြန်ယူနိုင်ပါတယ်၊

၀န်ခံချက်
ဒီပိုစ့်မှာပါတဲ့ Java Code တွေအားလုံးက Brighter Myanmar က develop လုပ်ထားတာဖြစ်ပီး အောက်ပိုင်းက ဖုန်း IMEI ပြောင်းတဲ့ အပိုင်းကို Brighter Myanmar က Peoplearmy အဖွဲ့ကနေ လေ့လာထားတာပါ၊ ဒီပိုစ့်က ပြည့်စုံခြင်း မရှိသေးပါဘူး၊ နောက်ပိုင်း အားရင်အားသလိုပြန်ရေးပေးပါမယ်၊

ဒီပိုုစ့်ကိုု pdf ဖိုုင် အဖြစ် ဒေါင်းလုုဒ်လုုပ်လိုု ပါက အောက်ပါ လင့်တွင်း ဒေါင်းလုုပ်ရယူနုုိင်ပါသည်

http://goo.gl/oSykxQ

ကျေးဇူးပြု၍
ဒီပို့စ်ကို BrighterMyanmar အဖွဲ့ ရေးတာဖြစ်ပီး အကယ်၍ ပို့စ် မှာ အမှား ပါနေတာတွေ့ရင် ကျေးဇူးပြုပြီး brightermyanmar@gmail.com ကို ကြောင်းကြားပေးပါခင်ဗျာ၊ ကျွန်တော်တို့ သေချာ ပြန်စီစစ်ပီး ပြင်ပါ့မယ်၊


Posted By

<<  HTAR WAIE THAR  >>

Ko Ko Zaw ( BE-EC )     www.htarwaiethar.blogspot.com

Saturday, February 8, 2014

သင့်ရဲ့ဖုန်း Original စစ်မစစ် စမ်းသပ်နည်း

















သင်ဝယ်လိုက်တဲ့ ဖုန်းဟာ Quality ပြည့်ပြီး Original ဖုန်းစစ်မစစ်ကို မျက်လုံးနဲ့ ကြည့်ရုံနဲ့ မသိနိုင်ပါဘူး။ အခုခေတ်မှာ ပုံတူပွားပြီး ထုတ်ထားတဲ့ Clone ဖုန်းတွေကလည်း အများသားပဲလေ။ ဒါ့ကြောင့် ကိုယ့်ရဲ့ဖုန်းဟာ Original ဖုန်းစစ်မစစ်ကို စမ်းသပ်ကြည့်နိုင်ဖို့ ဖော်ပြပေးလိုက်ပ ါတယ််

ပထမဆုံးအနေနဲ့ *#06# ကို ရိုက်ပြီး Call လုပ်လိုက်ပါ။ အဲဒီမှာ နိုင်ငံတကာ မိုဘိုင်းဖုန်း တပ်ဆင်ခြင်းဆိုင်ရာခွင့်ပြုချက်အမှတ် (International Mobile Equipment Identity - IMEI) ဂဏန်း ၁၅ လုံး ထွက်ပေါ်လာတာကို မြင်တွေ့ ရမှာပါ။

ဥပမာ- 4 3 4 5 6 6 1 0 6 7 8 9 4 3 5

အဲဒီ ဂဏန်း ၁၅ လုံးထဲက (၇) ကြိမ်မြောက်နဲ့ (၈) ကြိမ်မြောက်ဂဏန်းဟာ-(၁) 02 (သို့မဟုတ်) 20 ဖြစ်မယ်ဆိုရင် သင့်ရဲ့ဖုန်းက တရုတ်နိုင်ငံထုတ် အနိမ့်ဆုံး Quality ရှိတဲ့ ဖုန်းတစ်လုံးဖြစ်တယ် ဆိုတာ ဖော်ပြနေတာပါပဲ။

(၂) 08 (သို့မဟုတ်) 80 ဖြစ်မယ်ဆိုရင် သင့်ရဲ့ ဖုန်းကို ဂျာမနီမှာ ထုတ်လုပ်ထားတယ်ဆိုတာ ပြသနေပါတယ်။ Quality ပိုင်းမှာတော့ အသင့်အတင့်ရှိနေပါတယ်။ အဆိုးဆုံးတော့ မဟုတ်ပါဘူး။

(၃) 01 (သို့မဟုတ်) 10 ဖြစ်မယ်ဆိုရင် သင့်ရဲ့ ဖုန်းကို ဖလင်န်နိုင်ငံမှာ ထုတ်လုပ်ထားတယ်ဆိုတာ ပြသနေပါတယ်။ Quality ပြည့်တဲ့ ဖုန်းတစ်လုံးလို့ သတ်မှတ်နိုင်ပါတယ်။

(၄) 00 ဖြစ်မယ်ဆိုရင်တော့ သင့်ရဲ့ဖုန်းက မူရင်းစက်ရုံမှာ ထုတ်လုပ်တယ်ဆိုတာကို ဖော်ပြနေပါတယ်။ အကောင်းဆုံး Quality ရှိတဲ့ဖုန်းလို့ သတ်မှတ်နိုင်မှာ ဖြစ်ပါတယ်။

(၅) 13 ဖြစ်မယ်ဆိုရင်တော့ သင့်ရဲ့ဖုန်းဟာ အဆိုးရွားဆုံး Quality ရှိတဲ့ ဖုန်းတစ်လုံးလို့ သတ်မှတ်နိုင်ပါတယ်။ အဆိုးဆုံးကတော့ အဲဒီဖုန်းဟာ သင့်ရဲ့ကျန်းမာရေး အတွက် အန္တရာယ်အရှိဆုံး ဖုန်းတစ်လုံးဖြစ်တာကြောင့် စွန့်လွှတ်ဖို့ ၀န်မလေးနေပါနဲ့။

အထက်မှာ ဖော်ပြထားတဲ့ ကိန်းဂဏန်းတွေအပြင် အခြားနိုင်ငံတွေရဲ့ ကုဒ်နံပါတ်တွေရှိပါသေးတယ်။ ဖော်ပြထားတဲ့ ကုဒ်နံပါတ်တွေက ထင်ရှားတဲ့ နံပါတ်တွေကိုပဲ ဖော်ပြထားတာဖြစ်ပါတယ်။ ဒါဆိုရင် သင့်ရဲ့ဖုန်းက Quality ပြည့်မပြည့် Original စစ်မစစ်ဆိုတာ စမ်းသပ် စစ်ဆေးနိုင်ပြီလို့ မျှော်လင့်မိပါတယ်။

Guide Magazine —



<<  HTAR WAIE THAR  >>

Ko Ko Zaw ( BE-EC )    www.htarwaiethar.blogspot.com